



crd

unicode

အိုးထရက်ဖို့ဒ်မှာ တန်ဟဂ်ရဲ့သက်ရောက်မှုကသူ့ကိုဘယ်လိုအထင်ကြီးစေခဲ့သလဲဆိုတာရှင်းပြလိုက်တဲ့ သရဲနီဟောင်း အီဗရာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်ခြမ်းခံစစ်ကစားသမားဟောင်းဖြစ်သူ ပက်ထရစ် အီဗရာက မန်ယူအသင်းဟာ နည်းပြ အဲရစ် တန်ဟန့်ရဲ့ လက်အောက် ဒီရာသီမှာ တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ ယုံကြည်နေပြီး၊ အိုးထရက်ဖို့ဒ်မှာ တန်ဟန့်ရဲ့ သက်ရောက်မှုက သူ့ကို အထင်ကြီး‌စေခဲ့ပြီးဖြစ်ကြောင်း ပြောဆိုလာပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံးကစားထားခဲ့တဲ့ ခြေစမ်းပွဲသုံးပွဲမှာ နိုင်ပွဲမရရှိခဲ့ပေမယ့်၊ ရာသီကြိုကာလအတွင်း ကစားခဲ့တဲ့ပွဲတွေရဲ့ တစ်ဝက်ကျော်ကို အနိုင်ရခဲ့တာကြောင့် မန်ယူအသင်းအတွက်တော့ အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ အဆင့်လေးအတွင်းဝင်ဖို့အတွက် အရည်အချင်းရှိတဲ့ ပြိုင်ဘက်အသင်းတွေရဲ့ ယှဉ်ပြိုင်မှုနဲ့ ကြုံရနိုင်ပေမယ့် အီဗရာက မန်ယူအသင်းမှာ မျှော်လင့်ချက်ရှိတယ်လို့ ယုံကြည်နေပြီး ကစားသမားတွေဟာ သူတို့ရဲ့ အခန်းကဏ္ဍကို သိနေတာကို မြင်နေရတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ယူနိုက်တက်အသင်းက တန်ဟန့်နဲ့ဆိုရင် မျှော်လင့်ချက်ရှိတယ်လို့ ထင်ပါတယ်။ နောက်ဆုံးတော့ ကစားသမားတွေဟာ သူတို့ ဘာလုပ်ရမလဲ‌ဆိုတာကို အတိအကျသိနေတာကို ကျွန်တော် မြင်နေရပါတယ်။ သူတို့မှာ အစီစဉ်ရှိနေတယ်။ ကျွန်တော့်ကို တစ်လွဲမထင်ပါနဲ့၊ ဒီဟာက ရာသီကြိုပဲရှိပါသေးတယ်။ ကျွန်တော့်အနေနဲ့ ဆက်ပြီးတော့ အကောင်းမြင်ချင်ပါတယ်၊ ဒါပေမယ့် ရာသီကြိုကာလမှာ ရလဒ်ကောင်းတွေ ပိုင်ခဲ့တာက သိပ်ပြီးတော့လည်း အရေးမပါ ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အမှတ်ပေးဖလားပြိုင်ပွဲစတင်တာနဲ့ ”“ အဲ့ဒါက မတူညီတဲ့ ဖိအားဖြစ်သွားတာကြောင့်ပါ။ မန်ယူအသင်းက ကစားသမားတွေက ကျွန်တော်တို့ ဘာလုပ်နေသလဲဆိုတာကို ကျွန်တော်တို့ သိကြပါတယ်ဆိုပြီး အင်တာဗျုးမှာ ပြောတာကို ကျွန်တော် မမြင်ရတာ အတော်‌လေးကြာခဲ့ပါပြီ။ အဲ့ဒါကြောင့်မလို့ပဲ ဒီရာသီနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်ဖို့ ကျွန်တော် မျှော်လင့်ထားတာ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *