



crd

unicode

အသင်းကြီးရဲ့ထရိန်နင်မှာ တန်ဟဂ်ထပ်မံခေါ်ယူအားဖြည့်လိုက်တဲ့ အသက် ၁၇နှစ်အရွယ် လူငယ်ဗဟိုခံစစ်မှူး ဆွန်နီ

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညမှာ ရာသီစဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ နည်းပြကြီးကတော့ ပရီးမီးယားလိဂ်၏ ပထမဆုံးအရသာဖြစ်တဲ့ ဘရိုက်တန်နဲ့ပွဲအတွက် ပြင်ဆင်မှုများကို အဓိကထားလုပ်ဆောင်နေတာဖြစ်ပါတယ်။ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးအစီစဉ်မှာ လူငယ်ကစားသမား ဆွန်နီအလ်ဖရီးကို ခေါ်ယူအားဖြည့်ခဲ့တာကို မြင်တွေ့ရပါတယ်။

အသက် ၁၇နှစ်အရွယ် လူငယ်ကစားသမား Aljofree ဟာခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တခြားနာမည်ကြီးတွေနဲ့ အတူ လေကျင့်ရေးဆင်းခွင့်ရရှိခဲ့ပြီး အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိခဲ့တာဖြစ်ပါတယ်။ အသက်(၁၇)နှစ်အရွယ်သာ ရှိသေးတဲ့ ဆွန်နီဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယူ-၁၈အသင်းနဲ့အတူ ဗဟိုခံစစ်မှုးအဖြစ် ပါဝင်ကစားနေသူပါ။

ဆွန်နီဟာ အာရှသွေး ရောနှောသူတစ်ယောက်ဖြစ်ပြီး၊ စင်္ကာပူနဲ့ အင်္ဂလန်ရဲ့ ကပြားကစားသမားတစ်ယောက် ဖြစ်ပါတယ်။ယမန်နှစ်က မန်ချက်စတာယူနိုက်တက် ယူ-၁၈အသင်းနဲ့အတူ FA Youth Cup ဆုဖလားကို ရယူခဲ့တဲ့ နေရာမှာ အဓိကနေရာက ပါဝင်ခဲ့သူပါ။ ပရီးမီးယားလိဂ်ရာသီစတင်ပြီဖြစ်တာနဲ့အညီ ယူနိုက်တက်ဟာ ကစားသမား၃ယောက်သာခေါ်ယူနိုင်ခဲ့ပြီး ကစားသမား ၈ယောက်ထိ ထွက်ခွါခွင့်ပြုထားတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြTen Hag ဟာ အကယ်ဒမီထွက်လူငယ်များအတွက် ကြိုးစားရင်ကြိုးသလောက် အခွင့်အရေးပေးသွားမယ်လို့ဆိုပါတယ်။ ရာသီကြိုပွဲစဉ်တွေမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ချာလီဆားဗစ်နဲ့ ဇီဒန်း အစ်ဘယ်စ်တို့က ခြေစွမ်းပြကစားခဲ့ကြတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *