အယ္လ္နက္ဆာအသင္းကို အားေပးေနစဥ္ ပထမပိုင္းအၿပီးေပ်ာက္သြားလို႔ ေဝဖန္ေနသူေတြကို တစ္ကြက္ျပလိုက္တဲ့ ေရာ္နယ္လ္ဒို

အယ္လ္နက္ဆာအသင္းကို အားေပးေနစဥ္ ပထမပိုင္းအၿပီးေပ်ာက္သြားလို႔ ေဝဖန္ေနသူေတြကို တစ္ကြက္ျပလိုက္တဲ့ ေရာ္နယ္လ္ဒို
အသင္းသစ္ရဲ႕ပြဲကို အားေပးေနစဥ္ ပထမပိုင္းအၿပီးေပ်ာက္သြားၿပီး ‌ေဝဖန္မႈေတြကေန လက္ခုပ္သံေတြ အထင္ႀကီးမႈေတြအျဖစ္ ရယူႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒို

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ နက္ဆာအသင္းက ေသာၾကာေန႔ညမွာ အယ္လ္ တာအီးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ကို အသင္းအဝတ္လဲခန္းထဲက ေလ့က်င့္ေရးစက္ဘီးေပၚကေန ၾကည့္ရႈအားေပးခဲ့ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာတုန္းက ခ်မွတ္ခံခဲ့ရတဲ့ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ေသာၾကာေန႔မွာ ပြဲဦးထြက္ပါဝင္ကစားေပးႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးဟာ အယ္လ္ တာအီးနဲ႔ပြဲစဥ္အတြက္ Mrsool Park ထဲမွာ ရွိေနခဲ့ၿပီး ပထမပိုင္းကို VIP ထိုင္ခုံကေန ၾကည့္ရႈအားေပးခဲ့ေပမယ့္လည္း ပထမပိုင္းအၿပီးမွာ လ်င္လ်င္ျမန္ျမန္ပဲ ေလ့က်င့္ေရး ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အန္ဒါဆန္ တာလစ္စ္ကာက အယ္လ္ နက္ဆာအတြက္ ပထမပိုင္းမွာေရာ ဒုတိယပိုင္းမွာပါ ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ အထူးသျဖင့္ ဘင္ဖီကာတိုက္စစ္မႉးေဟာင္းရဲ႕ ဒုတိယသြင္းဂိုးကို သေဘာက်ခဲ့တာျဖစ္ပါတယ္။ ေဆာ္ဒီ ပ႐ိုလိဂ္မွာ ယခုရာသီသြင္းဂိုး ၁၁ ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတဲ့ တာလစ္စ္ကာအတြက္ေတာ့ ႐ိုးရွင္းတဲ့ သြင္းဂိုးျဖစ္ခဲ့တာျဖစ္ၿပီး ဂိုးသမား ေဒးဗစ္ ေအာ့စပီနာက အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအတြက္ ေဘာလုံးကို ကန္တင္ေပးခဲ့ၿပီးေနာက္ ဘင္ဖီကာတိုက္စစ္မႉးက အယ္လ္ တာအီးရဲ႕ပင္နယ္တီဧရိယာထဲကို ဝင္ေရာက္ဖို႔ ေဘာလုံး ၂ ႀကိမ္သာ ထိဖို႔လိုအပ္ခဲ့တာျဖစ္ပါတယ္။

တာလစ္စ္ကာဟာ ေနာက္ခံလူရဲ႕ ဖ်က္ထုတ္မႈကို ေရွာင္လႊဲႏိုင္ခဲ့ၿပီးေနာက္ သက္ေတာင့္သက္သာနဲ႔ ဂိုးသမားကို တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး အဝတ္လဲခန္းထဲက ေလ့က်င့္ေရးစက္ဘီးေပၚမွာ ေလ့က်င့္ေရးလုပ္ေနရင္း ၾကည့္ရႈေနတဲ့ ေရာ္နယ္လ္ဒိုက အယ္လ္ နက္ဆာတိုက္စစ္မႉးရဲ႕ အဆုံးသတ္ကို လက္ခုပ္တီး ဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။

အဲဒီဗီဒီယိုကို အယ္လ္ နက္ဆာအသင္းရဲ႕တရားဝင္တြစ္တာအေကာင့္က မွ်ေဝခဲ့ရာမွာ ၾကည့္ရႈသူေပါင္း ၄.၉ သန္းေက်ာ္နဲ႔ ႏွစ္သက္သူေပါင္း ၁၂၁၀၀၀ အထိ ရရွိခဲ့တာျဖစ္ၿပီး အယ္လ္ နက္ဆာဟာ လက္ရွိမွာေတာ့ အမွတ္ေပးဇယားထိပ္ဆုံးမွာ အယ္လ္ ရွာဟတ္ဘ္ထက္ ၁ ပြဲ ပို ၄ မွတ္အသာနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
crd

Unicode
အယ်လ်နက်ဆာအသင်းကို အားပေးနေစဉ် ပထမပိုင်းအပြီးပျောက်သွားလို့ ဝေဖန်နေသူတွေကို တစ်ကွက်ပြလိုက်တဲ့ ရော်နယ်လ်ဒို
အသင်းသစ်ရဲ့ပွဲကို အားပေးနေစဉ် ပထမပိုင်းအပြီးပျောက်သွားပြီး ‌ဝေဖန်မှုတွေကနေ လက်ခုပ်သံတွေ အထင်ကြီးမှုတွေအဖြစ် ရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းက သောကြာနေ့ညမှာ အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို အသင်းအဝတ်လဲခန်းထဲက လေ့ကျင့်ရေးစက်ဘီးပေါ်ကနေ ကြည့်ရှုအားပေးခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာတုန်းက ချမှတ်ခံခဲ့ရတဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် သောကြာနေ့မှာ ပွဲဦးထွက်ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ အယ်လ် တာအီးနဲ့ပွဲစဉ်အတွက် Mrsool Park ထဲမှာ ရှိနေခဲ့ပြီး ပထမပိုင်းကို VIP ထိုင်ခုံကနေ ကြည့်ရှုအားပေးခဲ့ပေမယ့်လည်း ပထမပိုင်းအပြီးမှာ လျင်လျင်မြန်မြန်ပဲ လေ့ကျင့်ရေး ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အန်ဒါဆန် တာလစ်စ်ကာက အယ်လ် နက်ဆာအတွက် ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ အထူးသဖြင့် ဘင်ဖီကာတိုက်စစ်မှူးဟောင်းရဲ့ ဒုတိယသွင်းဂိုးကို သဘောကျခဲ့တာဖြစ်ပါတယ်။ ဆော်ဒီ ပရိုလိဂ်မှာ ယခုရာသီသွင်းဂိုး ၁၁ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ တာလစ်စ်ကာအတွက်တော့ ရိုးရှင်းတဲ့ သွင်းဂိုးဖြစ်ခဲ့တာဖြစ်ပြီး ဂိုးသမား ဒေးဗစ် အော့စပီနာက အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးအတွက် ဘောလုံးကို ကန်တင်ပေးခဲ့ပြီးနောက် ဘင်ဖီကာတိုက်စစ်မှူးက အယ်လ် တာအီးရဲ့ပင်နယ်တီဧရိယာထဲကို ဝင်ရောက်ဖို့ ဘောလုံး ၂ ကြိမ်သာ ထိဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။

တာလစ်စ်ကာဟာ နောက်ခံလူရဲ့ ဖျက်ထုတ်မှုကို ရှောင်လွှဲနိုင်ခဲ့ပြီးနောက် သက်တောင့်သက်သာနဲ့ ဂိုးသမားကို တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး အဝတ်လဲခန်းထဲက လေ့ကျင့်ရေးစက်ဘီးပေါ်မှာ လေ့ကျင့်ရေးလုပ်နေရင်း ကြည့်ရှုနေတဲ့ ရော်နယ်လ်ဒိုက အယ်လ် နက်ဆာတိုက်စစ်မှူးရဲ့ အဆုံးသတ်ကို လက်ခုပ်တီး ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို အယ်လ် နက်ဆာအသင်းရဲ့တရားဝင်တွစ်တာအကောင့်က မျှဝေခဲ့ရာမှာ ကြည့်ရှုသူပေါင်း ၄.၉ သန်းကျော်နဲ့ နှစ်သက်သူပေါင်း ၁၂၁၀၀၀ အထိ ရရှိခဲ့တာဖြစ်ပြီး အယ်လ် နက်ဆာဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ အယ်လ် ရှာဟတ်ဘ်ထက် ၁ ပွဲ ပို ၄ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *