အာဆင္နယ္ပရိတ္သတ္ေတြ ေဒါသပုန္ထေစမယ့္ စကားနဲ႔ မန္ယူနဲ႔ပြဲမတိုင္မွီ Mind Game လုပ္လိုက္တဲ့ ယူႏိုက္တက္အသင္းရဲ႕ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္

လက္ရွိဇယားထိပ္က အာဆင္နယ္အသင္းဟာ ရာသီကုန္မွာ အဆင့္၃ပဲ ရလိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္တဲ့ သရဲနီေဟာင္းႀကီး ဂယ္ရီနဗီးလ္
အာဆင္နယ္ပရိတ္သတ္ေတြ ေဒါသပုန္ထေစမယ့္ စကားနဲ႔ မန္ယူနဲ႔ပြဲမတိုင္မွီ Mind Game လုပ္လိုက္တဲ့ ယူႏိုက္တက္အသင္းရဲ႕ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္ က အာဆင္နယ္ အသင္းဟာ အခု လက္ရွိ အခ်ိန္မွာ အမွတ္ေပး ဇယား ကို ဦးေဆာင္ ေနေပမယ့္ ရာသီကုန္မွာ ခ်န္ပီယံ ျဖစ္မယ္လို႔ေတာ့ မထင္ေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။

အာဆင္နယ္ အသင္းဟာ မေန႔က ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္းကို ႏွစ္ဂိုးျပတ္ အႏိုင္ယူၿပီးေနာက္ ဒုတိယေနရာ က မန္ခ်က္စတာ စီးတီး အသင္းကို ၈ မွတ္ အထိ ျဖတ္ထား လိုက္ႏိုင္ပါတယ္ ။ အာဆင္နယ္ အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၁၈ ပြဲ ကစားရာမွာ ၁၅ ပြဲႏိုင္ ၊ ၂ ပြဲ သေရက်ထားကာ ၁ ပြဲသာ ရႈံးနိမ့္ ထားပါတယ္ ။

မန္ယူႏိုက္တက္ ေနာက္ခံလူေဟာင္း နဗီးလ္ ကေတာ့ အာဆင္နယ္ အသင္း ရဲ႕ ႏိုင္ပြဲ အၿပီးမွာ ရာသီကုန္ အမွတ္ေပး ဇယား ရပ္တည္မႈ ကို ခန႔္မွန္း သြားခဲ့ၿပီး မန္စီးတီး က အဆင့္ ၁ ၊ မန္ယူႏိုက္တက္ က အဆင့္ ၂ ၊ အာဆင္နယ္ က အဆင့္ ၃ ပဲ ရလိမ့္မယ္လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

နဗီးလ္ က Sky Sports မွာ ” အာဆင္နယ္ အသင္း ခ်န္ပီယံ ျဖစ္မယ္လို႔ မထင္ပါဘူး ၊ ဒါေပမယ့္ လက္စတာ စီးတီးတုန္းကလည္း ခ်န္ပီယံ မျဖစ္ႏိုင္ဘူးလို႔ ေျပာခဲ့ဖူးပါတယ္ ၊ အာဆင္နယ္ အသင္း လိဂ္ ခ်န္ပီယံ ျဖစ္မွာ မဟုတ္ပါဘူး ၊ မန္ခ်က္စတာ စီးတီး အသင္းပဲ ခ်န္ပီယံ ျဖစ္ပါလိမ့္မယ္ ၊ မန္ယူႏိုက္တက္ ကေတာ့ ဒုတိယေပါ့ဗ်ာ ။ ”

” က်ေနာ့္စကားက အာဆင္နယ္ ပရိသတ္ေတြကို စိတ္တို ေစမယ္မွန္း သိပါတယ္ ၊ က်ေနာ္ ကေတာ့ မန္စီးတီး ထက္စာရင္ အာဆင္နယ္ ကို ခ်န္ပီယံ ျဖစ္ေစခ်င္ပါတယ္ ၊ သူတို႔သာ ခ်န္ပီယံ ျဖစ္သြားရင္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲႀကီးက ရင္ဖို စိတ္လႈပ္ရွားစရာ ျဖစ္သြားမွာပါ ။ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ ကို မန္စီးတီး ကပဲ စိုးမိုး ထားခဲ့တာပါ ၊ လီဗာပူး ရခဲ့တဲ့ တစ္ႏွစ္ပဲ ရွိခဲ့ပါတယ္ ။ ”

” အာဆင္နယ္ သာ ခ်န္ပီယံ ျဖစ္သြားခဲ့ရင္ လိဂ္ၿပိဳင္ပြဲ က ပိုစိတ္ဝင္စားဖို႔ ေကာင္းသြားမွာပါ ၊ မန္ယူႏိုက္တက္ ကို ရေစခ်င္ေပမယ့္ ဒီႏွစ္ေတာ့ ျဖစ္လာဖို႔ မရွိပါဘူး ၊ လက္ေတြ႕မွာ မန္စီးတီး က အေျခအေန တစ္ရပ္က်ရင္ ႏိုင္ပြဲေတြ ဆက္တိုက္ ရလာပါလိမ့္မယ္ ၊ ေနာက္ပီး အာဆင္နယ္ က မန္စီးတီး နဲ႔ ႏွစ္ႀကိမ္ ကစားရဖို႔ ရွိပါတယ္ ။ ”

” အခု လက္ရွိ အခ်ိန္မွာ ဟာလန္း က အသင္းေဖာ္ေတြဆီက ပံ့ပိုးမႈေကာင္းေတြ မရေသးပါဘူး ၊ ဒါမွ မဟုတ္ သူကိုယ္တိုင္ ပိုၿပီး ႀကိဳးစားဖို႔ လိုအပ္ ေနတာလားပါပဲ ၊ ဟာလန္း ေျခစြမ္းျပ ဂိုးေတြ သြင္းႏိုင္တာနဲ႔ မန္စီးတီး က ရလဒ္ေကာင္းေတြ ျပန္ရလာမွာပါ ၊ မန္စီးတီး အသင္း ခံစစ္ကလည္း အရင္ပြဲေတြကထက္ ပိုတိုးတက္ေကာင္းမြန္လာဖို႔ လိုတာေပါ့ဗ်ာ ၊ ဒီယက္ဇ္ ျပန္ကစားႏိုင္ဖို႔ လိုအပ္ပါတယ္ ၊ ဒါဆိုရင္ မန္စီးတီးအသင္းပဲ ခ်န္ပီယံ ျဖစ္ပါလိမ့္မယ္ ။ ”

” အာဆင္နယ္ အသင္း အတြက္ တကယ့္ကို ခက္ခဲတဲ့ အခ်ိန္ကာလ တစ္ခု ရွိလာဦးမွာပါ ၊ ႏွစ္ပြဲေလာက္ သေရ ၁ ပြဲေလာက္ ရႈံးတာနဲ႔ သူတို႔ အမွတ္ေပး ဇယား ကို ဆက္လက္ဦးေဆာင္ ႏိုင္ေတာ့မွာ မဟုတ္ပါဘူး ၊ က်ေနာ့္ စကားကို အာဆင္နယ္ ပရိသတ္ေတြ ႀကိဳက္ၾကမယ္ မထင္ပါဘူး ၊ ဒါေပမယ့္ သူတို႔ ခ်န္ပီယံ ျဖစ္ဖို႔ေတာ့ တကယ္ ေမွ်ာ္လင့္ပါတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။
crd

Unicode
လက်ရှိဇယားထိပ်က အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ အဆင့်၃ပဲ ရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးလ်
အာဆင်နယ်ပရိတ်သတ်တွေ ဒေါသပုန်ထစေမယ့် စကားနဲ့ မန်ယူနဲ့ပွဲမတိုင်မှီ Mind Game လုပ်လိုက်တဲ့ ယူနိုက်တက်အသင်းရဲ့နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က အာဆင်နယ် အသင်းဟာ အခု လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား ကို ဦးဆောင် နေပေမယ့် ရာသီကုန်မှာ ချန်ပီယံ ဖြစ်မယ်လို့တော့ မထင်ကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့က မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့ စပါး အသင်းကို နှစ်ဂိုးပြတ် အနိုင်ယူပြီးနောက် ဒုတိယနေရာ က မန်ချက်စတာ စီးတီး အသင်းကို ၈ မှတ် အထိ ဖြတ်ထား လိုက်နိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲ ကစားရာမှာ ၁၅ ပွဲနိုင် ၊ ၂ ပွဲ သရေကျထားကာ ၁ ပွဲသာ ရှုံးနိမ့် ထားပါတယ် ။

မန်ယူနိုက်တက် နောက်ခံလူဟောင်း နဗီးလ် ကတော့ အာဆင်နယ် အသင်း ရဲ့ နိုင်ပွဲ အပြီးမှာ ရာသီကုန် အမှတ်ပေး ဇယား ရပ်တည်မှု ကို ခန့်မှန်း သွားခဲ့ပြီး မန်စီးတီး က အဆင့် ၁ ၊ မန်ယူနိုက်တက် က အဆင့် ၂ ၊ အာဆင်နယ် က အဆင့် ၃ ပဲ ရလိမ့်မယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

နဗီးလ် က Sky Sports မှာ ” အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်မယ်လို့ မထင်ပါဘူး ၊ ဒါပေမယ့် လက်စတာ စီးတီးတုန်းကလည်း ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ဖူးပါတယ် ၊ အာဆင်နယ် အသင်း လိဂ် ချန်ပီယံ ဖြစ်မှာ မဟုတ်ပါဘူး ၊ မန်ချက်စတာ စီးတီး အသင်းပဲ ချန်ပီယံ ဖြစ်ပါလိမ့်မယ် ၊ မန်ယူနိုက်တက် ကတော့ ဒုတိယပေါ့ဗျာ ။ ”

” ကျနော့်စကားက အာဆင်နယ် ပရိသတ်တွေကို စိတ်တို စေမယ်မှန်း သိပါတယ် ၊ ကျနော် ကတော့ မန်စီးတီး ထက်စာရင် အာဆင်နယ် ကို ချန်ပီယံ ဖြစ်စေချင်ပါတယ် ၊ သူတို့သာ ချန်ပီယံ ဖြစ်သွားရင် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးက ရင်ဖို စိတ်လှုပ်ရှားစရာ ဖြစ်သွားမှာပါ ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲ ကို မန်စီးတီး ကပဲ စိုးမိုး ထားခဲ့တာပါ ၊ လီဗာပူး ရခဲ့တဲ့ တစ်နှစ်ပဲ ရှိခဲ့ပါတယ် ။ ”

” အာဆင်နယ် သာ ချန်ပီယံ ဖြစ်သွားခဲ့ရင် လိဂ်ပြိုင်ပွဲ က ပိုစိတ်ဝင်စားဖို့ ကောင်းသွားမှာပါ ၊ မန်ယူနိုက်တက် ကို ရစေချင်ပေမယ့် ဒီနှစ်တော့ ဖြစ်လာဖို့ မရှိပါဘူး ၊ လက်တွေ့မှာ မန်စီးတီး က အခြေအနေ တစ်ရပ်ကျရင် နိုင်ပွဲတွေ ဆက်တိုက် ရလာပါလိမ့်မယ် ၊ နောက်ပီး အာဆင်နယ် က မန်စီးတီး နဲ့ နှစ်ကြိမ် ကစားရဖို့ ရှိပါတယ် ။ ”

” အခု လက်ရှိ အချိန်မှာ ဟာလန်း က အသင်းဖော်တွေဆီက ပံ့ပိုးမှုကောင်းတွေ မရသေးပါဘူး ၊ ဒါမှ မဟုတ် သူကိုယ်တိုင် ပိုပြီး ကြိုးစားဖို့ လိုအပ် နေတာလားပါပဲ ၊ ဟာလန်း ခြေစွမ်းပြ ဂိုးတွေ သွင်းနိုင်တာနဲ့ မန်စီးတီး က ရလဒ်ကောင်းတွေ ပြန်ရလာမှာပါ ၊ မန်စီးတီး အသင်း ခံစစ်ကလည်း အရင်ပွဲတွေကထက် ပိုတိုးတက်ကောင်းမွန်လာဖို့ လိုတာပေါ့ဗျာ ၊ ဒီယက်ဇ် ပြန်ကစားနိုင်ဖို့ လိုအပ်ပါတယ် ၊ ဒါဆိုရင် မန်စီးတီးအသင်းပဲ ချန်ပီယံ ဖြစ်ပါလိမ့်မယ် ။ ”

” အာဆင်နယ် အသင်း အတွက် တကယ့်ကို ခက်ခဲတဲ့ အချိန်ကာလ တစ်ခု ရှိလာဦးမှာပါ ၊ နှစ်ပွဲလောက် သရေ ၁ ပွဲလောက် ရှုံးတာနဲ့ သူတို့ အမှတ်ပေး ဇယား ကို ဆက်လက်ဦးဆောင် နိုင်တော့မှာ မဟုတ်ပါဘူး ၊ ကျနော့် စကားကို အာဆင်နယ် ပရိသတ်တွေ ကြိုက်ကြမယ် မထင်ပါဘူး ၊ ဒါပေမယ့် သူတို့ ချန်ပီယံ ဖြစ်ဖို့တော့ တကယ် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
crd

Add a Comment

Your email address will not be published. Required fields are marked *