အရပ္အေမာင္းထက္မာတီနက္ဇ္ဘယ္ေလာက္ေကာင္းတဲ့ကစားသမားမ်ိဳးလဲဆိုတာရွင္းျပသြားခဲ့လိုက္တဲ့ ဗန္ဒိုက္
|အရပ္အေမာင္းထက္မာတီနက္ဇ္ဘယ္ေလာက္ေကာင္းတဲ့ကစားသမားမ်ိဳးလဲဆိုတာရွင္းျပသြားခဲ့လိုက္တဲ့ ဗန္ဒိုက္
လီဗာပူး ေနာက္ခံလူ ဗာဂ်ယ္ဗန္ဒိုက္က မန္ခ်က္စတာယူႏိုက္တက္ စတား လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ပက္သက္တဲ့ ေဝဖန္မႈေတြကို ပယ္ခ်လိုက္ကာ အာဂ်င္တီးနားသားဟာ အရပ္အေမာင္း ျမင့္မားမႈ မရွိေပမယ့္ သူဟာ ဘယ္ေလာက္ေကာင္းတဲ့ ကစားသမားလဲ ဆိုတာ အားလုံးကို ျပသထားခဲ့ၿပီး ျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။ မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီက အိုင္ယက္ကေန မန္ယူႏိုက္တက္ကို ေပါင္ ၅၇ သန္းနဲ႔ ေျပာင္းလာခဲ့သူ ျဖစ္ၿပီး ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ ၂ ပြဲမွာ ဘ႐ိုက္တန္ ဘရန္႔ဖို႔ဒ္ တို႔ကို ဆက္တိုက္ ရႈံးနိမ့္ခဲ့တဲ့ အျပင္ မာတီနက္ဇ္ ကလည္း အဆိုပါ ပြဲေတြမွာ ႐ုန္းကန္ ခဲ့ရတာေၾကာင့္ တာထြက္ မလွပခဲ့ပါဘူး။
မာတီနက္ဇ္ဟာ အဆိုပါ ၂ ပြဲမွာ ဒန္နီဝဲလ္ဘတ္ အိုင္ဗန္တိုနီ တို႔လို အရပ္အေမာင္း ျမင့္မားကာ ပါဝါေကာင္းတဲ့ သူေတြကို ထိန္းခ်ဳပ္ႏိုင္ရန္ ႐ုန္းကန္ ခဲ့ရတာေၾကာင့္ pundit ေတာ္ေတာ္မ်ားမ်ားက အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ၅ ေပ ၇ လက္မ ဆိုတဲ့ အရပ္အေမာင္းနဲ႔ ပရီးမီးယားလိဂ္မွာ အလုပ္ျဖစ္မွာ မဟုတ္ဘူးလို႔ ေဝဖန္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း မာတီနက္ဇ္ဟာ အဲဒီေနာက္ပိုင္းမွာ အေကာင္းဆုံး ပုံစံနဲ႔ ျပန္လာခဲ့ၿပီး ကလပ္ရဲ႕ ေနာက္ဆုံး ပြဲစဥ္ ၁၁ ပြဲမွာ clean sheet ၆ ႀကိမ္ ရေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ယူႏိုက္တက္ ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။
ရာသီအစပိုင္းမွာ မာတီနက္ဇ္ အေပၚ ေဝဖန္မႈေတြနဲ႔ ပက္သက္ၿပီး ဗန္ဒိုက္က “လူေတြဟာ အျခား ေျပာစရာ မရွိလို႔ အရပ္အေမာင္း ကြာဟခ်က္ကို ျပသနာႀကီး တစ္ခုလို လုပ္ေျပာေနတာပါ။ ဒါဟာ ေျပာစရာလိုတဲ့ ကိစၥေတာင္ မဟုတ္ပါဘူး။ အကယ္၍ ကိုယ္က အရပ္အေမာင္း ျမင့္မားတယ္ ဆိုရင္ ေနာက္ခံလူ အေနနဲ႔ အကူအညီ ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕ ေနရာေတြမွာေတာ့ ဒါဟာ အကူအညီ မျဖစ္ေစပါဘူး။ သူဟာ ကြၽန္ေတာ္တို႔နဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ပြဲစဥ္မွာ အေကာင္းဆုံး ကစားခဲ့ပါတယ္။ သူဟာ ယူႏိုက္တက္ အတြက္ ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္ပါတယ္။ တအားကို စိတ္ဓာတ္ ျပင္းထန္ကာ ေဘာလုံးကိုင္ကစားပုံ ေကာင္းမြန္ပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ့္ဘက္ကေတာ့ သူနဲ႔ ပက္သက္ၿပီး ေကာင္းတဲ့ အရာေတြပဲ ေျပာစရာ ရွိပါတယ္။ သူ႔ရဲ႕ ေအာင္ျမင္မႈေတြ အတြက္ ကြၽန္ေတာ္ ေလးစားပါတယ္။ သူ ယူႏိုက္တက္ အတြက္ ေကာင္းေကာင္း လုပ္ျပႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ တအားေတာ့ မေအာင္ျမင္ေစခ်င္ဘူးေပါ့ဗ်ာ။” လို႔ ဆိုခဲ့ပါတယ္။
မာတီနက္ဇ္ အေပၚ Pundit ေတြရဲ႕ ေဝဖန္မႈေတြ အေပၚ ဗန္ဒိုက္က “ကြၽန္ေတာ္ ကေတာ့ အဂၤလန္မွာ pundit ေတြ အားလုံးဟာ ကစားသမား နည္းျပေတြနဲ႔ ပက္သက္ၿပီး တစ္စုံတစ္ရာ မျဖစ္မေန ေျပာစရာ ရွာရတဲ့ ပုံစံပဲလို႔ ထင္ပါတယ္။ ဒါပါပဲ။ ဒါေပမယ့္ ဒါအိုေကပါတယ္။ ဒါဟာ ေျပာင္းလဲလို႔မွ မရတာပဲ။ ဒါေပမယ့္ သူဟာ ေကာင္းမြန္တဲ့ performance ေတြနဲ႔ သက္ေသျပထားခဲ့ၿပီး ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အျခား အရာေတြနဲ႔ ပက္သက္ၿပီး စဥ္းစား မေနသင့္ပါဘူး။” လို႔ ဗန္ဒိုက္က ေျပာဆိုသြားခဲ့လိုက္ပါတယ္။
crd
unicode
အရပ်အမောင်းထက်မာတီနက်ဇ်ဘယ်လောက်ကောင်းတဲ့ကစားသမားမျိုးလဲဆိုတာရှင်းပြသွားခဲ့လိုက်တဲ့ ဗန်ဒိုက်
လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်က မန်ချက်စတာယူနိုက်တက် စတား လီဆန်ဒရိုမာတီနက်ဇ်နဲ့ ပက်သက်တဲ့ ဝေဖန်မှုတွေကို ပယ်ချလိုက်ကာ အာဂျင်တီးနားသားဟာ အရပ်အမောင်း မြင့်မားမှု မရှိပေမယ့် သူဟာ ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲ ဆိုတာ အားလုံးကို ပြသထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီက အိုင်ယက်ကနေ မန်ယူနိုက်တက်ကို ပေါင် ၅၇ သန်းနဲ့ ပြောင်းလာခဲ့သူ ဖြစ်ပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲမှာ ဘရိုက်တန် ဘရန့်ဖို့ဒ် တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ အပြင် မာတီနက်ဇ် ကလည်း အဆိုပါ ပွဲတွေမှာ ရုန်းကန် ခဲ့ရတာကြောင့် တာထွက် မလှပခဲ့ပါဘူး။
မာတီနက်ဇ်ဟာ အဆိုပါ ၂ ပွဲမှာ ဒန်နီဝဲလ်ဘတ် အိုင်ဗန်တိုနီ တို့လို အရပ်အမောင်း မြင့်မားကာ ပါဝါကောင်းတဲ့ သူတွေကို ထိန်းချုပ်နိုင်ရန် ရုန်းကန် ခဲ့ရတာကြောင့် pundit တော်တော်များများက အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ ၅ ပေ ၇ လက်မ ဆိုတဲ့ အရပ်အမောင်းနဲ့ ပရီးမီးယားလိဂ်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မာတီနက်ဇ်ဟာ အဲဒီနောက်ပိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာခဲ့ပြီး ကလပ်ရဲ့ နောက်ဆုံး ပွဲစဉ် ၁၁ ပွဲမှာ clean sheet ၆ ကြိမ် ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ယူနိုက်တက် ပရိတ်သတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
ရာသီအစပိုင်းမှာ မာတီနက်ဇ် အပေါ် ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး ဗန်ဒိုက်က “လူတွေဟာ အခြား ပြောစရာ မရှိလို့ အရပ်အမောင်း ကွာဟချက်ကို ပြသနာကြီး တစ်ခုလို လုပ်ပြောနေတာပါ။ ဒါဟာ ပြောစရာလိုတဲ့ ကိစ္စတောင် မဟုတ်ပါဘူး။ အကယ်၍ ကိုယ်က အရပ်အမောင်း မြင့်မားတယ် ဆိုရင် နောက်ခံလူ အနေနဲ့ အကူအညီ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ နေရာတွေမှာတော့ ဒါဟာ အကူအညီ မဖြစ်စေပါဘူး။ သူဟာ ကျွန်တော်တို့နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားခဲ့ပါတယ်။ သူဟာ ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပါတယ်။ တအားကို စိတ်ဓာတ် ပြင်းထန်ကာ ဘောလုံးကိုင်ကစားပုံ ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ဘက်ကတော့ သူနဲ့ ပက်သက်ပြီး ကောင်းတဲ့ အရာတွေပဲ ပြောစရာ ရှိပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေ အတွက် ကျွန်တော် လေးစားပါတယ်။ သူ ယူနိုက်တက် အတွက် ကောင်းကောင်း လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တအားတော့ မအောင်မြင်စေချင်ဘူးပေါ့ဗျာ။” လို့ ဆိုခဲ့ပါတယ်။
မာတီနက်ဇ် အပေါ် Pundit တွေရဲ့ ဝေဖန်မှုတွေ အပေါ် ဗန်ဒိုက်က “ကျွန်တော် ကတော့ အင်္ဂလန်မှာ pundit တွေ အားလုံးဟာ ကစားသမား နည်းပြတွေနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ မဖြစ်မနေ ပြောစရာ ရှာရတဲ့ ပုံစံပဲလို့ ထင်ပါတယ်။ ဒါပါပဲ။ ဒါပေမယ့် ဒါအိုကေပါတယ်။ ဒါဟာ ပြောင်းလဲလို့မှ မရတာပဲ။ ဒါပေမယ့် သူဟာ ကောင်းမွန်တဲ့ performance တွေနဲ့ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။ သူ့အနေနဲ့ အခြား အရာတွေနဲ့ ပက်သက်ပြီး စဉ်းစား မနေသင့်ပါဘူး။” လို့ ဗန်ဒိုက်က ပြောဆိုသွားခဲ့လိုက်ပါတယ်။