အရႈံးဆိုတာ ဘာလဲလို႔ ၁၉သင္းဖန္ေတြက ေမးရေတာ့မယ့္ ယူႏိုက္တက္ရဲ႕ ဘုန္းေမာက္အသင္းကို ဂိုးျပတ္အႏိုင္ကစားခဲ့တဲ့ပြဲမွ ကစားသမား Ratings မ်ား

အရႈံးဆိုတာ ဘာလဲလို႔ ၁၉သင္းဖန္ေတြက ေမးရေတာ့မယ့္ ယူႏိုက္တက္ရဲ႕ ဘုန္းေမာက္အသင္းကို ဂိုးျပတ္အႏိုင္ကစားခဲ့တဲ့ပြဲမွ ကစားသမား Ratings မ်ား
အိုးလ္ထရပ္ဖို႔ဒ္ကြင္းႀကီးထဲမွာ ဘုန္းေမာက္အသင္းကို ဂိုးျပတ္အမဲလိုက္ခဲ့တဲ့ ပြဲစဥ္မွ သရဲနီကစားသမားမ်ားရဲ႕ Player Ratings မ်ား

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ဒီေန႔ နံနက္မွာေတာ့ အိုးလ္ ထရပ္ဖို႔ဒ္ ကြင္းထဲ ဘုန္းေမာက္ အသင္း နဲ႔ ရင္ဆိုင္ ကစားခဲ့ရၿပီး 3 ဂိုးျပတ္ ႏိုင္ပြဲနဲ႔ အတူ အမွတ္ေပး ဇယား အဆင့္ေလး ေနရာမွာ ဆက္လက္ ရပ္တည္ သြားႏိုင္ခဲ့ပါတယ္ ။

ဒါဟာ ကမာၻ႔ ဖလား ၿပိဳင္ပြဲ ၿပီးဆုံးသြားတဲ့ေနာက္ ယူႏိုက္တက္ တို႔ရဲ႕ ေလးပြဲဆက္ ႏိုင္ပြဲ ျဖစ္ခဲ့ရၿပီး ေလးပြဲဆက္ ဂိုး မေပးရျခင္းလည္း ျဖစ္သြားခဲ့ရပါတယ္ ။ ဒါ့အျပင္ ယူႏိုက္တက္ တိုက္စစ္ ကစားသမား ျဖစ္သူ မားကပ္စ္ ရပ္ရွ္ဖို႔ ကလည္း ေလးပြဲလုံး ဂိုးသြင္းႏိုင္ခဲ့ပါတယ္ ။

ဒီပြဲမွာေတာ့ ယူႏိုက္တက္တို႔ဟာ ပြဲစဥ္ကို အေကာင္းဆုံး လႊမ္းမိုး ကစားႏိုင္ခဲ့ၾကေပမဲ့ ဘုန္းေမာက္ အသင္းဖက္ကလည္း တက္ႏိုင္သေလာက္ ျပန္လည္ တုန္႔ျပန္ခဲ့ပါတယ္ ။ ဒါေပမဲ့ ဒီဂီယာ က လက္စြမ္းျပ ကာကြယ္ရင္း စာခ်ဳပ္ သက္္တမ္းတိုးဖို႔ ထိုက္တန္ေၾကာင္း ျပသခဲ့ျပန္ပါတယ္ ။

ဒီပြဲမွာ ယူႏိုက္တက္အတြက္ ဂိုးေတြကို ကာစီမီ႐ို ၊ ေရွာ ၊ ရပ္ရွ္ဖို႔ တို႔က သြင္းယူႏိုင္ခဲ့ၾကၿပီး အဲရစ္ဆင္ ၊ ဂါနာခ်ိဳ နဲ႔ ဘ႐ူႏို တို႔က ဖန္တီးေပးခဲ့ၾကပါတယ္ ။ အန္သိုနီ မာရွယ္ ဂိုးနဲ႔ မပတ္သက္ႏိုင္ခဲ့ျပန္တဲ့ ပြဲမွာ ဘယ္သူေတြ အေကာင္းဆုံး ကစားခဲ့သလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္ ။

ဒီဂီယာ (8)
ေကာင္းမြန္တဲ့ ဂိုးေပါက္ ကာကြယ္မႈေတြ လုပ္ေဆာင္ႏိုင္ခဲ့သလို 10 စကၠန္႔အတြင္း ႏွစ္ခ်က္ဆင့္ ကာကြယ္မႈလည္း လုပ္ျပသြားႏိုင္ခဲ့ပါတယ္ ။ ေလးပြဲဆက္ clean sheet ရရွိေရးမွာ အေရးပါသူပါပဲ ။

ဘစ္ဆာကာ (7)
ခံစစ္ ကစားပုံ ထူးကဲခဲ့ျပန္ပါတယ္ ။ ေသသပ္တဲ့ ဖ်က္ထုတ္မႈေတြက ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ အားေပးမႈေတြကို ျပန္လည္ ရရွိေစႏိုင္ခဲ့ပါတယ္ ။ ဘစ္ဆာကာ ျပန္လာပါၿပီ ။

လင္ဒီေလာ့ဖ္ (6)
ညာဖက္ျခမ္းမွာ ကစားေလ့ရွိတတ္တဲ့ လင္ဒီေလာ့ဖ္ ဟာ ဘယ္ဖက္ျခမ္းမွာ ေျခစြမ္းျပဖို႔ အနည္းငယ္ အခက္ႀကဳံခဲ့ရပါတယ္ ။ အျမင့္ေဘာေတြ မဦးႏိုင္ခဲ့ပါဘူး ။

မက္ဂြားယား (6)
လင္ဒီေလာ့ဖ္ မဦးႏိုင္ခဲ့တဲ့ အျမင့္ေဘာေတြကို အၿမဲလို ဦးေဆာင္ ရွင္းထုတ္ႏိုင္ခဲ့ပါတယ္ ။ ဒါေပမဲ့ ကစားပုံေတြ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္ေနခဲ့ၿပီး ေပးပို႔မႈအခ်ိဳ႕ ညံ့ခဲ့ပါတယ္ ။

ေရွာ (7)
ကစားခ်င္တဲ့ ဘယ္ခံစစ္ ေနရာမွာ ျပန္လည္ ကစားခြင့္ ရရွိခဲ့ၿပီး အေကာင္းဆုံး ခ်ိတ္ဆက္ ကစားရင္း ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္ ။ ဒီဂိုးက 2020 ယူ႐ို ဖိုင္နယ္က သြင္းဂိုးကို ျပန္လည္္ အမွတ္ရေစခဲ့ပါတယ္ ။

ကာစီမီ႐ို (8)
ကမာၻ႔ အေကာင္းဆုံး ကြင္းလယ္ ကစားသမား တစ္ဦး ျဖစ္ေၾကာင္း သက္ေသျပသြားခဲ့ျပန္ပါတယ္ ။ အဲရစ္ဆင္ ရဲ႕ ေပးပို႔မႈကို တစ္ခ်က္ထိဂိုး သြင္းယူႏိုင္ခဲ့သလို မာရွယ္ကိုလည္း အခြင့္အေရး ဖန္တီးေပးႏိုင္ခဲ့ပါတယ္ ။

အဲရစ္ဆင္ (7)
ၿပီးခဲ့တဲ့ ပြဲစဥ္ 2 ပြဲတုန္းက ေျခစြမ္းက်ဆင္းခဲ့တဲ့ အဲရစ္ဆင္ ကေတာ့ ဒီပြဲမွာ အေကာင္းဆုံး ျပန္လာႏိုင္ခဲ့ၿပီး အလြတ္္တည္ကန္ေဘာမွတဆင့္ ဂိုးဖန္တီးမႈ ၊ အခြင့္အေရး ဖန္တီိးမႈေတြ လုပ္ျပသြားႏိုင္ခဲ့ပါတယ္ ။

ရပ္ရွ္ဖို႔ (7)
အစပိုင္း ဘယ္ေတာင္ပံမွာ ကစားခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ ညာေတာင္ပံေျပာင္း ကစားခဲ့ရပါတယ္ ။ အေကာင္္းဆုံးပုံစံ မျပႏိုင္ခဲ့ေပမဲ့ ေလးပြဲဆက္ ဂိုးသြင္းယူသြားႏိုင္ခဲ့ပါတယ္ ။

ဘ႐ူႏို (7)
ညာေတာင္ပံမွာ ကစားရင္း အက်ိဳးသက္ေရာက္မႈ ေပးႏိုင္ခဲ့သလို လုခ္ေရွာ ရဲ႕ ဂိုးကိုလည္း ဖန္တီးေပးသြားႏိုင္ခဲ့ပါတယ္ ။ ဒီပြဲမွ ကစားပုံက အရင္ပြဲေတြထက္ ပိုေကာင္းခဲ့ပါတယ္ ။

ဗန္ဒီ ဘိခ္ (6)
အခြင့္အေရးေကာင္း ပိုင္ဆိုင္ခဲ့ေပမဲ့ လူခ်ခံခဲ့ရပါတယ္ ။ ရွားရွားပါးပါး ပြဲထြက္ခြင့္ ရရွိတဲ့ ပြဲစဥ္မွာ အေကာင္းဆုံး ေျခစြမ္း မျပႏိုင္ခဲ့တဲ့အျပင္ ဒဏ္ရာရသြားခဲ့ျပန္ပါတယ္ ။

မာရွယ္ (5)
ၿပီးခဲ့တဲ့ ပြဲစဥ္က ေျခစြမ္းေကာင္း မျပႏိုင္ခဲ့ေပမဲ့ နည္းျပရဲ႕ ေထာက္ခံ အားေပးမႈကိုရခဲ့တဲ့ မာရွယ္ဟာ ဒီပြဲမွာ အခြင့္အေရး တစ္ႀကိမ္ လြဲေခ်ာ္ခဲ့ၿပီး ပုံစံေကာင္း ေပ်ာက္ဆုံးေနခဲ့ျပန္ပါတယ္ ။

လူစားဝင္ ကစားသမားမ်ား…
ဂါနာခ်ိဳ (7)
ဖရက္ဒ္ (6)
ဒါးေလာ့ (7)
အီလန္ဂါ (5)
မာတီနက္ဇ္ (6)
crd

Unicode
အရှုံးဆိုတာ ဘာလဲလို့ ၁၉သင်းဖန်တွေက မေးရတော့မယ့် ယူနိုက်တက်ရဲ့ ဘုန်းမောက်အသင်းကို ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ပွဲမှ ကစားသမား Ratings များ
အိုးလ်ထရပ်ဖို့ဒ်ကွင်းကြီးထဲမှာ ဘုန်းမောက်အသင်းကို ဂိုးပြတ်အမဲလိုက်ခဲ့တဲ့ ပွဲစဉ်မှ သရဲနီကစားသမားများရဲ့ Player Ratings များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဘုန်းမောက် အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 ဂိုးပြတ် နိုင်ပွဲနဲ့ အတူ အမှတ်ပေး ဇယား အဆင့်လေး နေရာမှာ ဆက်လက် ရပ်တည် သွားနိုင်ခဲ့ပါတယ် ။

ဒါဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ပြီးဆုံးသွားတဲ့နောက် ယူနိုက်တက် တို့ရဲ့ လေးပွဲဆက် နိုင်ပွဲ ဖြစ်ခဲ့ရပြီး လေးပွဲဆက် ဂိုး မပေးရခြင်းလည်း ဖြစ်သွားခဲ့ရပါတယ် ။ ဒါ့အပြင် ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ကလည်း လေးပွဲလုံး ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ပွဲစဥ်ကို အကောင်းဆုံး လွှမ်းမိုး ကစားနိုင်ခဲ့ကြပေမဲ့ ဘုန်းမောက် အသင်းဖက်ကလည်း တက်နိုင်သလောက် ပြန်လည် တုန့်ပြန်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒီဂီယာ က လက်စွမ်းပြ ကာကွယ်ရင်း စာချုပ် သက််တမ်းတိုးဖို့ ထိုက်တန်ကြောင်း ပြသခဲ့ပြန်ပါတယ် ။

ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ကာစီမီရို ၊ ရှော ၊ ရပ်ရှ်ဖို့ တို့က သွင်းယူနိုင်ခဲ့ကြပြီး အဲရစ်ဆင် ၊ ဂါနာချို နဲ့ ဘရူနို တို့က ဖန်တီးပေးခဲ့ကြပါတယ် ။ အန်သိုနီ မာရှယ် ဂိုးနဲ့ မပတ်သက်နိုင်ခဲ့ပြန်တဲ့ ပွဲမှာ ဘယ်သူတွေ အကောင်းဆုံး ကစားခဲ့သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (8)
ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခဲ့သလို 10 စက္ကန့်အတွင်း နှစ်ချက်ဆင့် ကာကွယ်မှုလည်း လုပ်ပြသွားနိုင်ခဲ့ပါတယ် ။ လေးပွဲဆက် clean sheet ရရှိရေးမှာ အရေးပါသူပါပဲ ။

ဘစ်ဆာကာ (7)
ခံစစ် ကစားပုံ ထူးကဲခဲ့ပြန်ပါတယ် ။ သေသပ်တဲ့ ဖျက်ထုတ်မှုတွေက ပရိသတ်တွေရဲ့ အော်ဟစ် အားပေးမှုတွေကို ပြန်လည် ရရှိစေနိုင်ခဲ့ပါတယ် ။ ဘစ်ဆာကာ ပြန်လာပါပြီ ။

လင်ဒီလော့ဖ် (6)
ညာဖက်ခြမ်းမှာ ကစားလေ့ရှိတတ်တဲ့ လင်ဒီလော့ဖ် ဟာ ဘယ်ဖက်ခြမ်းမှာ ခြေစွမ်းပြဖို့ အနည်းငယ် အခက်ကြုံခဲ့ရပါတယ် ။ အမြင့်ဘောတွေ မဦးနိုင်ခဲ့ပါဘူး ။

မက်ဂွားယား (6)
လင်ဒီလော့ဖ် မဦးနိုင်ခဲ့တဲ့ အမြင့်ဘောတွေကို အမြဲလို ဦးဆောင် ရှင်းထုတ်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ကစားပုံတွေ လျော့တိလျော့ရဲ ဖြစ်နေခဲ့ပြီး ပေးပို့မှုအချို့ ညံ့ခဲ့ပါတယ် ။

ရှော (7)
ကစားချင်တဲ့ ဘယ်ခံစစ် နေရာမှာ ပြန်လည် ကစားခွင့် ရရှိခဲ့ပြီး အကောင်းဆုံး ချိတ်ဆက် ကစားရင်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။ ဒီဂိုးက 2020 ယူရို ဖိုင်နယ်က သွင်းဂိုးကို ပြန်လည်် အမှတ်ရစေခဲ့ပါတယ် ။

ကာစီမီရို (8)
ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်ကြောင်း သက်သေပြသွားခဲ့ပြန်ပါတယ် ။ အဲရစ်ဆင် ရဲ့ ပေးပို့မှုကို တစ်ချက်ထိဂိုး သွင်းယူနိုင်ခဲ့သလို မာရှယ်ကိုလည်း အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

အဲရစ်ဆင် (7)
ပြီးခဲ့တဲ့ ပွဲစဥ် 2 ပွဲတုန်းက ခြေစွမ်းကျဆင်းခဲ့တဲ့ အဲရစ်ဆင် ကတော့ ဒီပွဲမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး အလွတ််တည်ကန်ဘောမှတဆင့် ဂိုးဖန်တီးမှု ၊ အခွင့်အရေး ဖန်တီိးမှုတွေ လုပ်ပြသွားနိုင်ခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (7)
အစပိုင်း ဘယ်တောင်ပံမှာ ကစားခဲ့ရပြီး နောက်ပိုင်းမှာတော့ ညာတောင်ပံပြောင်း ကစားခဲ့ရပါတယ် ။ အကောင််းဆုံးပုံစံ မပြနိုင်ခဲ့ပေမဲ့ လေးပွဲဆက် ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ် ။

ဘရူနို (7)
ညာတောင်ပံမှာ ကစားရင်း အကျိုးသက်ရောက်မှု ပေးနိုင်ခဲ့သလို လုခ်ရှော ရဲ့ ဂိုးကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှ ကစားပုံက အရင်ပွဲတွေထက် ပိုကောင်းခဲ့ပါတယ် ။

ဗန်ဒီ ဘိခ် (6)
အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့ပေမဲ့ လူချခံခဲ့ရပါတယ် ။ ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိတဲ့ ပွဲစဥ်မှာ အကောင်းဆုံး ခြေစွမ်း မပြနိုင်ခဲ့တဲ့အပြင် ဒဏ်ရာရသွားခဲ့ပြန်ပါတယ် ။

မာရှယ် (5)
ပြီးခဲ့တဲ့ ပွဲစဥ်က ခြေစွမ်းကောင်း မပြနိုင်ခဲ့ပေမဲ့ နည်းပြရဲ့ ထောက်ခံ အားပေးမှုကိုရခဲ့တဲ့ မာရှယ်ဟာ ဒီပွဲမှာ အခွင့်အရေး တစ်ကြိမ် လွဲချော်ခဲ့ပြီး ပုံစံကောင်း ပျောက်ဆုံးနေခဲ့ပြန်ပါတယ် ။

လူစားဝင် ကစားသမားများ…
ဂါနာချို (7)
ဖရက်ဒ် (6)
ဒါးလော့ (7)
အီလန်ဂါ (5)
မာတီနက်ဇ် (6)
crd

Add a Comment

Your email address will not be published. Required fields are marked *