အိုးထရက္ဖို႔ဒ္အတြက္လာျခင္းေကာင္းတဲ့ဘရာဇီးသားတစ္ဦးျဖစ္ေၾကာင္း မန္ခ်က္စတာဒါဘီမွာသမိုင္းသစ္ေရးထိုးျပလိုက္တဲ့ သရဲနီ အန္တိုနီ
|အိုးထရက္ဖို႔ဒ္အတြက္လာျခင္းေကာင္းတဲ့ဘရာဇီးသားတစ္ဦးျဖစ္ေၾကာင္း မန္ခ်က္စတာဒါဘီမွာသမိုင္းသစ္ေရးထိုးျပလိုက္တဲ့ သရဲနီ အန္တိုနီ
မေန႔က မန္စီးတီးနဲ႔ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္တို႔ (၆-၃)ဂိုးနဲ႔ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီး ေတာင္ပံတိုက္စစ္ကစားသမားအန္တိုနီက အသင္းအတြက္ ေခ်ပဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ အခုပြဲက အန္တိုနီအတြက္ ပရီးမီးယားလိဂ္ ဒုတိယေျမာက္ပြဲထြက္ကစားခြင့္ရခဲ့တာျဖစ္ၿပီး ပုံစံေကာင္းမျပသႏိုင္ေပမယ့္ (၅၆)မိနစ္မွာ လွပတဲ့ အေဝးကန္ခ်က္နဲ႔ ေခ်ပဂိုးသြင္းခဲ့တာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ အန္တိုနီဟာ မန္ခ်က္စတာဒါဘီပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံး ဘရာဇီးလ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ယူႏိုက္တက္သမိုင္းတစ္ေလွ်ာက္ အသင္းမွာကစားခဲ့တဲ့ ဘရာဇီးလ္ကစားသမား အေရအတြက္က စုစုေပါင္း(၁၀)ဦးသာရွိၿပီး နာမည္ေက်ာ္ကြင္းလယ္လူေဟာင္း ကလီဘာဆင္ဟာ ယူႏိုက္တက္အသင္းရဲ႕ ပထမဆုံးဘရာဇီးလ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ကစားသမားေဟာင္းေတြျဖစ္တဲ့ အန္ဒါဆင္၊ ပိုဆီဘြန္၊ ရာေဖးလ္၊ ေဖဘီယို၊ ပါရဲရားတို႔ဟာလည္း ယူႏိုက္တက္မွာကစားခဲ့ဖူးၿပီး လက္ရွိ ဘရာဇီးလ္ကစားသမားေတြကေတာ့ ဖရက္ဒ္၊ တဲလက္စ္(ဆီဗီလာ-အငွား)၊ ကတ္စ္မဲ႐ိုး၊အန္တိုနီတို႔ပဲျဖစ္ပါတယ္။
အန္တိုနီမတိုင္ခင္က ယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္ကစားသမားေတြဟာ ပရီးမီးယားလိဂ္ပြဲအျဖစ္ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ဘဲ အခု အန္တိုနီက ပထမဆုံးဂိုးသြင္းခဲ့တာပါ။ အန္တိုနီဟာ ၿပီးခဲ့တဲ့လက အာဆင္နယ္ကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ကစားသမားဘ၀ပြဲဦးထြက္ခြင့္ရခဲ့ၿပီး ဂိုးသြင္းခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္မွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးဘရာဇီးလ္ကစားသမား၊ အသက္(၂၂)ႏွစ္၊ (၁၉၂)ရက္နဲ႔ ပရီးမီးယားလိဂ္သမိုင္းမွာ ပြဲဦးထြက္ဂိုးသြင္းခဲ့တဲ့ အသက္အငယ္ဆုံးဘရာဇီးလ္ကစားသမားစတဲ့ စံခ်ိန္ေတြပိုင္ဆိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကမွ ေအဂ်က္စ္ကေန ေပါင္(၈၅.၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ အန္တိုနီဟာ ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံ(၄)ပြဲသာကစားၿပီးခ်ိန္မွာပဲ (၂)ဂိုးသြင္းယူခဲ့ၿပီး အာဆင္နယ္နဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ စက္တင္ဘာလရဲ႕ ယူႏိုက္တက္(၁)လတာ အေကာင္းဆုံးသြင္းဂိုးဆုကိုလည္း မၾကာေသးခင္က ရရွိခဲ့ပါတယ္။
crd
unicode
အိုးထရက်ဖို့ဒ်အတွက်လာခြင်းကောင်းတဲ့ဘရာဇီးသားတစ်ဦးဖြစ်ကြောင်း မန်ချက်စတာဒါဘီမှာသမိုင်းသစ်ရေးထိုးပြလိုက်တဲ့ သရဲနီ အန်တိုနီ
မနေ့က မန်စီးတီးနဲ့ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်ချက်စတာယူနိုက်တက်တို့ (၆-၃)ဂိုးနဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး တောင်ပံတိုက်စစ်ကစားသမားအန်တိုနီက အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခုပွဲက အန်တိုနီအတွက် ပရီးမီးယားလိဂ် ဒုတိယမြောက်ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပြီး ပုံစံကောင်းမပြသနိုင်ပေမယ့် (၅၆)မိနစ်မှာ လှပတဲ့ အဝေးကန်ချက်နဲ့ ချေပဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် အန်တိုနီဟာ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်သမိုင်းတစ်လျှောက် အသင်းမှာကစားခဲ့တဲ့ ဘရာဇီးလ်ကစားသမား အရေအတွက်က စုစုပေါင်း(၁၀)ဦးသာရှိပြီး နာမည်ကျော်ကွင်းလယ်လူဟောင်း ကလီဘာဆင်ဟာ ယူနိုက်တက်အသင်းရဲ့ ပထမဆုံးဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဟောင်းတွေဖြစ်တဲ့ အန်ဒါဆင်၊ ပိုဆီဘွန်၊ ရာဖေးလ်၊ ဖေဘီယို၊ ပါရဲရားတို့ဟာလည်း ယူနိုက်တက်မှာကစားခဲ့ဖူးပြီး လက်ရှိ ဘရာဇီးလ်ကစားသမားတွေကတော့ ဖရက်ဒ်၊ တဲလက်စ်(ဆီဗီလာ-အငှား)၊ ကတ်စ်မဲရိုး၊အန်တိုနီတို့ပဲဖြစ်ပါတယ်။
အန်တိုနီမတိုင်ခင်က ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်ကစားသမားတွေဟာ ပရီးမီးယားလိဂ်ပွဲအဖြစ်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ အခု အန်တိုနီက ပထမဆုံးဂိုးသွင်းခဲ့တာပါ။ အန်တိုနီဟာ ပြီးခဲ့တဲ့လက အာဆင်နယ်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ပွဲဦးထွက်ခွင့်ရခဲ့ပြီး ဂိုးသွင်းခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးဘရာဇီးလ်ကစားသမား၊ အသက်(၂၂)နှစ်၊ (၁၉၂)ရက်နဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲဦးထွက်ဂိုးသွင်းခဲ့တဲ့ အသက်အငယ်ဆုံးဘရာဇီးလ်ကစားသမားစတဲ့ စံချိန်တွေပိုင်ဆိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ အေဂျက်စ်ကနေ ပေါင်(၈၅.၅)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ အန်တိုနီဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၄)ပွဲသာကစားပြီးချိန်မှာပဲ (၂)ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် စက်တင်ဘာလရဲ့ ယူနိုက်တက်(၁)လတာ အကောင်းဆုံးသွင်းဂိုးဆုကိုလည်း မကြာသေးခင်က ရရှိခဲ့ပါတယ်။