crd
unicode
အိုးထရက်ဖို့ဒ်ကလပ်ထံမှ သူအလိုချင်ဆုံးအရာတစ်ခုကို ထုတ်ဖော်ပြောဆိုလာတဲ့ နည်းပြ အဲရစ်တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်က သူ့အနေနဲ့ မန်ယူအသင်းမှာ အနိုင်ရလိုစိတ်ရှိတဲ့အစဥ်အလာ၊ အသင်းကောင်းတစ်သင်းနဲ့ ကစားသမားတွေရဲ့ အမြင့်ဆုံးအလားအလာတို့ကို ဖန်တီးသွားချင်တယ်လို့ ပြောဆိုလာပါတယ်။ မန်ယူအသင်းဟာ တန်ဟန့်ရောက်ရှိလာတဲ့ အချိန်အတိုအတွင်း အများကြီးတိုးတက်လာကာ ဒီရာသီမှာ ဖလားတစ်လုံးရဖို့တောင် နီးစပ်နေတာ ဖြစ်ပါတယ်။
တန်ဟန့်ဟာ မကြာသေးမီတုန်းက ဆွစ်ဇာလန်နိုင်ငံမှာ ရှိတဲ့ UEFA ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်တန်းနည်းပြဖိုရမ်မှာ တက်ရောက်ခဲ့ပြီး၊ မန်ယူအသင်းမှာ သူ့ရဲ့ ပထမရာသီအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ ” ကျွန်တော် အဆင်ပြေပါတယ်၊ အဲ့ဒီမှာ ရှိရတာကို ပျော်တယ်။ ကျွန်တော်က စိန်ခေါ်မှုအသစ်ကို ရှာဖွေနေခဲ့တာဖြစ်ပြီး၊ မန်ယူအသင်းက ကြီးမားတဲ့ကလပ်တစ်ခုပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့ အောင်မြင်မှုအနည်းငယ်ပဲ ရခဲ့တယ်။ ဒီတော့ အသင်းကြီးကို သူနဲ့ သက်ဆိုင်တဲ့နေရာဆီ ပြန်ရောက်အောင်လုပ်ပေးဖို့ အရည်အချင်းအများကြီးလိုပါတယ်။
အဲ့ဒါက အသင်းကို လေ့ကျင့်တာသက်သက်ပဲ မဟုတ်ပါဘူး။ အဲ့ဒါက အနိုင်ရလိုစိတ်ရှိတဲ့ အစဥ်အလာတစ်ခုကို ဖန်တီးတာပါ၊ အဲ့ဒါက ကျွန်တော် ရည်မှန်းထားတဲ့အရာပါပဲ။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းလုပ်လို့မရပါဘူး၊ အားလုံးအတူလုပ်ရပါမယ်။ မန်ယူအသင်းက အသင်းကောင်းတစ်သင်းပါ၊ တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေအများကြီးရှိတယ်။ အဲ့ဒီမှာရှိရတာ၊ တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ရတာကို ကျွန်တော် အရမ်းပျော်ပါတယ်။
ကျွန်တော်တို့ အောင်မြင်ချင်တယ်၊ ဒါပေမယ့် အဲ့ဒါက ရေရှည် ဖြစ်ပါတယ်။ နေ့တိုင်း၊ ကျွန်တော့်ဆီကနေ ကိုယ့်ကိုယ်ကို အကောင်းဆုံးရဖို့ မျှော်လင့်တယ်။ ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ နည်းပြတွေနဲ့အတူ ကစားသမားတွေဆီကနေ အကောင်းဆုံးကို ရအောင်လုပ်ချင်တယ်။ ကျွန်တော်တို့ အသင်းကောင်းတစ်သင်း ဖန်တီးချင်တယ်၊ ပြီးတော့လည်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးထိလိုချင်တယ် ” လို့ ဆိုခဲ့ပါတယ်။