အိုးထရက္ဖို႔ဒ္ ပထမဆုံးသြင္းဂိုးအတြက္ မ်က္ရည္က်တဲ့အထိ ေအာင္ပြဲခံခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ ဝက္ေဟာ့စ္
|အိုးထရက္ဖို႔ဒ္ ပထမဆုံးသြင္းဂိုးအတြက္ မ်က္ရည္က်တဲ့အထိ ေအာင္ပြဲခံခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ ဝက္ေဟာ့စ္
ယေန႔မနက္ အေစာပိုင္းက ကစားခဲ့ၾကတဲ့ ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္ ရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္ေတြမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ရီးရဲလ္ဘတ္တစ္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့ပါတယ္။ လီဗာပူးလ္ကို အရွက္တကြဲ အေရးနိမ့္ခဲ့တဲ့ မန္ယူအသင္းဟာ ယခုတစ္ေခါက္ပြဲမွာ အေကာင္းဆုံး ျပန္လာႏိုင္ခဲ့ၿပီး ဒုတိယပိုင္း အေရာက္ အႏိုင္ဂိုးေတြေၾကာင့္ ယခုလို ေနာက္တစ္ေက်ာ့အတြက္ စိတ္ခ်ရႏိုင္ေလာက္တဲ့ အေနအထားတစ္ခုအထိ ပိုင္ဆိုင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
မန္ယူအသင္းအတြက္ သြင္းဂိုးေတြကို ပြဲအစ ၆ မိနစ္ကတည္းက ရက္ရွ္ဖို႔ဒ္က စတင္ သြင္းယူေပးႏိုင္ခဲ့ေပမယ့္ ဘက္တစ္အတြက္ ပီးရက္ဇ္က ၃၂ မိနစ္မွာ ျပန္လည္ ေခ်ပေပးႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ၁-၁ နဲ႔ အဆုံးသတ္ေစခဲ့ရပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ တရပ္စပ္တိုက္စစ္ဆင္မႈေတြ ျပဳလုပ္လာခဲ့တဲ့ မန္ယူအသင္းကပဲ လိုအပ္ေနတဲ့ အႏိုင္ဂိုးေတြ ဆက္တိုက္ သြင္းယူေပးခဲ့တာျဖစ္ၿပီး အန္တိုနီ၊ ဖာနန္ဒက္ဇ္၊ ဝက္ဂ္ေဟာ့စ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ယခုလို ၄-၁ ဆိုတဲ့ ရလဒ္အထိ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဒီပြဲမွာေတာ့ ယူႏိုက္တက္ကို အငွားလာေရာက္ခဲ့တဲ့ တိုက္စစ္မႈး ဝက္ေဟာ့စ့္က သရဲနီကစားသမားဘဝနဲ႔ ဒုတိယေျမာက္ဂိုး ( အိုးထရက္ဖိုဒ့္မွာ ပထမဆုံး) ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။ သူဟာ အရင္ပြဲေတြကတည္းက ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ က်ားကုတ္က်ားခဲ ႀကိဳးစားကစားတတ္မႈေၾကာင့္ မန္ယူပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ျဖစ္ခဲ့ပါတယ္။ အိမ္ကြင္းမွာ ပထမဆုံး ဂိုးသြင္းႏိုင္ခဲ့တဲ့အခ်ိန္မွာေတာ့ မ်က္ရည္က်တဲ့အထိ ေအာင္ပြဲခံခဲ့တဲ့အျပင္ နယ္သာလန္သားႀကီးဟာ ဂိုးေတြဆာေလာင္ေနၿပီး ဂိုးရသြားလို႔ အေတာ္ေလး ဝမ္းသာေနကာ ပရိသတ္ေတြကိုလည္း ႏႈတ္ဆက္ခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ ဝက္ေဟာ့စ္နဲ႔ပတ္သက္ၿပီး ရက္ဖိုဒ့္က ” တိုက္စစ္မႉးတစ္ဦးျဖစ္တာေၾကာင့္ ဝဂ္ေဟာ့က ဂိုးသြင္း ရတာကို ေပ်ာ္႐ႊင္ႏွစ္သက္တဲ့သူပါ။ သူလည္း ဒါမ်ိဳးဂိုး ေတြသြင္းယူႏိုင္ဖို႔ အလုပ္ေတြအျပင္းအထန္လုပ္ခဲ့ပါ တယ္။ ၿပီးသြားရင္ သူလိုခ်င္တဲ့သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ လို႔ အသင္းသားအားလုံးကလည္း ေက်နပ္ပီတိျဖစ္ေန ၾကပါတယ္။ “လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ အသင္းေဖာ္ ဆန္ခ်ိဳကလည္း သူ႔ရဲ႕ မိုင္ေဒးကေန တဆင့္ ဝက္ေဟာ့စ္ကို ကြန္ဂရက္က်ဴေလးရွင္း လုပ္ထားတာ ေတြ႕ရပါတယ္။
crd
unicode
အိုးထရက်ဖို့ဒ် ပထမဆုံးသွင်းဂိုးအတွက် မျက်ရည်ကျတဲ့အထိ အောင်ပွဲခံခဲ့တဲ့ ပရိသတ်အချစ်တော် ဝက်ဟော့စ်
ယနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်အသင်းက ရီးရဲလ်ဘတ်တစ်ကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။လီဗာပူးလ်ကို အရှက်တကွဲ အရေးနိမ့်ခဲ့တဲ့ မန်ယူအသင်းဟာ ယခုတစ်ခေါက်ပွဲမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ဒုတိယပိုင်း အရောက် အနိုင်ဂိုးတွေကြောင့် ယခုလို နောက်တစ်ကျော့အတွက် စိတ်ချရနိုင်လောက်တဲ့ အနေအထားတစ်ခုအထိ ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအတွက် သွင်းဂိုးတွေကို ပွဲအစ ၆ မိနစ်ကတည်းက ရက်ရှ်ဖို့ဒ်က စတင် သွင်းယူပေးနိုင်ခဲ့ပေမယ့် ဘက်တစ်အတွက် ပီးရက်ဇ်က ၃၂ မိနစ်မှာ ပြန်လည် ချေပပေးနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ၁-၁ နဲ့ အဆုံးသတ်စေခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ တရပ်စပ်တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာခဲ့တဲ့ မန်ယူအသင်းကပဲ လိုအပ်နေတဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူပေးခဲ့တာဖြစ်ပြီး အန်တိုနီ၊ ဖာနန်ဒက်ဇ်၊ ဝက်ဂ်ဟော့စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ယခုလို ၄-၁ ဆိုတဲ့ ရလဒ်အထိ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ ယူနိုက်တက်ကို အငှားလာရောက်ခဲ့တဲ့ တိုက်စစ်မှုး ဝက်ဟော့စ့်က သရဲနီကစားသမားဘဝနဲ့ ဒုတိယမြောက်ဂိုး ( အိုးထရက်ဖိုဒ့်မှာ ပထမဆုံး) ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ အရင်ပွဲတွေကတည်းက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကျားကုတ်ကျားခဲ ကြိုးစားကစားတတ်မှုကြောင့် မန်ယူပရိသတ်တွေရဲ့ အချစ်တော် ဖြစ်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့အချိန်မှာတော့ မျက်ရည်ကျတဲ့အထိ အောင်ပွဲခံခဲ့တဲ့အပြင် နယ်သာလန်သားကြီးဟာ ဂိုးတွေဆာလောင်နေပြီး ဂိုးရသွားလို့ အတော်လေး ဝမ်းသာနေကာ ပရိသတ်တွေကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဝက်ဟော့စ်နဲ့ပတ်သက်ပြီး ရက်ဖိုဒ့်က ” တိုက်စစ်မှူးတစ်ဦးဖြစ်တာကြောင့် ဝဂ်ဟော့က ဂိုးသွင်း ရတာကို ပျော်ရွှင်နှစ်သက်တဲ့သူပါ။ သူလည်း ဒါမျိုးဂိုး တွေသွင်းယူနိုင်ဖို့ အလုပ်တွေအပြင်းအထန်လုပ်ခဲ့ပါ တယ်။ ပြီးသွားရင် သူလိုချင်တဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့ လို့ အသင်းသားအားလုံးကလည်း ကျေနပ်ပီတိဖြစ်နေ ကြပါတယ်။ “လို့ ချီးကျူးခဲ့ပါတယ်။ အသင်းဖော် ဆန်ချိုကလည်း သူ့ရဲ့ မိုင်ဒေးကနေ တဆင့် ဝက်ဟော့စ်ကို ကွန်ဂရက်ကျူလေးရှင်း လုပ်ထားတာ တွေ့ရပါတယ်။
crd