အိုးထရက္ဖို႔ဒ္ကအဆုံးအျဖတ္ပြဲမွာ ဘာစီကိုအႏိုင္ယူၿပီး ေနာက္တစ္ဆင့္တက္မယ့္ တန္ဟက္ဂ်္ရဲ႕ မန္ယူႏိုက္တက္ (ပြဲႀကိဳသုံးသပ္ခ်က္)
|အိုးထရက္ဖို႔ဒ္ကအဆုံးအျဖတ္ပြဲမွာ ဘာစီကိုအႏိုင္ယူၿပီး ေနာက္တစ္ဆင့္တက္မယ့္ တန္ဟက္ဂ်္ရဲ႕ မန္ယူႏိုက္တက္ (ပြဲႀကိဳသုံးသပ္ခ်က္)
ၿပီးခဲ့တဲ့အပတ္က ကစားခဲ့တဲ့ ၿပိဳင္ပြဲေတြနက္ ဥေရာပရဲ႕အဆင့္ျမင့္ဆုံးၿပိဳင္ပြဲျဖစ္တဲ့ ခ်န္ပီယံလိဂ္ ရဲ႕ ထိပ္သီးႏွစ္သင္းျဖစ္တဲ့ ဘိုင္ယန္ နဲ႔ PSG တို႔ရဲ႕ပြဲဟာ ၾကည့္ရႈသူပရိတ္သတ္ (၄၄)သန္း ရွိခဲ့ခ်ိန္ တစ္ဆင့္နိမ့္ၿပိဳင္ပြဲျဖစ္တဲ့ ယူ႐ိုပါလိဂ္ ရဲ႕ ၿပိဳင္ပြဲတစ္ခုကေတာ့ ႐ုပ္သံကေနၾကည့္ရႈသူ (၁၁၈)သန္းအထိ ရွိခဲ့ပါတယ္။ ဒါဟာ အေမရိကန္ေဘာလုံးအားကစားၿပိဳင္ပြဲျဖစ္တဲ့ စူပါဘိုးလ္ၿပိဳင္ပြဲ ကိုၾကည့္ရႈသူ ပရိတ္သတ္(၁၀၆)သန္း ထက္ ပိုမိုမ်ားျပားတဲ့ အေရတြက္ျဖစ္ၿပီး ယွဥ္ၿပိဳင္ခဲ့ၾကတဲ့အသင္းေတြကေတာ့ ဥေရာပ ရဲ႕ နန္းက်ဘုရင္ပါးလို႔တင္စားႏိုင္တဲ့ မန္ယူႏိုက္တဒ္ နဲ႔ ဘာစီလိုနာ တို႔ပဲ ျဖစ္ပါတယ္။
ယေန႔ညမွာလည္း နန္းက်ဘုရင္ႏွစ္ပါးဟာ ေနာက္တစ္ဆင့္တက္ေရး အဆုံးျဖတ္ေပးမယ့္ ဒုေက်ာ့ပြဲကို အိမ္မက္ျပဇာတ္႐ုံမွာ ေဖ်ာ္ေျဖတင္ဆက္မွာျဖစ္ၿပီး ပရိတ္သတ္သန္းရာေက်ာ္က ေစာင့္ၾကည့္ဖြယ္ရွိေနပါတယ္။ အဆိုပါပြဲစဥ္အတြက္ ပြဲႀကိဳ သုံးသပ္ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။ မန္ယူႏိုက္တက္ ဟာ ႏူးကမ့္ မွာ လူမစုံတဲ့ၾကားကပဲ ဇာဗီ ရဲ႕ ပုံစံေကာင္းရေနတဲ့အသင္းကို ရပ္တံ့ေစခဲ့တဲ့ တန္ဟဂ္ ဟာ အိမ္ကြင္းမွာေတာ့ လုံးဝအမွားအယြင္းအျဖစ္ခံမွာမဟုတ္တာေသခ်ာပါတယ္။ ေလ့က်င့္ေရးမွာ လူစုံတက္စုံရွိေနသလို ၾကားရက္မွာလည္း ဂိုးျပတ္အႏိုင္ရထားလို႔ စိတ္ပိုင္းဆိုင္ရာတက္ႂကြေနပါလိမ့္မယ္။
မားကပ္စ္ရရွ္ဖိုဒ့္ ဂိုးသြင္းေျခက ရပ္တံ့လို႔မရေသးသလို အိုးထရဒ့္ဖိုဒ့္ မွာဆိုရင္ စံခ်ိန္တင္ပြဲဆက္ဂိုးသြင္းယူမႈနဲ႔အတူ ဂိုးသြင္းေျခပိုေတြ႕ေနလို႔ ဒီပြဲမွာလည္း ရရွ္ဖိုဒ့္ကို ရပ္တံ့ဖို႔ ဇာဗီ အတြက္ ခက္ခဲေနပါလိမ့္မယ္။ တန္ဟဂ္ အတြက္ အဓိက အားသာခ်က္က ပေက်ာ့က မပါဝင္ႏိုင္ခဲ့တဲ့ ဆဘစ္ဇာ နဲ႔ မာတီနက္ဇ္ ျပန္ပါဝင္လာသလို အားထားရတဲ့ ေနာက္ခံလူ ဗာရန္း ကို လည္း အနားေပးထားတာေၾကာင့္ယခုပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေကာင္းေကာင္းနဲ႔ ခ်ဥ္းကပ္ခြင့္ရထားတာပဲ ျဖစ္ပါတယ္။ ဇာဗီ ရဲ႕အသင္းမွာ ေထာက္တိုင္ေတြလို႔ ဆိုႏိုင္တဲ့ ဂါဗီ နဲ႔ ပက္ဒရီ မပါဝင္ႏိုင္သလို ဘူးစကြက္ နဲ႔ ဒမ္ဘီလီ လည္း ႀကံခိုင္မႈမျပည့္ဝေသးပါဘူး။ဒီရာသီ ပုံစံေကာင္းရေနရာမွာ ဘူးစကြက္၊ဒီေဂ်ာင္၊ပက္ဒရီ၊ဂါဗီ အတြဲက အခရာက်ေနၿပီး ႏွစ္ေယာက္ မပါဝင္ႏိုင္တာက ဇာဗီ အတြက္ နည္းစနစ္ပိုင္းအေျပာင္းလဲျပဳလုပ္ရႏိုင္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။
သူ႔ရဲ႕ ကြင္းလယ္(၂)ေယာက္တန္း ႏွစ္ထပ္အသုံးျပဳတဲ့ ဗ်ဴဟာ ကို မျပင္ခ်င္ရင္ ကတ္စီ နဲ႔ ေရာ္ဘတ္တို ကို အသုံးျပဳရဖြယ္ရွိၿပီး ယူႏိုက္တက္ နဲ႔ ကြင္းလယ္အားၿပိဳင္မႈအပိုင္းမွာ ေသခ်ာေပါက္ ေခါင္းတစ္လုံးနိမ့္ေနပါလိမ့္မယ္။ ဘာစီလိုနာ အေနနဲ႔ ဒီပြဲမွာ ရရွ္ဖိုဒ့္ ကို ထိန္းခ်ဳပ္ဖို႔ အာ႐ူဂ်ိဴ၊ကြန္ေဒး၊ခရစ္တယ္ဆန္ နဲ႔ ဘလိဒ္ တို႔ကို အသုံးျပဳႏိုင္ၿပီး လွ်င္ျမန္မႈျခင္း အားၿပိဳင္လာႏိုင္ပါတယ္။တိုက္စစ္မွာ ရာဖင္ဟာ၊ဒမ္ဘီလီ တို႔လို ေတာင္ပံလူေတြ ရွိတာေၾကာင့္ ယူႏိုက္တဒ္ ကို ကြင္းလယ္အားမၿပိဳင္ပဲ ခံစစ္-တိုက္စစ္ အကူးေျပာင္းျမန္ျမန္ နဲ႔ ထိုးေဖာက္ ကစားလာဖြယ္ရွိပါတယ္။ဒီအတြက္ေၾကာင့္ ေနာက္တဆင့္ တက္ႏိုင္ေရးမွာ လူစုံေနတဲ့ အိမ္ရွင္ အသင္းကပဲ အသာရရွိမယ္လို႔ ယူဆမိပါတယ္။
crd
unicode
အိုးထရက်ဖို့ဒ်ကအဆုံးအဖြတ်ပွဲမှာ ဘာစီကိုအနိုင်ယူပြီး နောက်တစ်ဆင့်တက်မယ့် တန်ဟက်ဂျ်ရဲ့ မန်ယူနိုက်တက် (ပွဲကြိုသုံးသပ်ချက်)
ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပြိုင်ပွဲတွေနက် ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ရဲ့ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘိုင်ယန် နဲ့ PSG တို့ရဲ့ပွဲဟာ ကြည့်ရှုသူပရိတ်သတ် (၄၄)သန်း ရှိခဲ့ချိန် တစ်ဆင့်နိမ့်ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ် ရဲ့ ပြိုင်ပွဲတစ်ခုကတော့ ရုပ်သံကနေကြည့်ရှုသူ (၁၁၈)သန်းအထိ ရှိခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဘောလုံးအားကစားပြိုင်ပွဲဖြစ်တဲ့ စူပါဘိုးလ်ပြိုင်ပွဲ ကိုကြည့်ရှုသူ ပရိတ်သတ်(၁၀၆)သန်း ထက် ပိုမိုများပြားတဲ့ အရေတွက်ဖြစ်ပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့အသင်းတွေကတော့ ဥရောပ ရဲ့ နန်းကျဘုရင်ပါးလို့တင်စားနိုင်တဲ့ မန်ယူနိုက်တဒ် နဲ့ ဘာစီလိုနာ တို့ပဲ ဖြစ်ပါတယ်။
ယနေ့ညမှာလည်း နန်းကျဘုရင်နှစ်ပါးဟာ နောက်တစ်ဆင့်တက်ရေး အဆုံးဖြတ်ပေးမယ့် ဒုကျော့ပွဲကို အိမ်မက်ပြဇာတ်ရုံမှာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပြီး ပရိတ်သတ်သန်းရာကျော်က စောင့်ကြည့်ဖွယ်ရှိနေပါတယ်။ အဆိုပါပွဲစဉ်အတွက် ပွဲကြို သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ မန်ယူနိုက်တက် ဟာ နူးကမ့် မှာ လူမစုံတဲ့ကြားကပဲ ဇာဗီ ရဲ့ ပုံစံကောင်းရနေတဲ့အသင်းကို ရပ်တံ့စေခဲ့တဲ့ တန်ဟဂ် ဟာ အိမ်ကွင်းမှာတော့ လုံးဝအမှားအယွင်းအဖြစ်ခံမှာမဟုတ်တာသေချာပါတယ်။ လေ့ကျင့်ရေးမှာ လူစုံတက်စုံရှိနေသလို ကြားရက်မှာလည်း ဂိုးပြတ်အနိုင်ရထားလို့ စိတ်ပိုင်းဆိုင်ရာတက်ကြွနေပါလိမ့်မယ်။
မားကပ်စ်ရရှ်ဖိုဒ့် ဂိုးသွင်းခြေက ရပ်တံ့လို့မရသေးသလို အိုးထရဒ့်ဖိုဒ့် မှာဆိုရင် စံချိန်တင်ပွဲဆက်ဂိုးသွင်းယူမှုနဲ့အတူ ဂိုးသွင်းခြေပိုတွေ့နေလို့ ဒီပွဲမှာလည်း ရရှ်ဖိုဒ့်ကို ရပ်တံ့ဖို့ ဇာဗီ အတွက် ခက်ခဲနေပါလိမ့်မယ်။ တန်ဟဂ် အတွက် အဓိက အားသာချက်က ပကျော့က မပါဝင်နိုင်ခဲ့တဲ့ ဆဘစ်ဇာ နဲ့ မာတီနက်ဇ် ပြန်ပါဝင်လာသလို အားထားရတဲ့ နောက်ခံလူ ဗာရန်း ကို လည်း အနားပေးထားတာကြောင့်ယခုပွဲအတွက် ကြိုတင်ပြင်ဆင်မှုကောင်းကောင်းနဲ့ ချဉ်းကပ်ခွင့်ရထားတာပဲ ဖြစ်ပါတယ်။ ဇာဗီ ရဲ့အသင်းမှာ ထောက်တိုင်တွေလို့ ဆိုနိုင်တဲ့ ဂါဗီ နဲ့ ပက်ဒရီ မပါဝင်နိုင်သလို ဘူးစကွက် နဲ့ ဒမ်ဘီလီ လည်း ကြံခိုင်မှုမပြည့်ဝသေးပါဘူး။ဒီရာသီ ပုံစံကောင်းရနေရာမှာ ဘူးစကွက်၊ဒီဂျောင်၊ပက်ဒရီ၊ဂါဗီ အတွဲက အခရာကျနေပြီး နှစ်ယောက် မပါဝင်နိုင်တာက ဇာဗီ အတွက် နည်းစနစ်ပိုင်းအပြောင်းလဲပြုလုပ်ရနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
သူ့ရဲ့ ကွင်းလယ်(၂)ယောက်တန်း နှစ်ထပ်အသုံးပြုတဲ့ ဗျူဟာ ကို မပြင်ချင်ရင် ကတ်စီ နဲ့ ရော်ဘတ်တို ကို အသုံးပြုရဖွယ်ရှိပြီး ယူနိုက်တက် နဲ့ ကွင်းလယ်အားပြိုင်မှုအပိုင်းမှာ သေချာပေါက် ခေါင်းတစ်လုံးနိမ့်နေပါလိမ့်မယ်။ ဘာစီလိုနာ အနေနဲ့ ဒီပွဲမှာ ရရှ်ဖိုဒ့် ကို ထိန်းချုပ်ဖို့ အာရူဂျိူ၊ကွန်ဒေး၊ခရစ်တယ်ဆန် နဲ့ ဘလိဒ် တို့ကို အသုံးပြုနိုင်ပြီး လျှင်မြန်မှုခြင်း အားပြိုင်လာနိုင်ပါတယ်။တိုက်စစ်မှာ ရာဖင်ဟာ၊ဒမ်ဘီလီ တို့လို တောင်ပံလူတွေ ရှိတာကြောင့် ယူနိုက်တဒ် ကို ကွင်းလယ်အားမပြိုင်ပဲ ခံစစ်-တိုက်စစ် အကူးပြောင်းမြန်မြန် နဲ့ ထိုးဖောက် ကစားလာဖွယ်ရှိပါတယ်။ဒီအတွက်ကြောင့် နောက်တဆင့် တက်နိုင်ရေးမှာ လူစုံနေတဲ့ အိမ်ရှင် အသင်းကပဲ အသာရရှိမယ်လို့ ယူဆမိပါတယ်။