အိုးထရက္ဖို႔ဒ္ရပ္ဝန္းမွာ တန္ဟဂ္ဖန္တီးသြားဖို႔ရွိေနတဲ့ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္အတြဲ

အိုးထရက္ဖို႔ဒ္ရပ္ဝန္းမွာ တန္ဟဂ္ဖန္တီးသြားဖို႔ရွိေနတဲ့ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္အတြဲ

မန္ယူႏိုက္တဒ္ကို တဆင့္ျမႇင့္တင္ႏိုင္ဖို႔ဆိုရင္ တန္ဟဂ္အေနနဲ႔ လူစာရင္းကို ႀကီးႀကီးမားမား ျပဳျပင္ေျပာင္းလဲႏိုင္ရန္ လိုအပ္ၿပီး လာမယ့္ေႏြမွာေတာ့ ေနာက္ထပ္ေျခလွမ္းတစ္ခုအျဖစ္ ကြင္းလယ္ကို ျပဳျပင္ဖို႔စတင္ျပဳလုပ္ေနၿပီပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြမွာ ကတ္စမဲ႐ိုးကို ေခၚယူခဲ့ၿပီးေနာက္ တန္ဟဂ္က ေဆာင္းေဈးကြက္အတြင္း ဆဘစ္ဇာကို ထပ္မံေခၚယူခဲ့သလို လာမယ့္ေႏြမွာ ေနာက္ထပ္ ကမာၻ႔အဆင့္ ကြင္းလယ္လူတစ္ဦးကို ေခၚယူလိုေနပါေသးတယ္။

 

ယူႏိုက္တဒ္ အေနနဲ႔ ကတ္စမဲ႐ို လို ကမာၻ႔အေကာင္းဆုံး နံပတ္(၆)တစ္ဦးကို ပိုင္ဆိုင္ထားခ်ိန္မွာ ကမာၻ႔အဆင့္ နံပတ္(၈)ေနရာကစားႏိုင္တဲ့ ကြင္းလယ္လူတစ္ဦးေခၚယူလိုေနတာ ျဖစ္ၿပီး ဘာစီလိုနာ ရဲ႕ ဒီေဂ်ာင္က ဦးစားေပး ပစ္မွတ္အျဖစ္ ရွိေနပါတယ္ ။ ဒီေဂ်ာင္ ရဲ႕ ေဘာလုံးလုယူႏိုင္မႈ၊ ကစားကြက္ တည္ေဆာက္မႈအတြင္း ပါဝင္ႏိုင္မႈ၊ ျဖန႔္ေဝႏိုင္စြမ္းနဲ႔ ေဘာလုံးနဲ႔အတူ သယ္ယူေျပးဆြဲႏိုင္မႈေတြက ထိပ္တန္းအဆင့္မွာ ရွိေနတာကို ဒီရာသီ ယူ႐ိုပါလိဂ္မွာ ေတြ႕ဆုံခဲ့တဲ့ ႏွစ္ေက်ာ့လုံးက သက္ေသျပေနပါတယ္။

 

ယူႏိုက္တဒ္ ကြင္းလယ္ မွာ ေဘာလုံးဆြဲေျပးႏိုင္တဲ့ ကစားသမား မရွိတာေၾကာင့္လည္း ဒီေဂ်ာင္က အလိုအပ္ဆုံးေသာ ကြင္းလယ္လူ ျဖစ္လာခဲ့ၿပီး ကတ္စမဲ႐ိုး၊ဘ႐ူႏို တို႔ နဲ႔ တြဲဖက္ႏိုင္ခဲ့ရင္ ယူႏိုက္တဒ္ ကြင္းလယ္က လက္ရွိ ဥေရာပရဲ႕ အေကာင္းဆုံး ကြင္းလယ္အစုအဖြဲ႕ ျဖစ္လာပါလိမ့္မယ္။ ကတ္စမဲ႐ိုးဟာ ကြင္းလယ္အဖ်က္နဲ႔ ထိန္းခ်ဳပ္မႈေကာင္းၿပီး ဒီေဂ်ာင္က ေဘာလုံး လက္ခံတာ၊ ဆြဲယူတာေတြမွာ ထူးခြၽန္သလို ဘ႐ူႏိုက ျဖန႔္ေဝတာနဲ႔ တိုက္စစ္မႈအပိုင္းမွာ စိတ္ခ်ရလို႔ လိဂ္ရဲ႕ အေတာင့္တင္းဆုံးေသာ ကြင္းလယ္စုဖြဲ႕မႈလို႔ဆိုလို႔ရပါတယ္။

 

ဒီေဂ်ာင္က လည္း မန္ယူႏိုက္တဒ္နဲ႔ ရင္ဆိုင္ကစားခဲ့ၿပီးေနာက္ ကတ္စမဲ႐ိုးနဲ႔ အတူတကြ ေဆာ့ရမယ့္အေပၚ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြကဆိုပါတယ္။ ဒီေဂ်ာင္ အေနနဲ႔ လာမယ့္ေႏြမွာ ဘာစီလိုနာကေန ထြက္ခြာခဲ့ရင္ ဆရာေဟာင္းရွိရာ မန္ခ်က္စတာကိုသာ ေျပာင္းေ႐ႊ႕လိုၿပီး တန္ဟဂ္ကလည္း ဒီေဂ်ာင္ကို လာမယ့္ေႏြမွာ အဓိက ေခၚယူမႈအျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ မန္ယူႏိုက္တဒ္အေနနဲ႔ ဒီေဂ်ာင္ကို ေခၚယူဖို႔ဆိုရင္ ယူ႐ို(၈၅)သန္းထက္ မနည္းတဲ့ ပမာဏကို ေပးေခ်ရဖြယ္ရွိၿပီး ၿပီးခဲ့တဲ့ေႏြက မၿပီးခဲ့တဲ့ဇာတ္လမ္းကို အဆုံးသတ္ႏိုင္ဖို႔ ေနာက္တစ္ႀကိမ္ႀကိဳးစားလာဖြယ္ရွိေနပါတယ္။
crd

unicode

အိုးထရက်ဖို့ဒ်ရပ်ဝန်းမှာ တန်ဟဂ်ဖန်တီးသွားဖို့ရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အတွဲ

မန်ယူနိုက်တဒ်ကို တဆင့်မြှင့်တင်နိုင်ဖို့ဆိုရင် တန်ဟဂ်အနေနဲ့ လူစာရင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲနိုင်ရန် လိုအပ်ပြီး လာမယ့်နွေမှာတော့ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ကွင်းလယ်ကို ပြုပြင်ဖို့စတင်ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေမှာ ကတ်စမဲရိုးကို ခေါ်ယူခဲ့ပြီးနောက် တန်ဟဂ်က ဆောင်းဈေးကွက်အတွင်း ဆဘစ်ဇာကို ထပ်မံခေါ်ယူခဲ့သလို လာမယ့်နွေမှာ နောက်ထပ် ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ဦးကို ခေါ်ယူလိုနေပါသေးတယ်။

ယူနိုက်တဒ် အနေနဲ့ ကတ်စမဲရို လို ကမ္ဘာ့အကောင်းဆုံး နံပတ်(၆)တစ်ဦးကို ပိုင်ဆိုင်ထားချိန်မှာ ကမ္ဘာ့အဆင့် နံပတ်(၈)နေရာကစားနိုင်တဲ့ ကွင်းလယ်လူတစ်ဦးခေါ်ယူလိုနေတာ ဖြစ်ပြီး ဘာစီလိုနာ ရဲ့ ဒီဂျောင်က ဦးစားပေး ပစ်မှတ်အဖြစ် ရှိနေပါတယ် ။ ဒီဂျောင် ရဲ့ ဘောလုံးလုယူနိုင်မှု၊ ကစားကွက် တည်ဆောက်မှုအတွင်း ပါဝင်နိုင်မှု၊ ဖြန့်ဝေနိုင်စွမ်းနဲ့ ဘောလုံးနဲ့အတူ သယ်ယူပြေးဆွဲနိုင်မှုတွေက ထိပ်တန်းအဆင့်မှာ ရှိနေတာကို ဒီရာသီ ယူရိုပါလိဂ်မှာ တွေ့ဆုံခဲ့တဲ့ နှစ်ကျော့လုံးက သက်သေပြနေပါတယ်။

ယူနိုက်တဒ် ကွင်းလယ် မှာ ဘောလုံးဆွဲပြေးနိုင်တဲ့ ကစားသမား မရှိတာကြောင့်လည်း ဒီဂျောင်က အလိုအပ်ဆုံးသော ကွင်းလယ်လူ ဖြစ်လာခဲ့ပြီး ကတ်စမဲရိုး၊ဘရူနို တို့ နဲ့ တွဲဖက်နိုင်ခဲ့ရင် ယူနိုက်တဒ် ကွင်းလယ်က လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်အစုအဖွဲ့ ဖြစ်လာပါလိမ့်မယ်။ ကတ်စမဲရိုးဟာ ကွင်းလယ်အဖျက်နဲ့ ထိန်းချုပ်မှုကောင်းပြီး ဒီဂျောင်က ဘောလုံး လက်ခံတာ၊ ဆွဲယူတာတွေမှာ ထူးချွန်သလို ဘရူနိုက ဖြန့်ဝေတာနဲ့ တိုက်စစ်မှုအပိုင်းမှာ စိတ်ချရလို့ လိဂ်ရဲ့ အတောင့်တင်းဆုံးသော ကွင်းလယ်စုဖွဲ့မှုလို့ဆိုလို့ရပါတယ်။

ဒီဂျောင်က လည်း မန်ယူနိုက်တဒ်နဲ့ ရင်ဆိုင်ကစားခဲ့ပြီးနောက် ကတ်စမဲရိုးနဲ့ အတူတကွ ဆော့ရမယ့်အပေါ် စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒီဂျောင် အနေနဲ့ လာမယ့်နွေမှာ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရင် ဆရာဟောင်းရှိရာ မန်ချက်စတာကိုသာ ပြောင်းရွှေ့လိုပြီး
တန်ဟဂ်ကလည်း ဒီဂျောင်ကို လာမယ့်နွေမှာ အဓိက ခေါ်ယူမှုအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မန်ယူနိုက်တဒ်အနေနဲ့ ဒီဂျောင်ကို ခေါ်ယူဖို့ဆိုရင် ယူရို(၈၅)သန်းထက် မနည်းတဲ့ ပမာဏကို ပေးချေရဖွယ်ရှိပြီး ပြီးခဲ့တဲ့နွေက မပြီးခဲ့တဲ့ဇာတ်လမ်းကို အဆုံးသတ်နိုင်ဖို့ နောက်တစ်ကြိမ်ကြိုးစားလာဖွယ်ရှိနေပါတယ်။
crd

အိုးထရက်ဖို့ဒ်ရပ်ဝန်းမှာ တန်ဟဂ်ဖန်တီးသွားဖို့ရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အတွဲ

မန်ယူနိုက်တဒ်ကို တဆင့်မြှင့်တင်နိုင်ဖို့ဆိုရင် တန်ဟဂ်အနေနဲ့ လူစာရင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲနိုင်ရန် လိုအပ်ပြီး လာမယ့်နွေမှာတော့ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ကွင်းလယ်ကို ပြုပြင်ဖို့စတင်ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေမှာ ကတ်စမဲရိုးကို ခေါ်ယူခဲ့ပြီးနောက် တန်ဟဂ်က ဆောင်းဈေးကွက်အတွင်း ဆဘစ်ဇာကို ထပ်မံခေါ်ယူခဲ့သလို လာမယ့်နွေမှာ နောက်ထပ် ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ဦးကို ခေါ်ယူလိုနေပါသေးတယ်။

ယူနိုက်တဒ် အနေနဲ့ ကတ်စမဲရို လို ကမ္ဘာ့အကောင်းဆုံး နံပတ်(၆)တစ်ဦးကို ပိုင်ဆိုင်ထားချိန်မှာ ကမ္ဘာ့အဆင့် နံပတ်(၈)နေရာကစားနိုင်တဲ့ ကွင်းလယ်လူတစ်ဦးခေါ်ယူလိုနေတာ ဖြစ်ပြီး ဘာစီလိုနာ ရဲ့ ဒီဂျောင်က ဦးစားပေး ပစ်မှတ်အဖြစ် ရှိနေပါတယ် ။ ဒီဂျောင် ရဲ့ ဘောလုံးလုယူနိုင်မှု၊ ကစားကွက် တည်ဆောက်မှုအတွင်း ပါဝင်နိုင်မှု၊ ဖြန့်ဝေနိုင်စွမ်းနဲ့ ဘောလုံးနဲ့အတူ သယ်ယူပြေးဆွဲနိုင်မှုတွေက ထိပ်တန်းအဆင့်မှာ ရှိနေတာကို ဒီရာသီ ယူရိုပါလိဂ်မှာ တွေ့ဆုံခဲ့တဲ့ နှစ်ကျော့လုံးက သက်သေပြနေပါတယ်။

ယူနိုက်တဒ် ကွင်းလယ် မှာ ဘောလုံးဆွဲပြေးနိုင်တဲ့ ကစားသမား မရှိတာကြောင့်လည်း ဒီဂျောင်က အလိုအပ်ဆုံးသော ကွင်းလယ်လူ ဖြစ်လာခဲ့ပြီး ကတ်စမဲရိုး၊ဘရူနို တို့ နဲ့ တွဲဖက်နိုင်ခဲ့ရင် ယူနိုက်တဒ် ကွင်းလယ်က လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်အစုအဖွဲ့ ဖြစ်လာပါလိမ့်မယ်။ ကတ်စမဲရိုးဟာ ကွင်းလယ်အဖျက်နဲ့ ထိန်းချုပ်မှုကောင်းပြီး ဒီဂျောင်က ဘောလုံး လက်ခံတာ၊ ဆွဲယူတာတွေမှာ ထူးချွန်သလို ဘရူနိုက ဖြန့်ဝေတာနဲ့ တိုက်စစ်မှုအပိုင်းမှာ စိတ်ချရလို့ လိဂ်ရဲ့ အတောင့်တင်းဆုံးသော ကွင်းလယ်စုဖွဲ့မှုလို့ဆိုလို့ရပါတယ်။

ဒီဂျောင်က လည်း မန်ယူနိုက်တဒ်နဲ့ ရင်ဆိုင်ကစားခဲ့ပြီးနောက် ကတ်စမဲရိုးနဲ့ အတူတကွ ဆော့ရမယ့်အပေါ် စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒီဂျောင် အနေနဲ့ လာမယ့်နွေမှာ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရင် ဆရာဟောင်းရှိရာ မန်ချက်စတာကိုသာ ပြောင်းရွှေ့လိုပြီး တန်ဟဂ်ကလည်း ဒီဂျောင်ကို လာမယ့်နွေမှာ အဓိက ခေါ်ယူမှုအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မန်ယူနိုက်တဒ်အနေနဲ့ ဒီဂျောင်ကို ခေါ်ယူဖို့ဆိုရင် ယူရို(၈၅)သန်းထက် မနည်းတဲ့ ပမာဏကို ပေးချေရဖွယ်ရှိပြီး ပြီးခဲ့တဲ့နွေက မပြီးခဲ့တဲ့ဇာတ်လမ်းကို အဆုံးသတ်နိုင်ဖို့ နောက်တစ်ကြိမ်ကြိုးစားလာဖွယ်ရှိနေပါတယ်။
crd

 

 

 

 

Add a Comment

Your email address will not be published. Required fields are marked *