အသင္းသားမ်ားအၾကား မလိုလားအပ္တဲ့ ျပႆနာေတြမျဖစ္ေစဖို႔ ေရာ္နယ္ဒိုဥပေဒဟုနာမည္တပ္ထားေသာ စည္းကမ္းတစ္ရပ္ကို သတ္မွတ္လိုက္တဲ့ တန္ဟက္ဂ္
| အသင္းသားမ်ားအၾကား မလိုလားအပ္တဲ့ ျပႆနာေတြမျဖစ္ေစဖို႔ ေရာ္နယ္ဒိုဥပေဒဟုနာမည္တပ္ထားေသာ စည္းကမ္းတစ္ရပ္ကို သတ္မွတ္လိုက္တဲ့ တန္ဟက္ဂ္
မန္ယူအသင္းမွာ ေရာ္နယ္ဒိုဥပေဒဟုနာမည္တပ္ထားေသာ စည္းကမ္းတစ္ရပ္ကို သတ္မွတ္လိုက္တဲ့ သံမဏိပဲ့ကိုင္ရွင္ႀကီး တန္ဟက္ဂ္
မန္ယူအသင္းမန္ေနဂ်ာတန္းဟက္သည္ အသင္းသားမ်ားအၾကားစည္းလုံးညီၫြတ္မႈ တိုးတက္ေစရန္အတြက္ အသင္းဝင္မည္သည့္ကစားသမားကမွ် အျခားအသင္းေဖာ္မ်ားထက္ သိသိသာသာလစာမ်ားမေနရသည့္ စည္းကမ္းတစ္ရပ္ကို မန္ယူတြင္ ခ်မွတ္ရန္စီစဥ္ေနၿပီး အဆိုပါစည္းကမ္းကို ေရာ္နယ္ဒိုဥပေဒဟု နာမည္ေပးရန္လည္းရွိေၾကာင္း သတင္းမ်ားက ေဖာ္ျပသည္။
မန္ယူတြင္ အျမင့္ဆုံးလစာေငြကို တစ္ပတ္လွ်င္ ေပါင္ ၂ သိန္းအထိသာသတ္မွတ္ရန္ႀကိဳးစားေနၿပီး ထိုသို႔သတ္မွတ္ပါက ပထမဆုံးထိခိုက္မည့္ကစားသမားမွာ ဂိုးသမားဒေဟးယားျဖစ္သည္။ ဒေဟးယား၏ တစ္ပတ္လုပ္ခေပါင္ ၃၇၅,၀၀၀ ျဖင့္မန္ယူႏွင့္ ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္သည္ လာမည့္ေႏြရာသီတြင္ သက္တမ္းကုန္ဆုံးမည္ျဖစ္သည္။ မန္ယူသည္ စပိန္ဂိုးသမားကို လစာေလွ်ာ့ယူၿပီး သက္တမ္းတိုးမည္လား အသင္းမွ ထြက္ခြာမည္လားဆိုၿပီး ေ႐ြးခ်ယ္ခိုင္းမည္ျဖစ္ေၾကာင္း မီဒီယာမ်ားက ေဖာ္ျပသည္။
မန္ယူသည္စီအီးအိုဝုဒ္ဝက္ဒ္ကိုင္တြယ္သည့္ေခတ္တြင္ ေရာ္နယ္ဒိုကဲ့သို႔နာမည္ႀကီး ကစားသမားမ်ားကို ေခၚယူၿပီးလစာေပးသည့္ စနစ္မွာ မ်ားစြာမညီမွ်မႈျဖစ္ခဲ့ၿပီး ထိုအေျခအေနကို တန္းဟက္က ျပင္ဆင္ရန္ ႀကိဳးစားေနျခင္းျဖစ္သည္။
crd
Unicode
အသင်းသားများအကြား မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်စေဖို့ ရော်နယ်ဒိုဥပဒေဟုနာမည်တပ်ထားသော စည်းကမ်းတစ်ရပ်ကို သတ်မှတ်လိုက်တဲ့ တန်ဟက်ဂ်
မန်ယူအသင်းမှာ ရော်နယ်ဒိုဥပဒေဟုနာမည်တပ်ထားသော စည်းကမ်းတစ်ရပ်ကို သတ်မှတ်လိုက်တဲ့ သံမဏိပဲ့ကိုင်ရှင်ကြီး တန်ဟက်ဂ်
မန်ယူအသင်းမန်နေဂျာတန်းဟက်သည် အသင်းသားများအကြားစည်းလုံးညီညွတ်မှု တိုးတက်စေရန်အတွက် အသင်းဝင်မည်သည့်ကစားသမားကမျှ အခြားအသင်းဖော်များထက် သိသိသာသာလစာများမနေရသည့် စည်းကမ်းတစ်ရပ်ကို မန်ယူတွင် ချမှတ်ရန်စီစဉ်နေပြီး အဆိုပါစည်းကမ်းကို ရော်နယ်ဒိုဥပဒေဟု နာမည်ပေးရန်လည်းရှိကြောင်း သတင်းများက ဖော်ပြသည်။
မန်ယူတွင် အမြင့်ဆုံးလစာငွေကို တစ်ပတ်လျှင် ပေါင် ၂ သိန်းအထိသာသတ်မှတ်ရန်ကြိုးစားနေပြီး ထိုသို့သတ်မှတ်ပါက ပထမဆုံးထိခိုက်မည့်ကစားသမားမှာ ဂိုးသမားဒဟေးယားဖြစ်သည်။ ဒဟေးယား၏ တစ်ပတ်လုပ်ခပေါင် ၃၇၅,၀၀၀ ဖြင့်မန်ယူနှင့် ချုပ်ဆိုထားသော စာချုပ်သည် လာမည့်နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ မန်ယူသည် စပိန်ဂိုးသမားကို လစာလျှော့ယူပြီး သက်တမ်းတိုးမည်လား အသင်းမှ ထွက်ခွာမည်လားဆိုပြီး ရွေးချယ်ခိုင်းမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။
မန်ယူသည်စီအီးအိုဝုဒ်ဝက်ဒ်ကိုင်တွယ်သည့်ခေတ်တွင် ရော်နယ်ဒိုကဲ့သို့နာမည်ကြီး ကစားသမားများကို ခေါ်ယူပြီးလစာပေးသည့် စနစ်မှာ များစွာမညီမျှမှုဖြစ်ခဲ့ပြီး ထိုအခြေအနေကို တန်းဟက်က ပြင်ဆင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
crd