အရႈံးဆိုတာဘာမွန္းမသိေသးတဲ့ ဒိုင္ကူလိုနာကို အိမ္ကြင္းေခၚဆုံးမၿပီး စပိန္ျပန္ပို႔ေပးလိုက္တဲ့ တန္ဟက္ဂ်္ရဲ႕ မန္ယူႏိုက္တက္ (မန္ယူ ၂-၁ ဘာစီလိုနာ ပြဲၿပီးသုံးသပ္ခ်က္)

အရႈံးဆိုတာဘာမွန္းမသိေသးတဲ့ ဒိုင္ကူလိုနာကို အိမ္ကြင္းေခၚဆုံးမၿပီး စပိန္ျပန္ပို႔ေပးလိုက္တဲ့ တန္ဟက္ဂ်္ရဲ႕ မန္ယူႏိုက္တက္ (မန္ယူ ၂-၁ ဘာစီလိုနာ ပြဲၿပီးသုံးသပ္ခ်က္)

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ိုနဲ႔ ဖရက္ဒ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။ ဧည့္သည္ ဘာစီလိုနာအသင္းကေတာ့ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ အာ႐ူဟို၊ ခရစၥတင္ဆန္၊ ကြန္ဒီနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို စုဖြဲ႕ေပးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ဒီယုံးနဲ႔ ကက္ဆီေယးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရာဖင္ညာ၊ ဆာဂ်ီ ေရာဘတ္တိုနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ကို တင္ကစားလာခဲ့တာပါ။

 

ပထမအေက်ာ့က ႏွစ္ဂိုးစီသေရနဲ႔ ႏူးကမ့္မွာ ယူႏိုက္တက္တို႔က အသာစီးရယူႏိုင္ခဲ့ေပမယ့္ အေဝးဂိုးစည္းမ်ဥ္း မရွိေတာ့တာေၾကာင့္ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ ဆတူအခြင့္အေရးနဲ႔ပဲ ကစားခဲ့ရသလို ဘာစီလိုနာတို႔ရဲ႕ သတိႀကီးႀကီးနဲ႔ ပြဲကို ခ်ဥ္းကပ္လာခဲ့ၿပီး အမွားေစာင့္ကစားခဲ့တဲ့ ပုံစံကလည္း သူတို႔ကို အခက္အခဲနဲ႔ ရင္ဆိုင္ေစခဲ့ရပါတယ္။ ပြဲခ်ိန္ ၁၈ မိနစ္မွာ ဘာစီလိုနာတို႔ အဖြင့္ဂိုးသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က အဲလက္စ္ ဘာလ္ဒီကို ေနာက္ကေန လက္နဲ႔ ဆြဲခဲ့ရာမွာ ပါးနပ္ေနတဲ့ ခ်ာတိတ္က အခ်ိန္ကိုက္ လွဲခ်သြားခဲ့တာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို လီဗန္ေဒါ့ဗ္စကီးက ကန္သြင္းရာမွာ ဒေဟးယား ကာကြယ္ခဲ့ေပမယ့္ လက္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာပါ။

 

ဒီေန႔ပြဲမွာ ေျခစြမ္းျပမယ္ထင္ခဲ့ရတဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္အေနနဲ႔ ႐ုန္းကန္ခဲ့ရသလို ဗက္ဂ္ေဟာ့စ္ကလည္း သူ႔ကို ပံ့ပိုးေပးႏိုင္ျခင္းမရွိဘဲ ျဖစ္ေနခဲ့တာေၾကာင့္ ပြဲပယ္နဲ႔ ဒဏ္ရာေတြေၾကာင့္ လူမစုံခ်ိန္မွာ သူတို႔ကစားေနက် ပုံစံနဲ႔ ဘာမွ မဆိုင္တဲ့ ခံစစ္ကို အာ႐ုံပိုစိုက္ၿပီး အေဝးကြင္းမွာ မန္ယူကို အငိုက္ဖမ္းႏိုင္ဖို႔ ႀကိဳးစားလာတဲ့ ဇာဗီေၾကာင့္လည္း အိမ္ရွင္ေတြ စိတ္သြားတိုင္း ကိုယ္မပါဘဲျဖစ္ခဲ့ရတာပါ။ ပထမပိုင္းမွာ ဘာစီလိုနာတို႔က သုံးဂိုး-ႏွစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့ၾကၿပီး အဆုံးသတ္ပိုင္းေတြ ေကာင္းမြန္မႈ မရွိတဲ့ ယူႏိုက္တက္တို႔ ေနာက္ကေန လိုက္ကစားခဲ့ရသလို ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ဒီေန႔ပြဲမွာ အသုံးမဝင္ဘဲျဖစ္ေနတဲ့ း ဗက္ဂ္ေဟာ့စ္အစား အန္တိုနီကို ထည့္ၿပီး နည္းျပ တန္ဟတ္က အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

 

ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ သေရက်ေစမယ့္ ဂိုးကို ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘာစီလိုနာခံစစ္က ကစားပုံအလြဲမွာ ဆန္ခ်ိဳက ေဘာလုံးျပန္လည္လုယူႏိုင္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ဧရိယာထိပ္ကို ျဖတ္ခင္းေပးရာမွာ ေျပးဝင္လာခဲ့တဲ့ ဖရက္ဒ္က ဧည့္သည္ခံစစ္ၾကားက ေျပးထြက္ၿပီး သူ႔ကို ဒီယုံးက မတားဆီႏိုင္ခင္မွာ မသန္တဲ့ ညာေျခနဲ႔ပဲ အျမန္ကန္သြင္းယူခဲ့လို႔ သုံးဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။ ယူႏိုက္တက္တို႔ဘက္က ဆန္ခ်ိဳ၊ ဝန္ဘစ္ဆာကာနဲ႔ ရက္ရွ္ဖို႔ဒ္တို႔အစား ဂါနာခ်ိဳ၊ ဒါေလာ့နဲ႔ မက္ေတာ္မီေနးတို႔ကို လူစားလဲကစားသြားခဲ့ၾကၿပီး ဘာစီလိုနာတို႔ဘက္ကေတာ့ ဆာဂ်ီ ေရာဘတ္တို၊ ရာဖင္ညာနဲ႔ အာ႐ူဟိုတို႔အစား ဖယ္ရန္ ေတာရက္စ္၊ အန္ဆူ ဖာတီနဲ႔ မားကို႔စ္ အလြန္ဆိုတို႔ကို ထည့္သြင္းခဲ့ၾကသလို ကြန္ဒီရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္ကို ဒေဟးယား ကာကြယ္ႏိုင္ခဲ့လို႔ သရဲနီေတြ ေမွ်ာ္လင့္ခ်က္မပ်က္ဘဲ ဖိအားဆက္ေပးႏိုင္ခဲ့တာပါ။

 

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ပဲ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက စတင္ခဲ့တဲ့ ေကာင္တာကေန ဘ႐ူႏို ဖာနန္ဒက္စ္က ဧရိယာထဲ ထည့္ေပးတာကို ဂါနာခ်ိဳနဲ႔ ဖရက္ဒ္တို႔ အဆင့္ဆင့္ ကန္ခဲ့ၾကၿပီး လူထိလို႔ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို အန္တိုနီက ညာျခမ္းကေန အေဝးတိုင္ဘက္ကို အလ်င္အျမန္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား တာစတီဂန္ မမီလိုက္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။ ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က အိမ္ကြင္းမွာ ဘာစီလိုနာတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ေလးဂိုး-သုံးဂိုးနဲ႔ ယူ႐ိုပါလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္ကို တက္ေရာက္သြားခဲ့သလို ဒီအဆင့္မွာ ဘယ္ၿပိဳင္ဘက္နဲ႔ ေတြ႕ဆုံရမယ္ဆိုတာကိုေတာ့ ဒီေန႔ ညေနမွာ မဲႏႈိက္မယ့္ ပြဲစဥ္ေရးဆြဲမႈမွာ သိရွိရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ပါတယ္။
crd

unicode

အရှုံးဆိုတာဘာမှန်းမသိသေးတဲ့ ဒိုင်ကူလိုနာကို အိမ်ကွင်းခေါ်ဆုံးမပြီး စပိန်ပြန်ပို့ပေးလိုက်တဲ့ တန်ဟက်ဂျ်ရဲ့ မန်ယူနိုက်တက် (မန်ယူ ၂-၁ ဘာစီလိုနာ ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရိုနဲ့ ဖရက်ဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ ဧည့်သည် ဘာစီလိုနာအသင်းကတော့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ အာရူဟို၊ ခရစ္စတင်ဆန်၊ ကွန်ဒီနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို စုဖွဲ့ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဒီယုံးနဲ့ ကက်ဆီယေးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဆာဂျီ ရောဘတ်တိုနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို တင်ကစားလာခဲ့တာပါ။

ပထမအကျော့က နှစ်ဂိုးစီသရေနဲ့ နူးကမ့်မှာ ယူနိုက်တက်တို့က အသာစီးရယူနိုင်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်း မရှိတော့တာကြောင့် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဆတူအခွင့်အရေးနဲ့ပဲ ကစားခဲ့ရသလို ဘာစီလိုနာတို့ရဲ့ သတိကြီးကြီးနဲ့ ပွဲကို ချဉ်းကပ်လာခဲ့ပြီး အမှားစောင့်ကစားခဲ့တဲ့ ပုံစံကလည်း သူတို့ကို အခက်အခဲနဲ့ ရင်ဆိုင်စေခဲ့ရပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဘရူနို ဖာနန်ဒက်စ်က အဲလက်စ် ဘာလ်ဒီကို နောက်ကနေ လက်နဲ့ ဆွဲခဲ့ရာမှာ ပါးနပ်နေတဲ့ ချာတိတ်က အချိန်ကိုက် လှဲချသွားခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို လီဗန်ဒေါ့ဗ်စကီးက ကန်သွင်းရာမှာ ဒဟေးယား ကာကွယ်ခဲ့ပေမယ့် လက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။

ဒီနေ့ပွဲမှာ ခြေစွမ်းပြမယ်ထင်ခဲ့ရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ရုန်းကန်ခဲ့ရသလို ဗက်ဂ်ဟော့စ်ကလည်း သူ့ကို ပံ့ပိုးပေးနိုင်ခြင်းမရှိဘဲ ဖြစ်နေခဲ့တာကြောင့် ပွဲပယ်နဲ့ ဒဏ်ရာတွေကြောင့် လူမစုံချိန်မှာ သူတို့ကစားနေကျ ပုံစံနဲ့ ဘာမှ မဆိုင်တဲ့ ခံစစ်ကို အာရုံပိုစိုက်ပြီး အဝေးကွင်းမှာ မန်ယူကို အငိုက်ဖမ်းနိုင်ဖို့ ကြိုးစားလာတဲ့ ဇာဗီကြောင့်လည်း အိမ်ရှင်တွေ စိတ်သွားတိုင်း ကိုယ်မပါဘဲဖြစ်ခဲ့ရတာပါ။ ပထမပိုင်းမှာ ဘာစီလိုနာတို့က သုံးဂိုး-နှစ်ဂိုးနဲ့ ဦးဆောင်ခဲ့ကြပြီး အဆုံးသတ်ပိုင်းတွေ ကောင်းမွန်မှု မရှိတဲ့ ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရသလို ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဒီနေ့ပွဲမှာ အသုံးမဝင်ဘဲဖြစ်နေတဲ့ း ဗက်ဂ်ဟော့စ်အစား အန်တိုနီကို ထည့်ပြီး နည်းပြ တန်ဟတ်က အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာတော့ ယူနိုက်တက်တို့ သရေကျစေမယ့် ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘာစီလိုနာခံစစ်က ကစားပုံအလွဲမှာ ဆန်ချိုက ဘောလုံးပြန်လည်လုယူနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ဧရိယာထိပ်ကို ဖြတ်ခင်းပေးရာမှာ ပြေးဝင်လာခဲ့တဲ့ ဖရက်ဒ်က ဧည့်သည်ခံစစ်ကြားက ပြေးထွက်ပြီး သူ့ကို ဒီယုံးက မတားဆီနိုင်ခင်မှာ မသန်တဲ့ ညာခြေနဲ့ပဲ အမြန်ကန်သွင်းယူခဲ့လို့ သုံးဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။ ယူနိုက်တက်တို့ဘက်က ဆန်ချို၊ ဝန်ဘစ်ဆာကာနဲ့ ရက်ရှ်ဖို့ဒ်တို့အစား ဂါနာချို၊ ဒါလော့နဲ့ မက်တော်မီနေးတို့ကို လူစားလဲကစားသွားခဲ့ကြပြီး ဘာစီလိုနာတို့ဘက်ကတော့ ဆာဂျီ ရောဘတ်တို၊ ရာဖင်ညာနဲ့ အာရူဟိုတို့အစား ဖယ်ရန် တောရက်စ်၊ အန်ဆူ ဖာတီနဲ့ မားကို့စ် အလွန်ဆိုတို့ကို ထည့်သွင်းခဲ့ကြသလို ကွန်ဒီရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို ဒဟေးယား ကာကွယ်နိုင်ခဲ့လို့ သရဲနီတွေ မျှော်လင့်ချက်မပျက်ဘဲ ဖိအားဆက်ပေးနိုင်ခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက စတင်ခဲ့တဲ့ ကောင်တာကနေ ဘရူနို ဖာနန်ဒက်စ်က ဧရိယာထဲ ထည့်ပေးတာကို ဂါနာချိုနဲ့ ဖရက်ဒ်တို့ အဆင့်ဆင့် ကန်ခဲ့ကြပြီး လူထိလို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို အန်တိုနီက ညာခြမ်းကနေ အဝေးတိုင်ဘက်ကို အလျင်အမြန် ကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန် မမီလိုက်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က အိမ်ကွင်းမှာ ဘာစီလိုနာတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-သုံးဂိုးနဲ့ ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့သလို ဒီအဆင့်မှာ ဘယ်ပြိုင်ဘက်နဲ့ တွေ့ဆုံရမယ်ဆိုတာကိုတော့ ဒီနေ့ ညနေမှာ မဲနှိုက်မယ့် ပွဲစဉ်ရေးဆွဲမှုမှာ သိရှိရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *