အသင္းတိုင္းက ေၾကာက္ဒူးတုန္ေနရၿပီး ရပ္တန႔္လို႔မရေတာ့တဲ့ ရက္ရ္ွဖို႔ဒ္ေျခစြမ္းနဲ႔ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့တဲ့ လန္ထြက္ေနတဲ့ တန္ဟက္ဂ္ရဲ႕ မန္ခ်က္
|အသင္းတိုင္းက ေၾကာက္ဒူးတုန္ေနရၿပီး ရပ္တန႔္လို႔မရေတာ့တဲ့ ရက္ရ္ွဖို႔ဒ္ေျခစြမ္းနဲ႔ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့တဲ့ လန္ထြက္ေနတဲ့ တန္ဟက္ဂ္ရဲ႕ မန္ခ်က္
(ယူႏိုက္တက္ ၃-၀ ခ်ာလ္တန္ ပြဲၿပီးသုံးသပ္ခ်က္)
ရပ္တန႔္လို႔မရေတာ့တဲ့ သရဲနီရက္ရ္ွဖို႔ဒ္နဲ႔ ဘာလာလာဂိုးျပတ္ႀကဳံးဆိုတဲ့ လန္ထြက္ေနတဲ့ တန္ဟက္ဂ္ရဲ႕ မန္ခ်က္ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ (ယူႏိုက္တက္ ၃-၀ ခ်ာလ္တန္ ပြဲၿပီးသုံးသပ္ခ်က္)
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဟီတန္၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ မာတီနက္ဇ္၊ ဒါေလာ့နဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ မိန္ႏူးနဲ႔ ဖရက္ဒ္တို႔ကို ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ အီလန္ဂါနဲ႔ ဂါနာခ်ိဳတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ ခ်ာလ္တန္အသင္းကေတာ့ ဂိုးသမား ေမနာ့ဒ္၊ ခံစစ္မွာ အင္းနစၥ၊ နက္စ္၊ ကလဲရ္နဲ႔ ဆက္ဆီၫြန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ေဒါ့ဘ္ဆန္၊ ဖေရဆာနဲ႔ ေမာ္ဂန္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကယီ၊ ဘလက္ကက္-ေတလာနဲ႔ လီယာဘန္းတို႔ကို သုံးစြဲလာခဲ့တာပါ။
ဖန္တီးမႈ မရွိတဲ့ ကြင္းလယ္ကို သိသိႀကီးနဲ႔ ခင္းက်င္းလာတဲ့ တန္ဟတ္ရဲ႕ ဗ်ဴဟာေၾကာင့္ ယူႏိုက္တက္တို႔ ေတာင္ပံေတြနဲ႔ အေဝးေဘာေတြကို အားျပဳခဲ့ရသလို ကစားကြက္ပုံေဖာ္မႈေတြက ေတာ္ေတာ္ေလး ပရမ္းပတာဆန္ေနခဲ့ၿပီး ဂါနာခ်ိဳရဲ႕ ဘယ္ေတာင္ပံမွာ တစ္ဦးခ်င္း ကြၽမ္းက်င္မႈနဲ႔ ခ်ာလ္တန္ကစားသမားေတြကို ပညာျပေနမႈတစ္ခုကပဲ အားရစရာျဖစ္ခဲ့ပါတယ္။
ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံတိုက္စစ္ကေန မာလာစီယာက ျပန္ေပးတဲ့ ေဘာလုံးကို ဖရက္ဒ္က ရယူၿပီး ညာျခမ္းကို ျပန္ျဖန႔္ေပးခဲ့ရာမွာ ေနရာလြတ္ ေတာ္ေတာ္မ်ားမ်ား ရထားတဲ့ အန္တိုနီက အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ၿပီး ကန္သြင္းခဲ့ရာမွာ ခ်ာလ္တန္ဂိုးသမား ေမနာ့ဒ္ ကာကြယ္ဖို႔ မတတ္ႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။
ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာ ဖရက္ဒ္၊ မက္ေတာ္မီေနးနဲ႔ အီလန္ဂါတို႔လို ကစားသမားေတြရဲ႕ ေျခစြမ္းက စိတ္ပ်က္စရာျဖစ္ခဲ့သလို ဖရက္ဒ္ရဲ႕ ဖရီးကစ္ကေတာ့ တိုင္ထိထြက္ခဲ့ၿပီး ဂါနာခ်ိဳနဲ႔ အန္တိုနီတို႔ကလည္း ဂိုးေပါက္တည့္ေအာင္ မလုပ္ႏိုင္ခဲ့ၾကလို႔ ယူႏိုက္တက္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ခ်ာလ္တန္ကို အႏိုင္ရေနခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ တန္ျပန္တိုက္စစ္ေတြကေန ဖိအားေပးဖို႔ ႀကိဳးစားလာခဲ့တဲ့ ခ်ာလ္တန္တို႔ေၾကာင့္ တန္ဟတ္အေနနဲ႔ တစ္ဂိုးတည္းနဲ႔ ဆက္သြားဖို႔ မျဖစ္ေတာ့သလို ဖန္တီးမႈ အားနည္းၿပီး ပညာသား မပါတဲ့ ကြင္းလယ္ကစားကြက္ကို ျပင္ဆင္ဖို႔ ႀကိဳးစားခဲ့ရၿပီး မိန္ႏူး၊ ဖရက္ဒ္နဲ႔ အန္တိုနီတို႔ အစား ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ထည့္သြင္းခဲ့ရတာပါ။
အဲရစ္ဆန္နဲ႔ ကာစီမီ႐ိုတို႔ေၾကာင့္ ကစားကြက္က တက္လာခဲ့ေပမယ့္ ေကာင္တာနဲ႔ ႐ုန္းေနတဲ့ ခ်ာလ္တန္ေၾကာင့္ ခံစစ္ေတြ အလုပ္မ်ားခဲ့ရၿပီး မာလာစီယာနဲ႔ မက္ဂြိဳင္းယားတို႔ အဝါေတြ ဆက္တိုက္ထိခဲ့ၾကတာေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ ေနာက္ဆုံးလူစားလဲမႈအျဖစ္ အီလန္ဂါအစား ပယ္လစၥထရီကို ထည့္ၿပီး ညာေတာင္ပံက တိုက္စစ္ကစားေစခဲ့ပါတယ္။
ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ယူႏိုက္တက္တို႔ ရင္ေအးရေစမယ့္ ဒုတိယဂိုးကို ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကာစီမီ႐ိုရဲ႕ တိက်တဲ့ ေပးပို႔မႈကို ညာေတာင္ပံကေန ရသြားခဲ့တဲ့ ပယ္လစၥထရီက အတြင္းကို ဝင္ေျပးၿပီး ဧရိယာထိပ္ကေန ဘယ္ျခမ္းကို ခင္းေပးရာမွာ ရက္ရွ္ဖို႔ဒ္က အပိုင္ထိန္းၿပီး ေရွ႕ထြက္ပိတ္တဲ့ ဂိုးသမားကို အသာေလးေက်ာ္သြင္းသြားႏိုင္ခဲ့တာပါ။
နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ ခ်ာလ္တန္တို႔ကို အၿပီးအပိုင္ ၿပိဳလဲေစမယ့္ တတိယ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ခံစစ္ကေန မာလာစီယာ တင္ေပးလိုက္တာကို တျဖည္းျဖည္းနဲ႔ ယူႏိုက္တက္တို႔ရဲ႕ ကြင္းလယ္ဖန္တီးရွင္ႀကီး ျဖစ္မွန္းမသိ ျဖစ္ေနတဲ့ ကာစီမီ႐ိုက ဧရိယာထိပ္ကို လွမ္းခင္းေပးရာမွာ ရက္ရွ္ဖို႔ဒ္က လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က ပထမတန္းက လန္ဒန္ကလပ္ ခ်ာလ္တန္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး ကာရာေဘာင္းဖလားရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို ဒီရာသီၿပိဳင္ပြဲမွာေတာ့ လန္ဒန္အသင္းေတြ အကုန္ျပဳတ္ၿပီး တစ္သင္းမွ မက်န္ေတာ့တာကလည္း ထူးျခားခ်က္ျဖစ္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
crd
Unicode
အသင်းတိုင်းက ကြောက်ဒူးတုန်နေရပြီး ရပ်တန့်လို့မရတော့တဲ့ ရက်ရ်ှဖို့ဒ်ခြေစွမ်းနဲ့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ လန်ထွက်နေတဲ့ တန်ဟက်ဂ်ရဲ့ မန်ချက်
(ယူနိုက်တက် ၃-၀ ချာလ်တန် ပွဲပြီးသုံးသပ်ချက်)
ရပ်တန့်လို့မရတော့တဲ့ သရဲနီရက်ရ်ှဖို့ဒ်နဲ့ ဘာလာလာဂိုးပြတ်ကြုံးဆိုတဲ့ လန်ထွက်နေတဲ့ တန်ဟက်ဂ်ရဲ့ မန်ချက် ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ (ယူနိုက်တက် ၃-၀ ချာလ်တန် ပွဲပြီးသုံးသပ်ချက်)
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဟီတန်၊ ခံစစ်မှာ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ဒါလော့နဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ မိန်နူးနဲ့ ဖရက်ဒ်တို့ကို ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ အီလန်ဂါနဲ့ ဂါနာချိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ချာလ်တန်အသင်းကတော့ ဂိုးသမား မေနာ့ဒ်၊ ခံစစ်မှာ အင်းနစ္စ၊ နက်စ်၊ ကလဲရ်နဲ့ ဆက်ဆီညွန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒေါ့ဘ်ဆန်၊ ဖရေဆာနဲ့ မော်ဂန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကယီ၊ ဘလက်ကက်-တေလာနဲ့ လီယာဘန်းတို့ကို သုံးစွဲလာခဲ့တာပါ။
ဖန်တီးမှု မရှိတဲ့ ကွင်းလယ်ကို သိသိကြီးနဲ့ ခင်းကျင်းလာတဲ့ တန်ဟတ်ရဲ့ ဗျူဟာကြောင့် ယူနိုက်တက်တို့ တောင်ပံတွေနဲ့ အဝေးဘောတွေကို အားပြုခဲ့ရသလို ကစားကွက်ပုံဖော်မှုတွေက တော်တော်လေး ပရမ်းပတာဆန်နေခဲ့ပြီး ဂါနာချိုရဲ့ ဘယ်တောင်ပံမှာ တစ်ဦးချင်း ကျွမ်းကျင်မှုနဲ့ ချာလ်တန်ကစားသမားတွေကို ပညာပြနေမှုတစ်ခုကပဲ အားရစရာဖြစ်ခဲ့ပါတယ်။
ပွဲချိန် ၂၁ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံတိုက်စစ်ကနေ မာလာစီယာက ပြန်ပေးတဲ့ ဘောလုံးကို ဖရက်ဒ်က ရယူပြီး ညာခြမ်းကို ပြန်ဖြန့်ပေးခဲ့ရာမှာ နေရာလွတ် တော်တော်များများ ရထားတဲ့ အန်တိုနီက အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ပြီး ကန်သွင်းခဲ့ရာမှာ ချာလ်တန်ဂိုးသမား မေနာ့ဒ် ကာကွယ်ဖို့ မတတ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။
ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာ ဖရက်ဒ်၊ မက်တော်မီနေးနဲ့ အီလန်ဂါတို့လို ကစားသမားတွေရဲ့ ခြေစွမ်းက စိတ်ပျက်စရာဖြစ်ခဲ့သလို ဖရက်ဒ်ရဲ့ ဖရီးကစ်ကတော့ တိုင်ထိထွက်ခဲ့ပြီး ဂါနာချိုနဲ့ အန်တိုနီတို့ကလည်း ဂိုးပေါက်တည့်အောင် မလုပ်နိုင်ခဲ့ကြလို့ ယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ချာလ်တန်ကို အနိုင်ရနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ တန်ပြန်တိုက်စစ်တွေကနေ ဖိအားပေးဖို့ ကြိုးစားလာခဲ့တဲ့ ချာလ်တန်တို့ကြောင့် တန်ဟတ်အနေနဲ့ တစ်ဂိုးတည်းနဲ့ ဆက်သွားဖို့ မဖြစ်တော့သလို ဖန်တီးမှု အားနည်းပြီး ပညာသား မပါတဲ့ ကွင်းလယ်ကစားကွက်ကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ရပြီး မိန်နူး၊ ဖရက်ဒ်နဲ့ အန်တိုနီတို့ အစား ကာစီမီရို၊ အဲရစ်ဆန်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ထည့်သွင်းခဲ့ရတာပါ။
အဲရစ်ဆန်နဲ့ ကာစီမီရိုတို့ကြောင့် ကစားကွက်က တက်လာခဲ့ပေမယ့် ကောင်တာနဲ့ ရုန်းနေတဲ့ ချာလ်တန်ကြောင့် ခံစစ်တွေ အလုပ်များခဲ့ရပြီး မာလာစီယာနဲ့ မက်ဂွိုင်းယားတို့ အဝါတွေ ဆက်တိုက်ထိခဲ့ကြတာကြောင့် ယူနိုက်တက်တို့အနေနဲ့ နောက်ဆုံးလူစားလဲမှုအဖြစ် အီလန်ဂါအစား ပယ်လစ္စထရီကို ထည့်ပြီး ညာတောင်ပံက တိုက်စစ်ကစားစေခဲ့ပါတယ်။
ပွဲချိန် မိနစ် ၉၀ မှာတော့ ယူနိုက်တက်တို့ ရင်အေးရစေမယ့် ဒုတိယဂိုးကို ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကာစီမီရိုရဲ့ တိကျတဲ့ ပေးပို့မှုကို ညာတောင်ပံကနေ ရသွားခဲ့တဲ့ ပယ်လစ္စထရီက အတွင်းကို ဝင်ပြေးပြီး ဧရိယာထိပ်ကနေ ဘယ်ခြမ်းကို ခင်းပေးရာမှာ ရက်ရှ်ဖို့ဒ်က အပိုင်ထိန်းပြီး ရှေ့ထွက်ပိတ်တဲ့ ဂိုးသမားကို အသာလေးကျော်သွင်းသွားနိုင်ခဲ့တာပါ။
နာကျင်အချိန်ပို ၄ မိနစ်မှာတော့ ချာလ်တန်တို့ကို အပြီးအပိုင် ပြိုလဲစေမယ့် တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ခံစစ်ကနေ မာလာစီယာ တင်ပေးလိုက်တာကို တဖြည်းဖြည်းနဲ့ ယူနိုက်တက်တို့ရဲ့ ကွင်းလယ်ဖန်တီးရှင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတဲ့ ကာစီမီရိုက ဧရိယာထိပ်ကို လှမ်းခင်းပေးရာမှာ ရက်ရှ်ဖို့ဒ်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က ပထမတန်းက လန်ဒန်ကလပ် ချာလ်တန်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ကာရာဘောင်းဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို ဒီရာသီပြိုင်ပွဲမှာတော့ လန်ဒန်အသင်းတွေ အကုန်ပြုတ်ပြီး တစ်သင်းမှ မကျန်တော့တာကလည်း ထူးခြားချက်ဖြစ်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
crd