အိမ္ကြင္းႏိုင္ပြဲဆက္႐ုံသာမက အေဝးကြင္းေတြမွာပါ သရဲနီေတြ အမဲလိုက္ႏိုင္ဖို႔ ယူႏိုက္တက္ရဲ႕ God Fatherႀကီး ဖာဂူဆန္နဲ႔ နည္းျပသစ္တန္ဟက္ဂ္တို႔ရဲ႕ အႀကံအစည္

မန္ယူေ႐ႊေခတ္ ျပန္လည္ဆန္းသစ္ဖို႔ ေခါင္းကိုင္ဖခင္ႀကီး ဖာဂူဆန္နဲ႔ နည္းျပသစ္တန္ဟက္ဂ္တို႔ရဲ႕ လ်ိဳ႕ဝွက္အစီအစဥ္တစ္ခု
အိမ္ကြင္းႏိုင္ပြဲဆက္႐ုံသာမက အေဝးကြင္းေတြမွာပါ သရဲနီေတြ အမဲလိုက္ႏိုင္ဖို႔ ယူႏိုက္တက္ရဲ႕ God Fatherႀကီး ဖာဂူဆန္နဲ႔ နည္းျပသစ္တန္ဟက္ဂ္တို႔ရဲ႕ အႀကံအစည္

အဲရစ္တန္ဟတ္ ျပဳျပင္ေျပာင္းလဲထားတဲ့ မန္ယူအသင္းမွာ ထူးျခားမႈေတြက တစ္ခုမကရွိပါတယ္။ အိမ္ကြင္းႏိုင္ပြဲေတြဆက္တိုက္ရတာ၊ ရက္ရွ္ဖို႔ဒ္ပြဲဆက္ဂိုးသြင္းတာ၊ ကစားသမားေတြ ေနရာစုံႏွစ္ေနရာ ေျပာင္းကစားတာမ်ိဳးေတြပါ။

ဒီလိုေတြျဖစ္လာတာ အေၾကာင္းမဲ့တစ္ခုမွ မပါပါဘူး။ တန္ဟတ္ကိုယ္တိုင္ေရာ၊ တျခားသူေတြေရာပါ ေနာက္ကြယ္ကေန ေပးဆပ္လႈပ္ရွားေနၾကလို႔ျဖစ္ပါတယ္။ အဲဒီအထဲမွာ မန္ယူအသင္း အိမ္ကြင္း (၁၃)ပြဲဆက္ႏိုင္ခဲ့ရတဲ့လွ်ိဳ႕ဝွက္ခ်က္တစ္ခုရွိပါတယ္။

ဖာဂူဆန္ကို အိမ္ကြင္းပြဲေတြတိုင္း လာေရာက္အားေပးတာကို ကစားသမားေတြသိေအာင္ အၿမဲလိုလိုထည့္ေျပာတာျဖစ္ပါတယ္။ ဂႏၴဝင္တစ္ဦးကိုယ္တိုင္ မင္းတို႔ကို အားေပးေနတယ္ဆိုတဲ့အသိရေအာင္ တန္ဟတ္ကေျပာၾကားခဲ့ၿပီးေနာက္မွာ အခုဆို ေနာက္တစ္ခုထပ္ျပင္ဆင္ေနပါၿပီ။

ဖာဂူဆန္ႀကီးကို အိမ္ကြင္းပြဲေတြသာမက အေဝးကြင္းပြဲေတြ လိုက္ပါၾကည့္ရႈႏိုင္ေအာင္ ျဖစ္ပါတယ္။ ကလပ္အသင္းဘက္က စီစဥ္ေပးမလားမသိေပမဲ့ တန္ဟတ္ကေတာ့ ဖာဂူဆန္ကို လိုက္ပါအားေပးဖို႔ ေတာင္းဆိုထားသလို တန္ဟတ္ကို သေဘာက်တဲ့ဖာဂူဆန္ကလည္း လက္ခံခဲ့တယ္လို႔သိရပါတယ္။

တန္ဟတ္ေတာင္းဆိုလို႔ ဆိုတာထက္ သူကိုယ္တိုင္ကကို လိုက္အားေပးခ်င္ေနတာျဖစ္ပါတယ္။ သူကြင္းထဲမွာရွိေနတာက တစ္စိတ္တစ္ပိုင္းကူညီတယ္လို႔ သိရတယ္အေပၚ အားတက္သေရာနဲ႔ လိုက္ပါအားေပးမွာေၾကာင့္ ဒီရာသီမန္ယူပြဲစဥ္တိုင္းမွာ ဆာအဲလက္စ္ကို ျမင္ေတြ႕ရပါမယ္။

အသက္ႀကီးမွ ဒုကၡေပးတာလို႔ ျမင္ေကာင္းျမင္ႏိုင္ေပမဲ့ ဖာဂူဆန္ေၾကာင့္ အသင္းသားေတြ ႀကိဳးစားလာႏိုင္ပါတယ္။ အထူးသျဖင့္ ဒီႏွစ္မွ အသစ္ေရာက္လာတဲ့ ကတ္စမဲ႐ိုးတို႔တသိုက္ဟာ ဖာဂူဆန္အေပၚ ေလးစားမႈအျပည့္ရွိၾကလို႔ပါ။

စီနီယာေတြက ေလးစားမႈေပးေနတာေၾကာင့္ ရက္ရွ္ဖို႔ဒ္တို႔လို ငယ္ေမြးၿခံေပါက္ေတြကအစ ထူထူေထာင္ေထာင္ျဖစ္လာပါၿပီ။ ပရီးမီးယားလိဂ္အျပင္ တျခားပြဲစဥ္ေတြပါ လိုက္အားေပးမယ္လို႔ သိရတဲ့အတြက္ ဥေရာပေျမမွာပါ ရလဒ္ေတြေကာင္းလာဖို႔ရွိေနပါတယ္။
crd

Unicode
မန်ယူရွှေခေတ် ပြန်လည်ဆန်းသစ်ဖို့ ခေါင်းကိုင်ဖခင်ကြီး ဖာဂူဆန်နဲ့ နည်းပြသစ်တန်ဟက်ဂ်တို့ရဲ့ လျို့ဝှက်အစီအစဉ်တစ်ခု
အိမ်ကွင်းနိုင်ပွဲဆက်ရုံသာမက အဝေးကွင်းတွေမှာပါ သရဲနီတွေ အမဲလိုက်နိုင်ဖို့ ယူနိုက်တက်ရဲ့ God Fatherကြီး ဖာဂူဆန်နဲ့ နည်းပြသစ်တန်ဟက်ဂ်တို့ရဲ့ အကြံအစည်

အဲရစ်တန်ဟတ် ပြုပြင်ပြောင်းလဲထားတဲ့ မန်ယူအသင်းမှာ ထူးခြားမှုတွေက တစ်ခုမကရှိပါတယ်။ အိမ်ကွင်းနိုင်ပွဲတွေဆက်တိုက်ရတာ၊ ရက်ရှ်ဖို့ဒ်ပွဲဆက်ဂိုးသွင်းတာ၊ ကစားသမားတွေ နေရာစုံနှစ်နေရာ ပြောင်းကစားတာမျိုးတွေပါ။

ဒီလိုတွေဖြစ်လာတာ အကြောင်းမဲ့တစ်ခုမှ မပါပါဘူး။ တန်ဟတ်ကိုယ်တိုင်ရော၊ တခြားသူတွေရောပါ နောက်ကွယ်ကနေ ပေးဆပ်လှုပ်ရှားနေကြလို့ဖြစ်ပါတယ်။ အဲဒီအထဲမှာ မန်ယူအသင်း အိမ်ကွင်း (၁၃)ပွဲဆက်နိုင်ခဲ့ရတဲ့လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။

ဖာဂူဆန်ကို အိမ်ကွင်းပွဲတွေတိုင်း လာရောက်အားပေးတာကို ကစားသမားတွေသိအောင် အမြဲလိုလိုထည့်ပြောတာဖြစ်ပါတယ်။ ဂန္ထဝင်တစ်ဦးကိုယ်တိုင် မင်းတို့ကို အားပေးနေတယ်ဆိုတဲ့အသိရအောင် တန်ဟတ်ကပြောကြားခဲ့ပြီးနောက်မှာ အခုဆို နောက်တစ်ခုထပ်ပြင်ဆင်နေပါပြီ။

ဖာဂူဆန်ကြီးကို အိမ်ကွင်းပွဲတွေသာမက အဝေးကွင်းပွဲတွေ လိုက်ပါကြည့်ရှုနိုင်အောင် ဖြစ်ပါတယ်။ ကလပ်အသင်းဘက်က စီစဉ်ပေးမလားမသိပေမဲ့ တန်ဟတ်ကတော့ ဖာဂူဆန်ကို လိုက်ပါအားပေးဖို့ တောင်းဆိုထားသလို တန်ဟတ်ကို သဘောကျတဲ့ဖာဂူဆန်ကလည်း လက်ခံခဲ့တယ်လို့သိရပါတယ်။

တန်ဟတ်တောင်းဆိုလို့ ဆိုတာထက် သူကိုယ်တိုင်ကကို လိုက်အားပေးချင်နေတာဖြစ်ပါတယ်။ သူကွင်းထဲမှာရှိနေတာက တစ်စိတ်တစ်ပိုင်းကူညီတယ်လို့ သိရတယ်အပေါ် အားတက်သရောနဲ့ လိုက်ပါအားပေးမှာကြောင့် ဒီရာသီမန်ယူပွဲစဉ်တိုင်းမှာ ဆာအဲလက်စ်ကို မြင်တွေ့ရပါမယ်။

အသက်ကြီးမှ ဒုက္ခပေးတာလို့ မြင်ကောင်းမြင်နိုင်ပေမဲ့ ဖာဂူဆန်ကြောင့် အသင်းသားတွေ ကြိုးစားလာနိုင်ပါတယ်။ အထူးသဖြင့် ဒီနှစ်မှ အသစ်ရောက်လာတဲ့ ကတ်စမဲရိုးတို့တသိုက်ဟာ ဖာဂူဆန်အပေါ် လေးစားမှုအပြည့်ရှိကြလို့ပါ။

စီနီယာတွေက လေးစားမှုပေးနေတာကြောင့် ရက်ရှ်ဖို့ဒ်တို့လို ငယ်မွေးခြံပေါက်တွေကအစ ထူထူထောင်ထောင်ဖြစ်လာပါပြီ။ ပရီးမီးယားလိဂ်အပြင် တခြားပွဲစဉ်တွေပါ လိုက်အားပေးမယ်လို့ သိရတဲ့အတွက် ဥရောပမြေမှာပါ ရလဒ်တွေကောင်းလာဖို့ရှိနေပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *