အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရထားတဲ့ ‌ေပါ့ဘာကို ယူႏိုက္တက္ထံ ေပါင္သန္း ၄၀ေလာက္နဲ႔ ‌ေႏြရာသီမွာ ‌ျပန္ေရာင္းခ်င္ေနတဲ့ အိုးေလဒီ

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရထားတဲ့ ‌ေပါ့ဘာကို ယူႏိုက္တက္ထံ ေပါင္သန္း ၄၀ေလာက္နဲ႔ ‌ေႏြရာသီမွာ ‌ျပန္ေရာင္းခ်င္ေနတဲ့ အိုးေလဒီ
ေပါ့ဘာကို ေပါင္သန္း၄၀ေလာက္နဲ႔ ေႏြရာသီမွာ ျပန္ေရာင္းထုတ္ဖို႔ ယူႏိုက္တက္ အသင္းနဲ႔ ေဆြးေႏြးခ်င္ေနတဲ့ ဂ်ဴဗင္တပ္စ္အသင္း

အီတလီ စီးရီးေအ ထိပ္သီး ဂ်ဴဗင္တပ္စ္ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြေဈးကြက္မွာမွ သူတို႔ အသင္းဆီ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျပန္လည္ ေျပာင္းေ႐ႊ႕ လာတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ ကို
ယခုႏွစ္ ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္မွာ ေရာင္းထုတ္ဖို႔ အစီစဥ္ ခ်ေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနဲ႔ ေဆြးေႏြးဖို႔ စဥ္းစားေနေၾကာင္း နာမည္ႀကီး သတင္းဌာန ေဂဇက္တာ က အခိုင္အမာ ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ ဟာ ၿပီးခဲ့တဲ့ ေႏြ ေဈးကြက္က မန္ခ်က္စတာ ယူႏိုက္တက္ ကေန ဂ်ဴဗင္တပ္စ္ အသင္းကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး
ဂ်ဴဗင္တပ္စ္ အသင္းနဲ႔ ၂၀၂၆ ခုႏွစ္ အထိ သက္တမ္း ရွိတဲ့ ကာလရွည္ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုထားသူ ျဖစ္ပါတယ္၊

ေပါလ္ ေပါ့ဂ္ဘာ က ကမာၻ႔အဆင့္ ကြင္းလယ္လူ တဦး ျဖစ္သလို ၂၀၁၂ ခုႏွစ္ ကေန ၂၀၁၆ ခုႏွစ္ အထိ
ဂ်ဴဗင္တပ္စ္ အတြက္ ကစားေပးခဲ့ဖူးၿပီး ဂ်ဴဗင္တပ္စ္ နဲ႔ အတူ ရွိေနစဥ္မွာ အီတလီ စီးရီးေအ ရဲ႕ အေကာင္းဆုံး ကြင္းလယ္လူ အျဖစ္ သတ္မွတ္ ခံခဲ့ရတဲ့ အထိ ေျခစြမ္း ျပခဲ့တာေၾကာင့္ ယခု တႀကိမ္မွာလည္း ေပါ့ဂ္ဘာဟာ ဂ်ဴဗင္တပ္စ္ အသင္းရဲ႕
အဓိက ကစားသမား ျဖစ္လာမယ္လို႔ ထင္ေၾကးေပး ခံခဲ့ရတာ ျဖစ္ပါတယ္၊

ဒါေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ မွာ ရွိေနစဥ္ ကတည္းက မၾကာခဏ ဆိုသလို ဒဏ္ရာ ရေလ့ ရွိခဲ့တဲ့ ေပါ့ဂ္ဘာ ဟာ ဂ်ဴဗင္တပ္စ္ အသင္းဆီ
ေရာက္ရွိခ်ိန္မွာလည္း ဒဏ္ရာ ျပႆနာေတြ ကေန မလြတ္ကင္း ႏိုင္ခဲ့ဘဲ ဂ်ဴဗင္တပ္စ္ ရဲ႕ ပထမဦးဆုံး ရာသီႀကိဳ ေျခစမ္းပြဲ ျဖစ္တဲ့ ေခ်ဗက္ နဲ႔ ပြဲစဥ္မွာပဲ ဒူးေခါင္းဒဏ္ရာ ရသြားခဲ့တာေၾကာင့္ ၄ လ ေက်ာ္ အနား ယူခဲ့ရတာ ျဖစ္ပါတယ္။

ဒူးေခါင္း ဒဏ္ရာေၾကာင့္ ၄ လေက်ာ္ ၾကာ အနားယူ ခဲ့ရၿပီးေနာက္ ျပန္လည္ သက္သာ လာခ်ိန္မွာလည္း ေပါ့ဂ္ဘာက ေျခသလုံး ႂကြက္သားဒဏ္ရာ ထပ္မံ ရရွိခဲ့ၿပီး အဆိုပါ ဒဏ္ရာေၾကာင့္ ေပါ့ဂ္ဘာ ဟာ ယခုခ်ိန္ အထိ
ဂ်ဴဗင္တပ္စ္ အတြက္ ျပန္ ကစားေပးႏိုင္ျခင္း မရွိပဲ ဂ်ဴဗင္တပ္စ္ က ဒဏ္ရာ ျပႆနာ မ်ားျပားေနတဲ့ ေပါ့ဂ္ ဘာကို စတင္ စိတ္ပ်က္ေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္ ကို ျပန္ပို႔ဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

နာမည္ႀကီး အီတလီ အေျခစိုက္ သတင္းဌာန တခု ျဖစ္တဲ့ ေဂဇက္တာ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရ ဂ်ဴဗင္တပ္စ္ တာဝန္ ရွိသူေတြက အသင္းရဲ႕ ဘ႑ာေရး ျပႆနာကို ေျဖရွင္းႏိုင္ဖို႔နဲ႔ ေပါ့ဂ္ဘာ အေပၚ စိတ္ပ်က္မႈ တို႔ေၾကာင့္ လာမယ့္ ေႏြေဈးကြက္မွာေပါ့ဂ္ဘာ ကို မန္ခ်က္စတာ ယူႏိုက္တက္ ထံ ျပန္လည္ ေရာင္းခ်ဖို႔ စဥ္းစားေနၿပီး ဂ်ဴဗင္တပ္စ္ ဟာ ေပါ့ဂ္ဘာ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄၀ သန္းနဲ႔ ၅၀ သန္းၾကား ပမာဏ တရပ္ကို လိုခ်င္ေနေၾကာင္း ေဖာ္ျပသြားခဲ့ပါတယ္။
credit

Unicode
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရထားတဲ့ ‌ပေါ့ဘာကို ယူနိုက်တက်ထံ ပေါင်သန်း ၄၀လောက်နဲ့ ‌နွေရာသီမှာ ‌ပြန်ရောင်းချင်နေတဲ့ အိုးလေဒီ
ပေါ့ဘာကို ပေါင်သန်း၄၀လောက်နဲ့ နွေရာသီမှာ ပြန်ရောင်းထုတ်ဖို့ ယူနိုက်တက် အသင်းနဲ့ ဆွေးနွေးချင်နေတဲ့ ဂျူဗင်တပ်စ်အသင်း

အီတလီ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ သူတို့ အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့ လာတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို
ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ရောင်းထုတ်ဖို့ အစီစဉ် ချနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆွေးနွေးဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန ဂေဇက်တာ က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ နွေ ဈေးကွက်က မန်ချက်စတာ ယူနိုက်တက် ကနေ ဂျူဗင်တပ်စ် အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး
ဂျူဗင်တပ်စ် အသင်းနဲ့ ၂၀၂၆ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်၊

ပေါလ် ပေါ့ဂ်ဘာ က ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်သလို ၂၀၁၂ ခုနှစ် ကနေ ၂၀၁၆ ခုနှစ် အထိ
ဂျူဗင်တပ်စ် အတွက် ကစားပေးခဲ့ဖူးပြီး ဂျူဗင်တပ်စ် နဲ့ အတူ ရှိနေစဉ်မှာ အီတလီ စီးရီးအေ ရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ် ခံခဲ့ရတဲ့ အထိ ခြေစွမ်း ပြခဲ့တာကြောင့် ယခု တကြိမ်မှာလည်း ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ် အသင်းရဲ့
အဓိက ကစားသမား ဖြစ်လာမယ်လို့ ထင်ကြေးပေး ခံခဲ့ရတာ ဖြစ်ပါတယ်၊

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် မှာ ရှိနေစဉ် ကတည်းက မကြာခဏ ဆိုသလို ဒဏ်ရာ ရလေ့ ရှိခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ်စ် အသင်းဆီ
ရောက်ရှိချိန်မှာလည်း ဒဏ်ရာ ပြဿနာတွေ ကနေ မလွတ်ကင်း နိုင်ခဲ့ဘဲ ဂျူဗင်တပ်စ် ရဲ့ ပထမဦးဆုံး ရာသီကြို ခြေစမ်းပွဲ ဖြစ်တဲ့ ချေဗက် နဲ့ ပွဲစဥ်မှာပဲ ဒူးခေါင်းဒဏ်ရာ ရသွားခဲ့တာကြောင့် ၄ လ ကျော် အနား ယူခဲ့ရတာ ဖြစ်ပါတယ်။

ဒူးခေါင်း ဒဏ်ရာကြောင့် ၄ လကျော် ကြာ အနားယူ ခဲ့ရပြီးနောက် ပြန်လည် သက်သာ လာချိန်မှာလည်း ပေါ့ဂ်ဘာက ခြေသလုံး ကြွက်သားဒဏ်ရာ ထပ်မံ ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့် ပေါ့ဂ်ဘာ ဟာ ယခုချိန် အထိ
ဂျူဗင်တပ်စ် အတွက် ပြန် ကစားပေးနိုင်ခြင်း မရှိပဲ ဂျူဗင်တပ်စ် က ဒဏ်ရာ ပြဿနာ များပြားနေတဲ့ ပေါ့ဂ် ဘာကို စတင် စိတ်ပျက်နေပြီး မန်ချက်စတာ ယူနိုက်တက် ကို ပြန်ပို့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနရဲ့ ဖော်ပြချက် အရ ဂျူဗင်တပ်စ် တာဝန် ရှိသူတွေက အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ပေါ့ဂ်ဘာ အပေါ် စိတ်ပျက်မှု တို့ကြောင့် လာမယ့် နွေဈေးကွက်မှာပေါ့ဂ်ဘာ ကို မန်ချက်စတာ ယူနိုက်တက် ထံ ပြန်လည် ရောင်းချဖို့ စဉ်းစားနေပြီး ဂျူဗင်တပ်စ် ဟာ ပေါ့ဂ်ဘာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀ သန်းနဲ့ ၅၀ သန်းကြား ပမာဏ တရပ်ကို လိုချင်နေကြောင်း ဖော်ပြသွားခဲ့ပါတယ်။
credit

Add a Comment

Your email address will not be published. Required fields are marked *