အသင္းကို ေရာက္ကိုေရာက္လာမယ့္ စူပါစတားကစားသမားကို ေက်ာနံပါတ္၇ေပးမယ္လို႔ကတိျပဳထားတဲ့ ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ရစ္ခ်က္အာႏိုး

အသင္းကို ေရာက္ကိုေရာက္လာမယ့္ စူပါစတားကစားသမားကို ေက်ာနံပါတ္၇ေပးမယ္လို႔ကတိျပဳထားတဲ့ ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ရစ္ခ်က္အာႏိုး
ေရာ္နယ္ဒိုရဲ႕အေမြကို ဆက္ခံမယ့္ စူပါစတားၾကယ္ပြင့္ ကစားသမားအတြက္ ေက်ာနံပါတ္၇ေပးမယ္လို႔ကတိျပဳထားတဲ့ ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ရစ္ခ်က္အာႏိုး

ေဝါက္ဝက္ေဟာ့စ္ဟာမန္ခ်က္စတာယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕လာပါကနာမည္ေက်ာ္ေက်ာနံပါတ္၇ကိုဝတ္ဆင္ခြင့္ရရွိလာမွာမဟုတ္ဘဲအျခားနံပါတ္ကိုသာဝတ္ဆင္လာရပါမယ္။
ယူႏိုက္တက္ဟာအသင္းသို႔ေျပာင္းေ႐ႊ႕လာႏိုင္တဲ့အျခားစူပါစတားတစ္ဦးကို ေက်ာနံပါတ္၇ေပးမယ္လို႔ကတိျပဳထားမႈနဲ႔အတူေဝါက္ဝက္ေဟာ့စ္မွာေက်ာနံပါတ္၇ကိုဝတ္ဆင္ႏိုင္လာမွာမဟုတ္ပါဘူး။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားသစ္ေခၚယူရန္ႀကိဳးပမ္းေနပါတယ္။
ေဝါက္ဝက္ေဟာ့စ္ဟာယခုရာသီတြင္ဘန္ေလမွဘီဆစ္တပ္ခ္သို႔အငွားျဖင့္သြားေရာက္ကစားေနၿပီးၿပိဳင္ပြဲအရပ္ရပ္တြင္၁၈ပြဲကစားထားရာမွာ၉ဂိုးသြင္းထားႏိုင္ပါတယ္။

သူဟာစေနေန႔တုန္းကကာဆမ္ပါဆာကိုအႏိုင္ရတဲ့ပြဲတြင္ဂိုးသြင္းယူၿပီးေနာက္ဘီဆစ္တပ္ပရိသတ္မ်ားကိုႏႈတ္ဆက္မႈျပဳလုပ္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာဝက္ေဟာ့စ္အေျပာင္းအေ႐ႊ႕အၿပီးသတ္ေရးအတြက္ဘန္ေလ၊ဘီဆစ္တပ္တို႔ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနၿပီးလာမယ့္ရက္ပိုင္းအတြင္းတြင္အၿပီးသတ္လာဖို႔ရွိေနပါတယ္။

ေဝါက္ဝက္ေဟာ့စ္ဟာယူႏိုက္တက္သို႔ေျပာင္းလာပါကလက္ရွိလစ္လပ္ေက်ာနံပါတ္မ်ားျဖစ္တဲ့ ၇၊၁၃၊၁၅၊၁၆၊၂၄၊၂၆၊၂၇၊၃၀ တို႔ကိုေ႐ြးခ်ယ္ႏိုင္ပါမယ္။

ဒါေပမဲ့သူဟာေက်ာနံပါတ္၇ကိုေတာ့ေ႐ြးခ်ယ္ႏိုင္မွာမဟုတ္ပါဘူး။ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ရစ္ခ်က္အာႏိုးဟာအက္သလက္တီကိုစတားဖီးလစ္ကိုေခၚယူေရးေဆြးေႏြးရာမွာယူႏိုက္တက္သို႔ေျပာင္းလာလွ်င္ေက်ာနံပါတ္၇ဝတ္ဆင္ခြင့္ေပးမယ္လို႔ကတိျပဳထားပါတယ္။
ဖီးလစ္ဟာအက္သလက္တီကိုတြင္လည္းေက်ာနံပါတ္၇ကိုဝတ္ဆင္ကစားေနသူျဖစ္ပါတယ္။

အက္သလက္တီကိုဟာဖီးလစ္အတြက္ငွားရမ္းခေပါင္၉.၅သန္းေတာင္းဆိုထားတဲ့အျပင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၇၀.၅သန္းလည္းေတာင္းဆိုထားပါတယ္။
အက္သလက္တီကိုဟာ၂၀၁၉ခုႏွစ္တုန္းကဖီးလစ္ကိုေခၚယူတုန္းကေပါင္၁၁၃သန္းအထိအသုံးျပဳခဲ့ရတာလည္းျဖစ္ပါတယ္။
crd

Unicode
အသင်းကို ရောက်ကိုရောက်လာမယ့် စူပါစတားကစားသမားကို ကျောနံပါတ်၇ပေးမယ်လို့ကတိပြုထားတဲ့ ယူနိုက်တက်အမှုဆောင်ချုပ်ရစ်ချက်အာနိုး
ရော်နယ်ဒိုရဲ့အမွေကို ဆက်ခံမယ့် စူပါစတားကြယ်ပွင့် ကစားသမားအတွက် ကျောနံပါတ်၇ပေးမယ်လို့ကတိပြုထားတဲ့ ယူနိုက်တက်အမှုဆောင်ချုပ်ရစ်ချက်အာနိုး

ဝေါက်ဝက်ဟော့စ်ဟာမန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့လာပါကနာမည်ကျော်ကျောနံပါတ်၇ကိုဝတ်ဆင်ခွင့်ရရှိလာမှာမဟုတ်ဘဲအခြားနံပါတ်ကိုသာဝတ်ဆင်လာရပါမယ်။
ယူနိုက်တက်ဟာအသင်းသို့ပြောင်းရွှေ့လာနိုင်တဲ့အခြားစူပါစတားတစ်ဦးကို ကျောနံပါတ်၇ပေးမယ်လို့ကတိပြုထားမှုနဲ့အတူဝေါက်ဝက်ဟော့စ်မှာကျောနံပါတ်၇ကိုဝတ်ဆင်နိုင်လာမှာမဟုတ်ပါဘူး။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်ဖျက်သိမ်းလိုက်ပြီးတဲ့နောက်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားသစ်ခေါ်ယူရန်ကြိုးပမ်းနေပါတယ်။
ဝေါက်ဝက်ဟော့စ်ဟာယခုရာသီတွင်ဘန်လေမှဘီဆစ်တပ်ခ်သို့အငှားဖြင့်သွားရောက်ကစားနေပြီးပြိုင်ပွဲအရပ်ရပ်တွင်၁၈ပွဲကစားထားရာမှာ၉ဂိုးသွင်းထားနိုင်ပါတယ်။

သူဟာစနေနေ့တုန်းကကာဆမ်ပါဆာကိုအနိုင်ရတဲ့ပွဲတွင်ဂိုးသွင်းယူပြီးနောက်ဘီဆစ်တပ်ပရိသတ်များကိုနှုတ်ဆက်မှုပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာဝက်ဟော့စ်အပြောင်းအရွှေ့အပြီးသတ်ရေးအတွက်ဘန်လေ၊ဘီဆစ်တပ်တို့နှင့်ဆွေးနွေးမှုများပြုလုပ်နေပြီးလာမယ့်ရက်ပိုင်းအတွင်းတွင်အပြီးသတ်လာဖို့ရှိနေပါတယ်။

ဝေါက်ဝက်ဟော့စ်ဟာယူနိုက်တက်သို့ပြောင်းလာပါကလက်ရှိလစ်လပ်ကျောနံပါတ်များဖြစ်တဲ့ ၇၊၁၃၊၁၅၊၁၆၊၂၄၊၂၆၊၂၇၊၃၀ တို့ကိုရွေးချယ်နိုင်ပါမယ်။

ဒါပေမဲ့သူဟာကျောနံပါတ်၇ကိုတော့ရွေးချယ်နိုင်မှာမဟုတ်ပါဘူး။ယူနိုက်တက်အမှုဆောင်ချုပ်ရစ်ချက်အာနိုးဟာအက်သလက်တီကိုစတားဖီးလစ်ကိုခေါ်ယူရေးဆွေးနွေးရာမှာယူနိုက်တက်သို့ပြောင်းလာလျှင်ကျောနံပါတ်၇ဝတ်ဆင်ခွင့်ပေးမယ်လို့ကတိပြုထားပါတယ်။
ဖီးလစ်ဟာအက်သလက်တီကိုတွင်လည်းကျောနံပါတ်၇ကိုဝတ်ဆင်ကစားနေသူဖြစ်ပါတယ်။

အက်သလက်တီကိုဟာဖီးလစ်အတွက်ငှားရမ်းခပေါင်၉.၅သန်းတောင်းဆိုထားတဲ့အပြင်ပြောင်းရွှေ့ကြေးပေါင်၇၀.၅သန်းလည်းတောင်းဆိုထားပါတယ်။
အက်သလက်တီကိုဟာ၂၀၁၉ခုနှစ်တုန်းကဖီးလစ်ကိုခေါ်ယူတုန်းကပေါင်၁၁၃သန်းအထိအသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *