အသင္းလိုအပ္ေနခ်ိန္မွာေတာင္ ေျခစြမ္းမျပႏိုင္တဲ့ သရဲနီတစ္ဦးရဲ႕ စိတ္ဓါတ္နဲ႔ ေျခစြမ္းကို ေမးခြန္းထုတ္လိုက္တဲ့ ယူႏိုက္တက္ဂႏၲဝင္ ဖာဒီနန္နဲ႔ ေပါလ္စခိုး

အသင္းလိုအပ္ေနခ်ိန္မွာေတာင္ ေျခစြမ္းမျပႏိုင္တဲ့ သရဲနီတစ္ဦးရဲ႕ စိတ္ဓါတ္နဲ႔ ေျခစြမ္းကို ေမးခြန္းထုတ္လိုက္တဲ့ ယူႏိုက္တက္ဂႏၲဝင္ ဖာဒီနန္နဲ႔ ေပါလ္စခိုး
အခြင့္အေရးေတြ အႀကိမ္ႀကိမ္ေပးေနတာေတာင္ ေျခစြမ္းမျပႏိုင္တဲ့ မာစီယယ္လ္ရဲ႕ အသင္းအေပၚေပးဆပ္လိုစိတ္နဲ႔ ေျခစြမ္းကို ေမးခြန္းထုတ္လိုက္တဲ့ ယူႏိုက္တက္ဂႏၲဝင္ ဖာဒီနန္နဲ႔ ေပါလ္စခိုး

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေတြျဖစ္ၾကတဲ့ ရီယို ဖာဒီနန္နဲ႔ ေပါလ္ စခိုးတို႔ဟာ အိုးထရက္ဖို႔ဒ္က အန္သိုနီ မာစီယယ္လ္ရဲ႕ ကစားသမားဘဝကို ေမးခြန္းထုတ္ခဲ့ပါတယ္။

အန္သိုနီ မာစီယယ္လ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝဟာ အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့အခ်ိန္အတြင္း အနိမ့္အျမင့္၊ အတက္အက်ေတြအမ်ားအျပားနဲ႔ အေကာင္းအဆိုး ေရာေထြးေနခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ၂၀၁၅ ခုႏွစ္ ေႏြရာသီမွာ မိုနာကိုအသင္းကေန မာစီယယ္လ္ကို ေခၚယူခဲ့တဲ့အခ်ိန္မွာ ပရိသတ္ေတြဟာ ျပင္သစ္တိုက္စစ္မႉးဆီကေန ႀကီးမားတဲ့ ေမွ်ာ္မွန္းခ်က္ေတြ ထားရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ မာစီယယ္လ္အတြက္ ေပါင္ ၅၈ သန္းအထိ ျမင့္တက္ႏိုင္တဲ့ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၆ သန္းေပးေခ်ခဲ့ရၿပီး အဲဒီအခ်ိန္တုန္းက ဆယ္ေက်ာ္သက္ကစားသမားတစ္ေယာက္အတြက္ အျမင့္မားဆုံးေျပာင္းေ႐ႊ႕ေၾကးကို ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မာစီယယ္လ္ဟာ အိုးထရက္ဖို႔ဒ္မွာ ေမွ်ာ္မွန္းထားတဲ့ေျခစြမ္းအတိုင္း ျပသဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ေကာင္းတလွည့္ မေကာင္းတလွည့္ ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ရီယို ဖာဒီနန္က မာစီယယ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္မွာ ရွိေနခဲ့တဲ့အခ်ိန္ေတြနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနရဲ႕လားဆိုတာကို ေမးခြန္းထုတ္ခဲ့တာျဖစ္ၿပီး “ကြၽန္ေတာ္ သူ မန္ယူႏိုက္တက္ရွပ္နဲ႔ လုပ္ေနတာေတြကို စိတ္ေက်နပ္မႈရွိရဲ႕လားဆိုတာ သိခ်င္ပါတယ္။ သူ႔ရဲ႕ မန္ယူႏိုက္တက္ကစားသမားဘဝမွာ မာစီယယ္လ္က သူရရွိခဲ့တာေတြနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ခဲ့ရဲ႕လား။ သူ မေပ်ာ္႐ႊင္ေနဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အမ်ားႀကီးပိုၿပီး လုပ္စရာေတြ ရွိေနလို႔ပါ။ သူ အိုးထရက္ဖို႔ဒ္က ျမင္ကြင္းထဲကို ဝင္ေရာက္လာၿပီး လီဗာပူးလ္နဲ႔ပြဲစဥ္က ဂိုးကို သြင္းယူသြားတဲ့အခ်ိန္မွာ အားလုံးက ဘုရားသခင္ ဒီဆယ္ေက်ာ္သက္ေလးက ေကာင္းလွခ်ည္လား။ ေပါင္သန္း ၅၀ တန္။ သီယာရီ အြန္နရီလက္သစ္မ်ားလားဆိုၿပီး ျဖစ္သြားခဲ့ၾကပါတယ္”

ေပါလ္ စခိုးကလည္း မာစီယယ္လ္ဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ေအာင္ျမင္မႈ ရရွိဖို႔ အိတ္သြန္ဖာေမွာက္ လုပ္ေဆာင္သြားရမွာျဖစ္ေပမယ့္လည္း စိတ္ပိုင္းဆိုင္ရာမွာ ကင္းမဲ့ေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “သူ႔မွာ အရာအားလုံးရွိတယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ သူ နည္းလမ္းေပါင္းစုံနဲ႔ သြားႏိုင္ပါတယ္။ သူက သန္မာတယ္။ အားေကာင္းတယ္။ စိတ္ပိုင္းဆိုင္ရာကေတာ့ တစ္ခုတည္းေသာ ေမးခြန္းထုတ္စရာ ျဖစ္ႏိုင္ပါတယ္။သူ အဲဒါကို လုပ္ႏိုင္မွာလား။ သူ မန္ယူႏိုက္တက္ကို ပရီးမီးယားလိဂ္ရရွိေအာင္ စြမ္းေဆာင္ေပးမွာလား။ သူ ၂၅ ဂိုး သြင္းယူေပးႏိုင္မွာလား။သူက ေျခစြမ္းပိုင္းတည္ၿငိမ္မႈရွိပါ့မလား”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မာစီယယ္လ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ယေန႔အခ်ိန္အထိ ၂၈၄ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၈၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၉ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။
crd

Unicode
အသင်းလိုအပ်နေချိန်မှာတောင် ခြေစွမ်းမပြနိုင်တဲ့ သရဲနီတစ်ဦးရဲ့ စိတ်ဓါတ်နဲ့ ခြေစွမ်းကို မေးခွန်းထုတ်လိုက်တဲ့ ယူနိုက်တက်ဂန္တဝင် ဖာဒီနန်နဲ့ ပေါလ်စခိုး
အခွင့်အရေးတွေ အကြိမ်ကြိမ်ပေးနေတာတောင် ခြေစွမ်းမပြနိုင်တဲ့ မာစီယယ်လ်ရဲ့ အသင်းအပေါ်ပေးဆပ်လိုစိတ်နဲ့ ခြေစွမ်းကို မေးခွန်းထုတ်လိုက်တဲ့ ယူနိုက်တက်ဂန္တဝင် ဖာဒီနန်နဲ့ ပေါလ်စခိုး

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်ကြတဲ့ ရီယို ဖာဒီနန်နဲ့ ပေါလ် စခိုးတို့ဟာ အိုးထရက်ဖို့ဒ်က အန်သိုနီ မာစီယယ်လ်ရဲ့ ကစားသမားဘဝကို မေးခွန်းထုတ်ခဲ့ပါတယ်။

အန်သိုနီ မာစီယယ်လ်ရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့အချိန်အတွင်း အနိမ့်အမြင့်၊ အတက်အကျတွေအများအပြားနဲ့ အကောင်းအဆိုး ရောထွေးနေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ၂၀၁၅ ခုနှစ် နွေရာသီမှာ မိုနာကိုအသင်းကနေ မာစီယယ်လ်ကို ခေါ်ယူခဲ့တဲ့အချိန်မှာ ပရိသတ်တွေဟာ ပြင်သစ်တိုက်စစ်မှူးဆီကနေ ကြီးမားတဲ့ မျှော်မှန်းချက်တွေ ထားရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မာစီယယ်လ်အတွက် ပေါင် ၅၈ သန်းအထိ မြင့်တက်နိုင်တဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းပေးချေခဲ့ရပြီး အဲဒီအချိန်တုန်းက ဆယ်ကျော်သက်ကစားသမားတစ်ယောက်အတွက် အမြင့်မားဆုံးပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာစီယယ်လ်ဟာ အိုးထရက်ဖို့ဒ်မှာ မျှော်မှန်းထားတဲ့ခြေစွမ်းအတိုင်း ပြသဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ကောင်းတလှည့် မကောင်းတလှည့် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ရီယို ဖာဒီနန်က မာစီယယ်အနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ ရှိနေခဲ့တဲ့အချိန်တွေနဲ့ပတ်သက်ပြီး ပျော်ရွှင်နေရဲ့လားဆိုတာကို မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး “ကျွန်တော် သူ မန်ယူနိုက်တက်ရှပ်နဲ့ လုပ်နေတာတွေကို စိတ်ကျေနပ်မှုရှိရဲ့လားဆိုတာ သိချင်ပါတယ်။ သူ့ရဲ့ မန်ယူနိုက်တက်ကစားသမားဘဝမှာ မာစီယယ်လ်က သူရရှိခဲ့တာတွေနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရဲ့လား။ သူ မပျော်ရွှင်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အများကြီးပိုပြီး လုပ်စရာတွေ ရှိနေလို့ပါ။ သူ အိုးထရက်ဖို့ဒ်က မြင်ကွင်းထဲကို ဝင်ရောက်လာပြီး လီဗာပူးလ်နဲ့ပွဲစဉ်က ဂိုးကို သွင်းယူသွားတဲ့အချိန်မှာ အားလုံးက ဘုရားသခင် ဒီဆယ်ကျော်သက်လေးက ကောင်းလှချည်လား။ ပေါင်သန်း ၅၀ တန်။ သီယာရီ အွန်နရီလက်သစ်များလားဆိုပြီး ဖြစ်သွားခဲ့ကြပါတယ်”

ပေါလ် စခိုးကလည်း မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်မှု ရရှိဖို့ အိတ်သွန်ဖာမှောက် လုပ်ဆောင်သွားရမှာဖြစ်ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာမှာ ကင်းမဲ့နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “သူ့မှာ အရာအားလုံးရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူ နည်းလမ်းပေါင်းစုံနဲ့ သွားနိုင်ပါတယ်။ သူက သန်မာတယ်။ အားကောင်းတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ တစ်ခုတည်းသော မေးခွန်းထုတ်စရာ ဖြစ်နိုင်ပါတယ်။သူ အဲဒါကို လုပ်နိုင်မှာလား။ သူ မန်ယူနိုက်တက်ကို ပရီးမီးယားလိဂ်ရရှိအောင် စွမ်းဆောင်ပေးမှာလား။ သူ ၂၅ ဂိုး သွင်းယူပေးနိုင်မှာလား။သူက ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိပါ့မလား”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယနေ့အချိန်အထိ ၂၈၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၈၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *