crd
unicode
အသင်းအတွက်ဆို အရိုးကြေကြေအရည်ခမ်းခမ်းအနာခံပေးဆပ်ကစားတဲ့ မာတီနက်ဇ်ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုချီးကျူးလိုက်တဲ့ သရဲနီဂန္တဝင်ခံစစ်မှုးဟောင်း နီမန်ဂျာ ဗီဒစ်
မန်ယူနိုက်တဒ်ဂန္နဝင်ကစားသမားတဦးဖြစ်တဲ့ နီမန်ဂျာဗီဒစ်ကတော့ အဲရစ်တန်ဟတ်ခေါ်ယူခဲ့တဲ့ ခံစစ်မှုး မာတီနက်ဇ်က ကောင်းမွန်လှတဲ့ ခေါ်ယူမှု ဖြစ်ခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။မာတီနက်ဇ်နဲ့ ဗီဒစ်တို့မှာ ဘယ်အရာတူညီသလဲပြပါဆိုရင် အသင်းအတွက်ဆို အရိုးကျေကျေ အရည်ခမ်းခမ်း အနာခံပေးဆပ်ကစားတတ်တဲ့ တိုက်ပွဲဝင် စိတ်ဓါတ်ပဲ ဖြစ်ပါလိမ့်မယ်။
ဗီဒစ်ဟာ ကစားသမားဘဝမှာ တိုက်ရဲခိုက်ရဲတဲ့ စစ်သူရဲ ဖြစ်ခဲ့သလောက် အနားယူပြီးနောက်ပိုင်းမှာ အသင်းနဲ့ပက်သက်တဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ပြောဆိုလေ့မရှိပေမယ့် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ ခြေစွမ်းတွေ အပေါ်မှာတော့ ထူးထူးခြားခြားပဲ မီဒီယာကတဆင့် ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။
ဗီဒစ်က “မာတီနက်ဇ်က သိပ်ကောင်းတဲ့ ခေါ်ယူမှုလို့ ပြောလို့ရပါတယ်။ ဗာရန်းက အတွေ့ကြုံများတဲ့ ကစားသမားတစ်ဦးပါ။ သူ့မှာ ဒဏ်ရာပြသနာတချို့ ရှိခဲ့ပေမယ့် သူတို့အတွဲဖက်က ခုထက်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ပြနိုင်ဦးမယ်ဆို ယုံကြည်ပါတယ်။ သူတို့အတူတကွကစားတဲ့ ပွဲအရေအတွက် ပိုများလာလေ သူတို့ကြားမှာ ပိုကောင်းတဲ့ အတွဲစပ်ဖြစ်လာလေ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် လီဆန်ဒရိုရဲ့ အသင်းကိုရောက်ရှိလာချိန်ကစပြီး ပြသခဲ့တဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ တကယ်ပဲ ဂုဏ်ယူမိပါတယ်”လို့ဆိုပါတယ်။
ဆက်လက်ပြီး နီမန်ဂျာဗီဒစ်က “သူအင်္ဂလန်ကို စပြီးရောက်တဲ့အချိန်က ပရိတ်သတ်တွေက သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတချို့ ရှိခဲ့ကြပါတယ်။ တချို့ကတော့ သူ့ရဲ့အားနည်းချက်အပေါ် ဝေဖန်ထိုးနှက်လိုကြတာပါ။ ဒါပေမယ့် အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်အဖြစ်ရော ခံစစ်မှုးတစ်ယောက်အနေနဲ့ပါ သူကစားတဲ့ပုံစံက ပြသနာမရှိပဲ အံဝင်ဂွင်ကျဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် သိပြီးသားပါ။ လူတွေက အင်္ဂလန်မှာ မာတီနက်ဇ် ကစားပြတာကို အံ့သြလောက်ကြမှာပါ။ ကျွန်တော်လည်း အဲ့လိဂ်က နောက်ခံလူဟောင်းဖြစ်တာကြောင့် သူ့ စွမ်းဆောင်ရည်ကိုမြင်ရတာ အမှန်တကယ်ကို ပျော်ရွှင်မှုရှိပါတယ်။ အထူးသဖြင့် သူ့ရဲ့နိုင်လိုစိတ်ပြင်းပြမှု၊ ရဲတင်းစွာကစားမှု နဲ့အတူ သူ့ခွန်အားတွေက ကျွန်တော့်ကို အထင်ကြီးစေခဲ့တာ အမှန်ပါပဲ”လို့ ချိီးမွမ်းသွားခဲ့ပါတယ်။