



crd

unicode

အာဂျင်တိုင်းခံစစ်ကိုဦးဆောင်ပြီး ကစားသမားဘ၀ ပထမဆုံးကမ္ဘာ့ဖလားပွဲဦးထွက်မှာ clean sheet နိုင်ပွဲရယူပေးခဲ့တဲ့ ယူနိုက်တက်ခံစစ်မှူး မာတီနက်ဇ်

မန်ချက်စတာ ယူနိုက်တက် ဗဟို နောက်ခံလူ လီဆန်ဒရို မာတီးနက်ဟာ သူ့ရဲ့ နိုင်ငံအသင်းအတွက် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တဲ့ ပွဲမှာ မိနစ် ( ၉၀) ပြည့် ကစားသွားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ လူဆေးလ်ကွင်းမှာ လီယွန်နယ် မက်ဆီ ၊ အင်ဇို ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ မက္ကဆီကိုကို ( ၂-၀ ) ရလာဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့က အုပ်စု ( ဂ ) ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး နိုဝင်ဘာလ ( ၃၀ )ရက်နေ့တွင် အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် ပိုလန်အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။ ဒါက မာတီးနက်ရဲ့ ပထမဆုံး ပွဲထွက်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပွဲစဥ်ဖြစ်ပြီး clean sheet ရရှိအောင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

မာတီးနက်ဟာ tackles တွေအားလုံးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သလို ဘောလုံးပေးပို့မှုကလည်း ( ၈၆ ) ရာခိုင်နှုန်း တိကျခဲ့ပါတယ်။ ဘောလုံးထိချက် ( ၄၇ ) ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ရှင်းထုတ်မှု ( ၄ ) ကြိမ် ၊ မြေပြင်ယှဥ်လုယူမှု ( ၂ ) ကြိမ် ၊ အမြင့်ဘော ယှဥ်လုယူမှု ( ၁ ) ကြိမ် ၊ ဖြတ်တောက်မှု ( ၁ ) ကြိမ် အောင်မြင်ခဲ့ပါတယ်။

Lisandro Martinez ကတော့ မိနစ်ကိုးဆယ်အပြည့်ကစားသွားပြီး သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးကမ္ဘာ့ဖလားပွဲဦးထွက်မှာပဲ Clean Sheet ရယူနိုင်သွားခဲ့ပါတယ်။ မာတီးနက်ဟာ ကမ္ဘာ့အဆင့် အမြင့်ဆုံး ပြိုင်ပွဲကြီးမှာပါ သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနေပြီး ယူနိုက်တက်အတွက်ကတော့ ကျေနပ်စရာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *