crd
Unicode
အယ်လ်နာဆာအသင်းမှာ ကစားခွင့်အခက်တွေ့နေတဲ့ သရဲနီဟောင်းကြီး ရော်နယ်ဒိုကို မထင်မှတ်ထားတဲ့ ပုံစံဖြင့်အကူအညီပေးအုံးမယ့် ယူနိုက်တက်အသင်း
အယ်လ်နာဆာအသင်းရောက် သရဲနီဘုရင်ကြီး ရော်နယ်ဒိုကို မထင်မှတ်ထားတဲ့ ပုံစံဖြင့်အကူအညီပေးအုံးမယ့် ယူနိုက်တက်အသင်း
ရော်နယ်ဒိုကို အယ်လ်နာဆာအသင်းမှာ စာရင်းသွင်းနိုင်ရန် မျှော်လင့်မထားတဲ့ ပုံစံဖြင့် ကူညီပေးတော့မယ့် မန်ယူနိုက်တက် ။
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ဆော်ဒီ အာရေဗျ ကလပ် အယ်လ်နာဆာအသင်းထံ တစ်နှစ်လုပ်ခ ယူရို သန်း ( ၂၀၀ ) ဝန်းကျင်ဖြင့် ပြောင်းရွေ့သွားခဲ့ပါတယ်။
ဒါပေမယ့် ဆော်ဒီကလပ်ဟာ အသင်းမှာ သတ်မှတ်ထားတဲ့ ပြည်ပကစားသမားအရေအတွက်ထက် ကျော်လွန်နေတာကြောင့် အသက် ( ၃၇ ) နှစ်အရွယ် တိုက်စစ်မှူးကို စာရင်းသွင်းဖို့ အခက်တွေ့နေပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ နဝမမြောက် နိုင်ငံခြား ကစားသမားဖြစ်ပြီး ဆော်ဒီ ပရိုလိဂ်ကနေ သတ်မှတ်ထားတဲ့ ( ၈ ) ဦးစာရင်းနဲ့ ကိုက်ညီဖို့ အနည်းဆုံး နိုင်ငံခြားသား ( ၁ ) ဦးကို ရောင်းချဖို့ လိုအပ်နေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ထင်မှတ်မထားတဲ့ပုံစံဖြင့် ရော်နယ်ဒို နှင့် အယ်လ်နာဆာအသင်းကို ကူညီပေးမယ့် အနေအထား ရှိနေပါတယ်။
ဆော်ဒီ သတင်းဌာနဖြစ်တဲ့ OKAZ ရဲ့ ယနေ့ ဖော်ပြချက်အရ အယ်လ်နာဆာ တိုက်စစ်မှူး ဗင်းဆင့် အဘူဘာကာဟာ ဥရောပ ကလပ်အသင်း တစ်ခုထံ အငှားပြောင်းရွေ့ဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။
crd