crd
unicode
အိုးထရက်ဖို့ဒ်ကလပ်ကိုပြောင်းရွှေ့တော့မှာဖြစ်ကြောင်း အေဂျက်စ်ပရိသတ်တွေကို အသိပေးနှုတ်ဆက်လာတဲ့ ဂျူရီယန် တင်ဘာ
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေထွက်နေတဲ့ အေဂျက်အသင်းရဲ့ ခံစစ်ကစားသမားဖြစ်သူ ဂျုရီယန် တင်ဘာက ဒီရာသီမှာ အသင်းပရိသတ်‌တွေရဲ့ အားပေးမှုကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းရဲ့ နည်းပြအသစ်က အဲရစ် တန်ဟန့်ဖြစ်လာတာကြောင့် အိုးထရက်ဖို့ဒ်ဆ‌ီ ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေတဲ့ တင်ဘာဟာ ဒီရာသီမှာ အေဂျက်အသင်းရဲ့ ၃၆ ကြိမ်မြောက် Eredivisie ဆုဖလားကို ရရှိအောင် အဓိကပါဝင်ကူညီပေးခဲ့သူဖြစ်ပါတယ်။
တင်ဘာဟာ ပြိုင်ပွဲစုံမှာ ၄၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ်လုပ်ထားခဲ့ပါတယ်။ နောက်လထဲမှာ အသက် ၂၁ နှစ် ပြည့်တော့မယ့် တင်ဘာဟာ ညာခြမ်းခံစစ်နဲ့ ဗဟိုခံစစ်နေရာမှာ ကစားနိုင်စွမ်းရှိပြီးတော့ Talent of the Year ဆုကိုလည်း ရရှိခဲ့ပါတယ်။ အခုလိုခြေစွမ်း‌တွေကြောင့်ပဲ မန်ယူအသင်းဟာ တင်ဘာကို ပစ်မှတ်ထားလာပြီး၊ နည်းပြအသစ်ဖြစ်တဲ့ အဲရစ် တန်ဟန့်ဟာလည်း တင်ဘာကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ကောင်းကောင်းသိတာကြောင့် တင်ဘာနဲ့ မန်ယူအသင်းရဲ့ သတင်းတွေဟာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။
တင်ဘာက သူ့ရဲ့ အနာဂါတ်အတွက် ပြတ်သားတဲ့ ဆုံးဖြတ်မျိုး မချရသေးပေမယ့်လည်း သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ အေဂျက်ပရိသတ်တွေကို ဒီရာသီအားပေးခဲ့မှုအတွက် ကျေးဇူးတင်စကား ပြောဆိုခဲ့တာကြောင့် တင်ဘာတစ်ယောက် သူ့ရဲ့ အနာဂါတ်ကို ဆုံးဖြတ်ပြီးပြီလားဆိုတာ မေးစရာ ဖြစ်လာခဲ့ပါတယ်။
တင်ဘာက “ ကျွန်တော့်ဘဝရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်တယ်။ ကမ္ဘာပေါ်က အကြီးမားဆုံးအသင်းတွေနဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်။ ခင်ဗျားတို့အားလုံးနဲ့အတူ ”“ ကျွန်တော်တို့ အားလုံးဟာ အုပ်စုကို အတူတကွ ကြီးစိုးနိုင်ခဲ့ကြတယ်။ ကျွန်တော်တို့မှာ အဆင်မပြေမှုတွေ ရှိခဲ့တယ်၊ ကျွန်တော်တို့ အမ‌ှားတွေ လုပ်ခဲ့ကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အတူတကွပြန်လာနိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ အနိုင်ရရှိသူတွေအဖြစ် ရပ်တည်နိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ အေဂျက်ဖြစ်တယ်၊ အကောင်းဆုံးပေါ့။ နယ်သာလန်ရဲ့ ချန်ပီယံဖြစ်ခဲ့ပြီးတော့ မှန်ကန်စွာ သရဖူဆောင်းနိုင်ခဲ့တယ်။ ဒီအံ့ဩစရာကောင်းတဲ့ရာသီအတွက် မိသားစုတွေ၊ မိတ်‌ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တောိ ပျော်ခဲ့ရပါတယ် ” ဆိုပြီး ပြောဆိုထားတဲ့ ဗီဒီယိုကိုတင်ခဲ့တာ ဖြစ်ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *