အသင္းကေန မထြက္ခြါခ်င္ဘဲ ထြက္ခြါခဲ့ရေၾကာင္း မ်က္ရည္ေတြနဲ႔ ရင္ဖြင့္လာခဲ့တဲ့ သရဲနီေဟာင္း ဟာရဲယား
|အသင္းကေန မထြက္ခြါခ်င္ဘဲ ထြက္ခြါခဲ့ရေၾကာင္း မ်က္ရည္ေတြနဲ႔ ရင္ဖြင့္လာခဲ့တဲ့ သရဲနီေဟာင္း ဟာရဲယား
အင္တာဗ်ဴးမွာ ယူႏိုက္တက္ကေန မထြက္ခြါခ်င္ဘဲ ထြက္ခြါခဲ့ရေၾကာင္း ဟန္မေဆာင္ႏိုင္ဘဲ မ်က္ရည္ေတြနဲ႔ ေျဖသြားခဲ့တဲ့ ပရိတ္သတ္အခ်စ္ေတာ္သရဲနီေဟာင္း ဟာရဲယား
မေန႔ညက မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္ၿပီး 2019 ခုႏွစ္တြင္ PSG အသင္းသို႔ ေျပာင္းေ႐ႊ႕သြားခဲ့သည့္ ကြင္းလယ္လူ အန္ဒရီ ဟာရဲယားသည္ မေန႔ညက ယူႏိုက္တက္နဲ႔ Podcast အင္တာဗ်ဴးမွာ ယူႏိုက္တက္ကေန ထြက္ခြါခဲ့ရတဲ့အေၾကာင္းကိုထြက္ခြါခဲ့ရတဲ့အေၾကာင္းကို ျပန္လည္ေျပာျပေနစဥ္တြင္ ဟန္မေဆာင္ႏိုင္ဘဲ ငိုေႂကြးေနခဲ့ပါတယ္။
ဟာရဲယားသည္ 2014 မွ 2019 ခုႏွစ္ထိ ယူႏိုက္တက္အသင္းအတြက္ 5 ရာသီၾကာ ကစားေပးခဲ့ၿပီး ၿပိဳင္ပြဲစုံ 189 ပြဲမွာ သြင္းဂိုး 20 သြင္းယူထားႏိုင္ခဲ့ကာ ယူႏိုက္တက္အတြက္ အေရးပါသည့္ ကြင္းလယ္လူတစ္ဦး အျဖစ္ အသုံးေတာ္ခံခဲ့ပါတယ္။ မေန႔ညက Podcast နဲ႔ အင္တာဗ်ဴးတြင္ ဟာရဲယားက ယူႏိုက္တက္မွ ဘာေၾကာင့္ ထြက္ခြာခဲ့ရသလဲဆိုတာကို ယခုလိုဘဲ ျပန္လည္ဖြင့္ဟလာခဲ့ပါတယ္။
” ယူႏိုက္တက္ကေန ထြက္ခဲ့ရတဲ့အခ်ိန္က ကြၽန္ေတာ့ဘဝမွာ အခက္ခဲဆုံးအခ်ိန္ပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ စာခ်ဳပ္သက္တမ္းကုန္ဖို႔ ၆ လ ေလာက္အလိုကတည္းက ကြၽန္ေတာ္ အသင္းဖက္က စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ေမွ်ာ္လင့္ေနခဲ့တာပါ။ ဒီအခ်ိန္က တေယာက္ေယာက္ရဲ႕မေကာင္းေၾကာင္းကို ေျပာရမယ့္အခ်ိန္မဟုတ္ပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ္လည္း အဲလိုေျပာမွာ မဟုတ္ဘူး။ ဒါေပမယ့္ဗ်ာ ကြၽန္ေတာ္ အသင္းဘက္က ကမ္းလွမ္းခ်က္ကို တကယ္ေမွ်ာ္လင့္မိခဲ့တာပါ။ “
” ကြၽန္ေတာ့ရဲ႕ တတိယရာသီၿပီးဆုံးခ်ိန္တုန္းက အသင္းမွာ ပရိတ္သတ္ေတြေပးတဲ့ တႏွစ္တာ အေကာင္းဆုံးဆု ရခဲ့တယ္ ၊ ဆုဖလား သုံးလုံးလည္း ဆြတ္ခူးႏိုင္ခဲ့တယ္ ၊ ဒါေပမယ့္ သူတို႔ တျခားကစားသမားေတြလို ကြၽန္ေတာ့ကို စာခ်ဳပ္သစ္ မကမ္းလွမ္းခဲ့ဘူး။ ကြၽန္ေတာ္ အရမ္းစိတ္ပ်က္ခဲ့ရတာပါ။ ကြၽန္ေတာ့အထင္ ကြၽန္ေတာ္ ဒီထက္ပိုၿပီး ထိုက္တန္ခဲ့တယ္မလား။ ”
” ကြၽန္ေတာ္ အသင္းအတြက္ ေနာက္ဆုံးအခ်ိန္ထိ တိုက္ပြဲဝင္ေပးခဲ့တယ္ ၊ ကြၽန္ေတာ့ရဲ႕ စာခ်ဳပ္အေပၚမွာလည္း ေနာက္ဆုံးအခ်ိန္ထိ ေလးစားၿပီး တန္ဖိုးထားခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ၊ ကြၽန္ေတာ္ရဲ႕ေအဂ်င့္နဲ႔ ကြၽန္ေတာ့မိသားစုရဲ႕ အျမင္အရေတာ့ သူတို႔ဘက္ကေတာ့ စာခ်ဳပ္သစ္အတြက္ အခ်ိန္မွန္ ေရာက္မလာခဲ့ပါဘူး။ ” ဟု ဟာရဲယားက အင္တာဗ်ဴးေနစဥ္မွာ ငိုေႂကြးရင္းျဖင့္ ဖြင့္ဟသြားခဲ့တာ ျဖစ္ပါတယ္။
crd
Unicode
အသင်းကနေ မထွက်ခွါချင်ဘဲ ထွက်ခွါခဲ့ရကြောင်း မျက်ရည်တွေနဲ့ ရင်ဖွင့်လာခဲ့တဲ့ သရဲနီဟောင်း ဟာရဲယား
အင်တာဗျူးမှာ ယူနိုက်တက်ကနေ မထွက်ခွါချင်ဘဲ ထွက်ခွါခဲ့ရကြောင်း ဟန်မဆောင်နိုင်ဘဲ မျက်ရည်တွေနဲ့ ဖြေသွားခဲ့တဲ့ ပရိတ်သတ်အချစ်တော်သရဲနီဟောင်း ဟာရဲယား
မနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး 2019 ခုနှစ်တွင် PSG အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် ကွင်းလယ်လူ အန်ဒရီ ဟာရဲယားသည် မနေ့ညက ယူနိုက်တက်နဲ့ Podcast အင်တာဗျူးမှာ ယူနိုက်တက်ကနေ ထွက်ခွါခဲ့ရတဲ့အကြောင်းကိုထွက်ခွါခဲ့ရတဲ့အကြောင်းကို ပြန်လည်ပြောပြနေစဉ်တွင် ဟန်မဆောင်နိုင်ဘဲ ငိုကြွေးနေခဲ့ပါတယ်။
ဟာရဲယားသည် 2014 မှ 2019 ခုနှစ်ထိ ယူနိုက်တက်အသင်းအတွက် 5 ရာသီကြာ ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ 189 ပွဲမှာ သွင်းဂိုး 20 သွင်းယူထားနိုင်ခဲ့ကာ ယူနိုက်တက်အတွက် အရေးပါသည့် ကွင်းလယ်လူတစ်ဦး အဖြစ် အသုံးတော်ခံခဲ့ပါတယ်။ မနေ့ညက Podcast နဲ့ အင်တာဗျူးတွင် ဟာရဲယားက ယူနိုက်တက်မှ ဘာကြောင့် ထွက်ခွာခဲ့ရသလဲဆိုတာကို ယခုလိုဘဲ ပြန်လည်ဖွင့်ဟလာခဲ့ပါတယ်။
” ယူနိုက်တက်ကနေ ထွက်ခဲ့ရတဲ့အချိန်က ကျွန်တော့ဘဝမှာ အခက်ခဲဆုံးအချိန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ စာချုပ်သက်တမ်းကုန်ဖို့ ၆ လ လောက်အလိုကတည်းက ကျွန်တော် အသင်းဖက်က စာချုပ်သစ်ကမ်းလှမ်းမှုကို မျှော်လင့်နေခဲ့တာပါ။ ဒီအချိန်က တယောက်ယောက်ရဲ့မကောင်းကြောင်းကို ပြောရမယ့်အချိန်မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်လည်း အဲလိုပြောမှာ မဟုတ်ဘူး။ ဒါပေမယ့်ဗျာ ကျွန်တော် အသင်းဘက်က ကမ်းလှမ်းချက်ကို တကယ်မျှော်လင့်မိခဲ့တာပါ။ “
” ကျွန်တော့ရဲ့ တတိယရာသီပြီးဆုံးချိန်တုန်းက အသင်းမှာ ပရိတ်သတ်တွေပေးတဲ့ တနှစ်တာ အကောင်းဆုံးဆု ရခဲ့တယ် ၊ ဆုဖလား သုံးလုံးလည်း ဆွတ်ခူးနိုင်ခဲ့တယ် ၊ ဒါပေမယ့် သူတို့ တခြားကစားသမားတွေလို ကျွန်တော့ကို စာချုပ်သစ် မကမ်းလှမ်းခဲ့ဘူး။ ကျွန်တော် အရမ်းစိတ်ပျက်ခဲ့ရတာပါ။ ကျွန်တော့အထင် ကျွန်တော် ဒီထက်ပိုပြီး ထိုက်တန်ခဲ့တယ်မလား။ ”
” ကျွန်တော် အသင်းအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ပေးခဲ့တယ် ၊ ကျွန်တော့ရဲ့ စာချုပ်အပေါ်မှာလည်း နောက်ဆုံးအချိန်ထိ လေးစားပြီး တန်ဖိုးထားခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ၊ ကျွန်တော်ရဲ့အေဂျင့်နဲ့ ကျွန်တော့မိသားစုရဲ့ အမြင်အရတော့ သူတို့ဘက်ကတော့ စာချုပ်သစ်အတွက် အချိန်မှန် ရောက်မလာခဲ့ပါဘူး။ ” ဟု ဟာရဲယားက အင်တာဗျူးနေစဉ်မှာ ငိုကြွေးရင်းဖြင့် ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။
crd