အိုးထရက္ဖို႔ဒ္ရႈံးပြဲမွယူႏိုက္တက္ကစားသမားသုံးဦးကိုအမႊမ္းတင္ခ်ီးက်ဴးလိုက္တဲ့ ဝက္စ္ဟမ္းတိုက္စစ္မႉး အန္တိုနီယို

ဝက္စ္ဟမ္းယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြ​ေန႔တုန္းက အိုးလ္ထရပ္ဖို႔ဒ္ ကြင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ ရင္ဆိုင္ ကစားခဲ့ရၿပီး 1 – 0 ဆိုတဲ့ ရလဒ္္နဲ႔ အေဝးကြင္း ရႈံးပြဲ ႀကဳံေတြ႕သြားခဲ့ရပါတယ္ ။ ဒီပြဲမွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ပြဲခ်ိန္ ပထမပိုင္းမွာ ပိုေကာင္းခဲ့ၿပီး 38 မိနစ္မွာ သြင္းယူခဲ့တဲ့ မားကပ္စ္ ရပ္ရွ္ဖို႔ ရဲ႕ ေခါင္းတိုက္ဂိုးေၾကာင့္ ပြဲစဥ္ကို ဦးေဆာင္ သြားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္ ။ အဲ့ဒီေနာက္ ပြဲခ်ိန္ ဒုတိယပိုင္းမွာ ဝက္စ္ဟမ္းက ပိုေကာင္္းတဲ့ အသင္း ျဖစ္ႏိုင္ခဲ့ၿပီး ေကာင္းမြန္တဲ့ ဂိုးေပါက္ ၿခိမ္းေျခာက္္မႈေတြကို လုပ္ျပသြားႏိုင္ခဲ့ေပမဲ့ ယူႏိုက္တက္ ခံစစ္္ နဲ႔ ဒီဂီယာ တို႔ကို မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး ။

ဒါ့ေၾကာင့္ ဒီပြဲဟာ 1 – 0 ဆိုတဲ့ ရလဒ္နဲ႔သာ ၿပီးဆုံးသြားခဲ့ရတာ ျဖစ္ၿပီး ဝက္စ္ဟမ္း တို႔ဟာ အမွတ္ဗလာ နဲ႔ အိမ္ျပန္ခဲ့ရပါတယ္ ။ ဒီပြဲမွာေတာ့ ဝက္စ္ဟမ္း အသင္းရဲ႕ တိုက္စစ္္မႉး အန္တိုနီ ဟာ ပြဲခ်ိန္ 57 မိနစ္မွာ လူစားဝင္ ကစားခြင့္ ရရွိခဲ့ပါတယ္ ။ အခုေတာ့ ဝက္စ္ဟမ္း တိုက္စစ္မႉးက ဒီပြဲမွာ ၿပိဳင္ဖက္ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဖက္မွ တိုက္စစ္မႉး မားကပ္စ္ ရပ္ရွ္ဖို႔ ၊ ေနာက္ခံလူ ဟယ္ရီ မက္ဂြားယား နဲ႔ ဂိုးသမား ေဒးဗစ္ ဒီဂီယာ တို႔ကို ခ်ီးက်ဴး သြားခဲ့လိုက္ပါတယ္ ။

” ဒီပြဲကေန ကြၽန္ေတာ္တို႔ တစ္စုံတစ္ခု ရရွိႏိုင္ခဲ့သင့္ပါတယ္ ။ ဒါေပမဲ့ ဒါဟာ ေဘာလုံးပဲေလ ။ ကြၽန္ေတာ္တို႔ဟာ အခြင့္အေရးေကာင္းေတြ အမ်ားႀကီး ပိုင္ဆိုင္ထားခဲ့ၾကပါတယ္ ။ ဒါေပမဲ့ ေဒးဗစ္ ဒီဂီယာ ဟာ on fire ျဖစ္ေနခဲ့တယ္ေလ ” ” ၿပီးေတာ့ ဟယ္ရီ မက္ဂြားယား ကလည္း အၿမဲတမ္းလို အသင့္ရွိေနခဲ့ပါတယ္ ။ သူဟာ ရာေဖးလ္ ဗာရန္း ဒဏ္ရာရသြားလို႔ ပြဲထြက္ ကစားခြင့္ ရရွိခဲ့တာပါ ။ ဒါေပမဲ့ တနဂ္ေႏြေန႔မွာ သူ အေကာင္းဆုံး ကစားျပသြားႏိုင္ခဲ့ပါတယ္ ” ” ဇူးမားရဲ႕ အလုံးကို ဒီဂီယာ ပုတ္ထုတ္ ကာကြယ္လိုက္ခ်ိန္မွာ ကြၽန္ေတာ္ဟာ ေအာင္ပြဲခံလုနီးပါးေတာင္ ျဖစ္ခဲ့ရပါတယ္ ။ သူ အဲ့လိုလုပ္ျပႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ခဲ့ဘူးေလ ။ သူဟာ တကယ့္ကို on fire ျဖစ္ေနခဲ့တာပါ ”

” ဒီပြဲအတြက္ ဒီဂီယာကို တကယ္ပဲ ခ်ီးက်ဴးမိပါတယ္ ။ သူဟာ ေၾကာင္တစ္ေကာင္လို လြတ္လပ္ေပါ့ပါးေနခဲ့တာပါ ။ ရပ္ရွ္ဖို႔ ဟာ အရည္အေသြးေကာင္း ပိုင္ဆိုင္ထားသူ တစ္ဦး ျဖစ္ၿပီး သူ ဘယ္ေလာက္ ေကာင္းသလဲဆိုတာကို ခင္ဗ်ားတို႔လည္း သိၾကမွာပါ ” ” ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကေတာ့ သူဟာ အေကာင္းဆုံး ပုံစံ မျပႏိုင္ခဲ့ပါဘူး ။ ဒါေပမဲ့ သူ႔ရဲ႕ အရည္အေသြးကို ခင္္ဗ်ားတို႔ ျမင္ခဲ့ၾကမွာပါ ။ သူ႔ကို ကမာၻ႔ ဖလား ၿပိဳင္ံပြဲဆီ မေခၚသြားလို႔ မရႏိုင္ပါဘူး ။ ကြၽန္ေတာ္သာဆို သူ႔ကို ဘယ္ေတာင္ပံ အျဖစ္ ေခၚသြားမွာပါ ” ” သူအဲ့လိုကစားရင္ အခြင့္အေရးဖန္တီးႏိုင္ၿပီး ေဘာလုံးကို အထဲခ်ိဳးဝင္ ဂိုးသြင္းယူေပးႏိုင္ပါတယ္ ။ သူအဲ့တာကို အေကာင္းဆုံး လုပ္ျပႏိုင္ရင္ အရန္လူမဟုတ္ဘူး၊ ပြဲထြက္ခြင့္ေတာင္ ရရွိႏိုင္ပါတယ္ ” လို႔ အန္တိုနီယိုက အမႊမ္းတင္ လိုက္တာပဲ ျဖစ္ပါတယ္ ။
crd

unicode

အိုးထရက်ဖို့ဒ်ရှုံးပွဲမှယူနိုက်တက်ကစားသမားသုံးဦးကိုအမွှမ်းတင်ချီးကျူးလိုက်တဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယို

ဝက်စ်ဟမ်းယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ​နေ့တုန်းက အိုးလ်ထရပ်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ််နဲ့ အဝေးကွင်း ရှုံးပွဲ ကြုံတွေ့သွားခဲ့ရပါတယ် ။ ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲချိန် ပထမပိုင်းမှာ ပိုကောင်းခဲ့ပြီး 38 မိနစ်မှာ သွင်းယူခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ ခေါင်းတိုက်ဂိုးကြောင့် ပွဲစဥ်ကို ဦးဆောင် သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းက ပိုကောင််းတဲ့ အသင်း ဖြစ်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက််မှုတွေကို လုပ်ပြသွားနိုင်ခဲ့ပေမဲ့ ယူနိုက်တက် ခံစစ်် နဲ့ ဒီဂီယာ တို့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး ။

ဒါ့ကြောင့် ဒီပွဲဟာ 1 – 0 ဆိုတဲ့ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ရတာ ဖြစ်ပြီး ဝက်စ်ဟမ်း တို့ဟာ အမှတ်ဗလာ နဲ့ အိမ်ပြန်ခဲ့ရပါတယ် ။ ဒီပွဲမှာတော့ ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ််မှူး အန်တိုနီ ဟာ ပွဲချိန် 57 မိနစ်မှာ လူစားဝင် ကစားခွင့် ရရှိခဲ့ပါတယ် ။ အခုတော့ ဝက်စ်ဟမ်း တိုက်စစ်မှူးက ဒီပွဲမှာ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ ၊ နောက်ခံလူ ဟယ်ရီ မက်ဂွားယား နဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ တို့ကို ချီးကျူး သွားခဲ့လိုက်ပါတယ် ။

” ဒီပွဲကနေ ကျွန်တော်တို့ တစ်စုံတစ်ခု ရရှိနိုင်ခဲ့သင့်ပါတယ် ။ ဒါပေမဲ့ ဒါဟာ ဘောလုံးပဲလေ ။ ကျွန်တော်တို့ဟာ အခွင့်အရေးကောင်းတွေ အများကြီး ပိုင်ဆိုင်ထားခဲ့ကြပါတယ် ။ ဒါပေမဲ့ ဒေးဗစ် ဒီဂီယာ ဟာ on fire ဖြစ်နေခဲ့တယ်လေ ” ” ပြီးတော့ ဟယ်ရီ မက်ဂွားယား ကလည်း အမြဲတမ်းလို အသင့်ရှိနေခဲ့ပါတယ် ။ သူဟာ ရာဖေးလ် ဗာရန်း ဒဏ်ရာရသွားလို့ ပွဲထွက် ကစားခွင့် ရရှိခဲ့တာပါ ။ ဒါပေမဲ့ တနဂ်နွေနေ့မှာ သူ အကောင်းဆုံး ကစားပြသွားနိုင်ခဲ့ပါတယ် ” ” ဇူးမားရဲ့ အလုံးကို ဒီဂီယာ ပုတ်ထုတ် ကာကွယ်လိုက်ချိန်မှာ ကျွန်တော်ဟာ အောင်ပွဲခံလုနီးပါးတောင် ဖြစ်ခဲ့ရပါတယ် ။ သူ အဲ့လိုလုပ်ပြနိုင်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူးလေ ။ သူဟာ တကယ့်ကို on fire ဖြစ်နေခဲ့တာပါ ”

” ဒီပွဲအတွက် ဒီဂီယာကို တကယ်ပဲ ချီးကျူးမိပါတယ် ။ သူဟာ ကြောင်တစ်ကောင်လို လွတ်လပ်ပေါ့ပါးနေခဲ့တာပါ ။ ရပ်ရှ်ဖို့ ဟာ အရည်အသွေးကောင်း ပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ပြီး သူ ဘယ်လောက် ကောင်းသလဲဆိုတာကို ခင်ဗျားတို့လည်း သိကြမှာပါ ” ” ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတော့ သူဟာ အကောင်းဆုံး ပုံစံ မပြနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ အရည်အသွေးကို ခင််ဗျားတို့ မြင်ခဲ့ကြမှာပါ ။ သူ့ကို ကမ္ဘာ့ ဖလား ပြိုင်ံပွဲဆီ မခေါ်သွားလို့ မရနိုင်ပါဘူး ။ ကျွန်တော်သာဆို သူ့ကို ဘယ်တောင်ပံ အဖြစ် ခေါ်သွားမှာပါ ” ” သူအဲ့လိုကစားရင် အခွင့်အရေးဖန်တီးနိုင်ပြီး ဘောလုံးကို အထဲချိုးဝင် ဂိုးသွင်းယူပေးနိုင်ပါတယ် ။ သူအဲ့တာကို အကောင်းဆုံး လုပ်ပြနိုင်ရင် အရန်လူမဟုတ်ဘူး၊ ပွဲထွက်ခွင့်တောင် ရရှိနိုင်ပါတယ် ” လို့ အန်တိုနီယိုက အမွှမ်းတင် လိုက်တာပဲ ဖြစ်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *