



crd

unicode

အသင်းကိုကူညီပေးနေတဲ့ကာစီမီရိုရဲ့အတွေ့အကြုံကောင်းတွေကို ချီးကျူးသွားခဲ့လိုက်တဲ့ သရဲနီ ဒီဂီယာ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက ဂွတ်ဒီဆင့်ပါ့ခ်မှာ အဲဗာတန်ကို 2-1 နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာက Casemiro အကြောင်းကို ရယ်မောကာ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာက ကလပ်အတွက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲစဥ်အပြီးမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ Casemiro က မန်ချက်စတာယူနိုက်တက်ဆီ ယူဆောင်လာခဲ့တဲ့ အတွေ့အကြုံကောင်းများ အကြောင်းကို ချီးကျူးလိုက်ပါတယ်။

အဲဗာတန်နဲ့ပွဲစဉ်တွင် Casemiro သည် ကွင်းလယ်တွင် Christian Eriksen ၊ Bruno Fernandes တို့နှင့်အတူတွဲကာ ပရီးမီးယားလိဂ်တွင် ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။ ကြာသပတေးနေ့ညနေက Omonia Nicosia ကို 3-2 နဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် သူ့ရဲ့ဒုတိယမြောက်ပွဲထွက်ခွင့်ရတဲ့ ဘရာဇီးသားဟာ သူ့ရဲ့နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အဲဗာတန်ကွင်းလယ်လူ Alex Iwobi ရဲ့ အဖွင့်ဂိုးဟာ ကာစီမဲရိုးရဲ့အမှားကြောင့် ပေးခဲ့ရတာဖြစ်ပေမယ့် ပထမပိုင်းပြီးဆုံးခါနီးတွင် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး မာဆေးဆိုက်မှာ သူ့ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ပေါ်လွင်စေခဲ့ပါတယ်။

ကာစီမဲရိုးသည် အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာကတည်းက ပွဲထွက်ပါဝင်ခွင့်ရရှိ‌ရန် စိတ်ရှည်သည်းခံစောင့်ဆိုင်းခံခဲ့ရတာကြောင့် ယူနိုက်တက်ပရိသတ်များစွာကို အံ့အားသင့်စေခဲ့သည်။ ဒါပေမယ့် အဲဗာတန်နဲ့ပွဲမှာ သူ့ရဲ့ကစားပုံက အဆင်မပြေတဲ့ အခိုက်အတန့်တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ရှိပေမယ့် ဒါဟာ ရှေ့ကိုတက်လှမ်းဖို့ အားပေးမှုများစွာကို ပေးစွမ်းတဲ့ ပြသမှုတစ်ခုပါပဲ။

ဒီဂီယာက BT Sport နဲ့ စကားပြောရာမှာ “သူဟာ ကြီးမားတဲ့ အတွေ့အကြုံကို ယူဆောင်လာခဲ့ပါတယ်။ သူ အရာအားလုံးကို အောင်နိုင်ခဲ့တယ်။ ဒီနေ့မှာ သူ့ရဲ့အမှားကြောင့် ပေးဂိုးခွင့်ပြုပေးခဲ့ရတာတောင် သူက ကွင်းထဲမှာ အရမ်းအေးဆေးနေပြီး သူဂိုးရနိုင်တဲ့ အခြေအနေမျိုးကို ဒီနေ့ မင်းမြင်ခဲ့တယ်ထင်တယ်။ သူက တစ်ချိန်လုံး ဘောလုံးနဲ့အားလုံးကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ” ” သူက ပြိုင်ဘက်အသင်း‌ဆီက ဘောလုံးတွေကို မကြာခဏလုယူနိုင်ခဲ့ပြီး အသင်းကိုလည်း အများကြီး အကူအညီ‌ပေးခဲ့ပါတယ်။ သူ့ရဲ့ အတွေ့အကြုံက ကြီးမားပါတယ်။ သူက အသင်းကို အများကြီး ကူညီပေးပါတယ်။ သူ့ရဲ့ အသင်းအပေါ် သက်ရောက်မှုကို လုံးဝ လျှော့တွက်လို့မရပါဘူး။ ” ဟု အသင်းဖော်သစ်ကာစီမဲရိုးကို ဒေးဗစ် ဒီဂီယာက ချီးကျူးစကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *