အိမ္ကြင္း အမ္းမရိတ္မွာ ယူႏိုက္တက္ကို လက္စားေခ် အႏိုင္ယူျပသြားမယ္လို႔ ႀကဳံးဝါးလိုက္တဲ့ အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာ
|အိမ္ကြင္း အမ္းမရိတ္မွာ ယူႏိုက္တက္ကို လက္စားေခ် အႏိုင္ယူျပသြားမယ္လို႔ ႀကဳံးဝါးလိုက္တဲ့ အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာ
လန္ထြင္ပ်ံတက္ေနတဲ့ တန္ဟက္ဂ္ရဲ႕ မန္ခ်က္ကို လက္စားေခ် အႏိုင္ယူျပသြားမယ္လို႔ ႀကဳံးဝါးလိုက္တဲ့ ပထမအေက်ာ့က ရႈံးထားတဲ့ အာဆင္နယ္နည္းျပ အာတီတာ
ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ထိပ္ဆုံးမွဦးေဆာင္ေနသည့္ အာဆင္နယ္အသင္းရဲ႕ နည္းျပခ်ဳပ္ျဖစ္သူ မီေခးလ္ အာတီတာက ယမန္ေန႔ညမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီမွာ စပါးကို အေဝးကြင္းမွာ ျပတ္သားတဲ့ရလဒ္တစ္ခုနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ လာမယ့္အပတ္မွာလည္း ေျခစြမ္းေကာင္းေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို အႏိုင္ယူျပသြားမယ္လို႔ ႀကဳံးဝါး ေျပာဆိုသြားခဲ့ပါတယ္။
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္အသင္းဟာ ကြန္တီဦးေဆာင္တဲ့ စပါးအသင္းကို အဘက္ဘက္မွ အသာစီးရယူႏိုင္ခဲ့ၿပီး တစ္ပြဲလုံး တိုက္စစ္ဆင္ႏိုင္ခဲ့သလို ဂိုးရႏိုင္တဲ့အခြင့္အေရးမ်ိဳးေတြလည္း ေတာက္ေလွ်ာက္ပိုင္ဆိုင္ခဲ့ပါတယ္။ ဒါ့အျပင္ စပါးအသင္းရဲ႕တိုက္စစ္လမ္းေၾကာင္းေတြအားလုံးကိုလည္း ျဖတ္ေတာက္ႏိုင္ခဲ့ၿပီး စပါးအသင္းကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ပဲ ေဘာလုံးေရးရာ ကြၽမ္းက်င္သူေတြက အာဆင္နယ္ဟာ ခ်န္ပီယံအသင္းတစ္သင္းရဲ႕ စိတ္ဓာတ္နဲ႔ ေျခစြမ္းမ်ိဳး ရေနၿပီလို႔ ခ်ီးက်ဴးေနၾကၿပီး လာမယ့္အပတ္မွာေတာ့ အာဆင္နယ္က မန္ခ်က္စတာဒါဘီမွာ ႏိုင္ပြဲရထားတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ကို ၎တို႔အိမ္ကြင္း အမ္းမရိတ္မွာ အႏိုင္ယူႏိုင္လိမ့္မည္ဟု ခန႔္မွန္းေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာ ျဖစ္သည္။အာဆင္နယ္အသင္းဟာ ယခုေဘာလုံးရာသီမွာ စိတ္ဓာတ္ပိုင္းေရာ ေျခစြမ္းမွာပါ အျမင့္ဆုံးသို႔ေရာက္ရွိေနၿပီး ပရီးမီးယားလိဂ္မွာ တစ္သင္းတည္းေျပးေနပါတယ္။
ပရီးမီးယားလိဂ္ (၁၈) ပြဲကစားၿပီးခ်ိန္တြင္ အာတီတာ တာဝန္ယူကိုင္တြယ္ထားတဲ့ အာဆင္နယ္အသင္းဟာ ႏိုင္ပြဲ ၁၅ ပြဲထိ ရွာေဖြထားႏိုင္ၿပီး သေရရလဒ္ ၂ ပြဲႏွင့္ ရႈံးပြဲ ၁ ပြဲ သာ ရွိေသးပါတယ္။ ထူးထူးျခားျခားဘဲ အာဆင္နယ္အသင္းဟာ ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္တစ္သင္းတည္းကိုသာ ရႈံးနိမ့္ထားခဲ့ပါတယ္။
အာဆင္နယ္ဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားတြင္ အဆင့္ (၂) ေနရာက မန္ခ်က္စတာစီးတီးအသင္းကို (၈) မွတ္ထိ ျဖတ္ထားႏိုင္ခဲ့ေပမယ့္ အမွတ္ေပးခ်န္ပီယံဆုကို ရယူခ်င္ပါက ပြဲစဥ္တိုင္းကို ဗိုလ္လုပြဲပုံစံအတိုင္း ကစားသြားရမည္ျဖစ္ၿပီး ၊ မၾကာခင္ေတြ႕ဆုံမည့္ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွင့္ ပြဲစဥ္မွာလည္း ရလဒ္ေကာင္းပိုင္ဆိုင္ႏိုင္ေအာင္ႀကိဳးပမ္းသြားရမည္ျဖစ္သည္။
စပါးကို အႏိုင္ရရွိခဲ့သည့္ပြဲအၿပီးတြင္ အာဆင္နယ္နည္းျပ အာတီတာက – ” ဒီရာသီမွာ ကြၽန္ေတာ္တို႔က ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကိုလိုခ်င္ရင္ ရမွတ္ ၉၀ေက်ာ္ ရယူႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒါက၁၀၀ ရာခိုင္ႏႈန္း ေသခ်ာတဲ့ အရာပါ။ ကြၽန္ေတာ္ အခုခ်ိန္မွာ တြက္ခ်က္မႈေတြေတာ့ မလုပ္ခ်င္ေသးပါဘူး။ ”
” ကြၽန္ေတာ္တို႔က လာမယ့္အပတ္မွာ ကစားရမယ့္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ပြဲ အတြက္ ျပင္ဆင္မႈေတြပဲ လုပ္ခ်င္ေနပါတယ္ကြၽန္ေတာ္တို႔ကအဲ့ဒီပြဲမွာအႏိုင္ ၃မွတ္ ရေအာင္ ကစားသြားမယ္ၿပီးေတာ့အႏိုင္ရလဒ္နဲ႔ ထိုက္တန္တဲ့ ကစားပုံ တခုကို ျပသႏိုင္ဖို႔ ႀကိဳးစားသြားမယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာပါ။
crd
Unicode
အိမ်ကွင်း အမ်းမရိတ်မှာ ယူနိုက်တက်ကို လက်စားချေ အနိုင်ယူပြသွားမယ်လို့ ကြုံးဝါးလိုက်တဲ့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာ
လန်ထွင်ပျံတက်နေတဲ့ တန်ဟက်ဂ်ရဲ့ မန်ချက်ကို လက်စားချေ အနိုင်ယူပြသွားမယ်လို့ ကြုံးဝါးလိုက်တဲ့ ပထမအကျော့က ရှုံးထားတဲ့ အာဆင်နယ်နည်းပြ အာတီတာ
ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးမှဦးဆောင်နေသည့် အာဆင်နယ်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ မီခေးလ် အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ စပါးကို အဝေးကွင်းမှာ ပြတ်သားတဲ့ရလဒ်တစ်ခုနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် လာမယ့်အပတ်မှာလည်း ခြေစွမ်းကောင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ယူပြသွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းဟာ ကွန်တီဦးဆောင်တဲ့ စပါးအသင်းကို အဘက်ဘက်မှ အသာစီးရယူနိုင်ခဲ့ပြီး တစ်ပွဲလုံး တိုက်စစ်ဆင်နိုင်ခဲ့သလို ဂိုးရနိုင်တဲ့အခွင့်အရေးမျိုးတွေလည်း တောက်လျှောက်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပါးအသင်းရဲ့တိုက်စစ်လမ်းကြောင်းတွေအားလုံးကိုလည်း ဖြတ်တောက်နိုင်ခဲ့ပြီး စပါးအသင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အာဆင်နယ်ဟာ ချန်ပီယံအသင်းတစ်သင်းရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းမျိုး ရနေပြီလို့ ချီးကျူးနေကြပြီး လာမယ့်အပတ်မှာတော့ အာဆင်နယ်က မန်ချက်စတာဒါဘီမှာ နိုင်ပွဲရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ၎င်းတို့အိမ်ကွင်း အမ်းမရိတ်မှာ အနိုင်ယူနိုင်လိမ့်မည်ဟု ခန့်မှန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်သည်။အာဆင်နယ်အသင်းဟာ ယခုဘောလုံးရာသီမှာ စိတ်ဓာတ်ပိုင်းရော ခြေစွမ်းမှာပါ အမြင့်ဆုံးသို့ရောက်ရှိနေပြီး ပရီးမီးယားလိဂ်မှာ တစ်သင်းတည်းပြေးနေပါတယ်။
ပရီးမီးယားလိဂ် (၁၈) ပွဲကစားပြီးချိန်တွင် အာတီတာ တာဝန်ယူကိုင်တွယ်ထားတဲ့ အာဆင်နယ်အသင်းဟာ နိုင်ပွဲ ၁၅ ပွဲထိ ရှာဖွေထားနိုင်ပြီး သရေရလဒ် ၂ ပွဲနှင့် ရှုံးပွဲ ၁ ပွဲ သာ ရှိသေးပါတယ်။ ထူးထူးခြားခြားဘဲ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားတွင် အဆင့် (၂) နေရာက မန်ချက်စတာစီးတီးအသင်းကို (၈) မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုကို ရယူချင်ပါက ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲပုံစံအတိုင်း ကစားသွားရမည်ဖြစ်ပြီး ၊ မကြာခင်တွေ့ဆုံမည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပွဲစဉ်မှာလည်း ရလဒ်ကောင်းပိုင်ဆိုင်နိုင်အောင်ကြိုးပမ်းသွားရမည်ဖြစ်သည်။
စပါးကို အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် အာဆင်နယ်နည်းပြ အာတီတာက – ” ဒီရာသီမှာ ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလိုချင်ရင် ရမှတ် ၉၀ကျော် ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက၁၀၀ ရာခိုင်နှုန်း သေချာတဲ့ အရာပါ။ ကျွန်တော် အခုချိန်မှာ တွက်ချက်မှုတွေတော့ မလုပ်ချင်သေးပါဘူး။ ”
” ကျွန်တော်တို့က လာမယ့်အပတ်မှာ ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲ အတွက် ပြင်ဆင်မှုတွေပဲ လုပ်ချင်နေပါတယ်ကျွန်တော်တို့ကအဲ့ဒီပွဲမှာအနိုင် ၃မှတ် ရအောင် ကစားသွားမယ်ပြီးတော့အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ ကစားပုံ တခုကို ပြသနိုင်ဖို့ ကြိုးစားသွားမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။