အမ္ဘာေပကို ေခၚမလားဆိုတဲ့ ေမးခြန္းကို အထာက်က်ေလး ျပန္ေျဖဆိုခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပႀကီး အဲရစ္တန္ဟက္
|အမ္ဘာေပကို ေခၚမလားဆိုတဲ့ ေမးခြန္းကို အထာက်က်ေလး ျပန္ေျဖဆိုခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပႀကီး အဲရစ္တန္ဟက္
ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဳဒ္ဘယ္လင္ဟမ္နဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပကို ေခၚမလားဆိုတဲ့ ေမးခြန္းကို ခပ္မိုက္မိုက္ေလး ျပန္ေျဖဆိုခဲ့တဲ့ တန္ဟက္
မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ ပုံစံၾကည့္ရင္ ႐ုပ္တည္ႀကီးနဲ႔ ေလးေလးနက္နက္ရွိမယ္ထင္ရေပမယ့္လည္း ေတာ္ေတာ္ေလး ဟာသလုပ္တတ္တဲ့သူလည္းျဖစ္တယ္ဆိုတာကို ျပသခဲ့ပါတယ္။
ပရိသတ္တစ္ဦးက မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္နဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပကို ေခၚယူႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့တဲ့အခ်ိန္မွာ တန္ဟက္က ပရိသတ္ဆီကေန ပိုက္ဆံေတာင္းခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္ ေခၚခ်င္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ားမွာ ကြၽန္ေတာ့္အတြက္ ပိုက္ဆံေလးဘာေလးမ်ား ရွိလား”လို႔ တန္ဟက္က ဟာသေဖာက္ခဲ့တာျဖစ္ၿပီး အမ္ဘာေပနဲ႔ ဘယ္လင္ဟမ္တို႔ဟာ ကမာၻေပၚမွာ အသင္းတိုင္းက အလိုခ်င္ဆုံးကစားသမားေတြ ျဖစ္ပါတယ္။
ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး အေျပာင္းအေ႐ႊ႕ေကာလာဟလေတြကို အဆုံးသတ္ခဲ့တာျဖစ္ၿပီး ဘယ္လင္ဟမ္ကေတာ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ထိပ္တန္းအဆင့္ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ၿပီးေနာက္ပိုင္း ဥေရာပထိပ္တန္းကလပ္အသင္းအမ်ားအျပားက ေခၚယူဖို႔ ႀကိဳးပမ္းျခင္းကို ခံေနရတာျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္အ႐ြယ္ အဂၤလန္ကြင္းလယ္ကစားသမားဟာ လက္ရွိ ကမာၻ႔ေဘာလုံးေလာကမွာ တန္ဖိုးအရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေနသူျဖစ္ၿပီး CIES က ၎ရဲ႕ ခန႔္မွန္းေျခ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္ ၁၈၃.၉ သန္းဝန္းက်င္ရွိတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
ခီလီယန္ အမ္ဘာေပကေတာ့ ခန႔္မွန္းေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၆၈.၅ သန္းနဲ႔ တတိယေနရာမွာ ရပ္တည္ေနၿပီး မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဖီးလ္ ဖိုဒန္က ေပါင္ ၁၇၇.၁ သန္းနဲ႔ ဒုတိယ၊ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဗင္နီးရွပ္စ္ ဂ်ဴနီယာက ေပါင္ ၁၆၈.၃ သန္း၊ မန္စီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းက ေပါင္ ၁၅၄.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံး ထိပ္ဆုံး ၅ ဦးထဲမွာ ရပ္တည္ေနတာျဖစ္ပါတယ္။
crd
Unicode
အမ်ဘာပေကို ခေါ်မလားဆိုတဲ့ မေးခွန်းကို အထာကျကျလေး ပြန်ဖြေဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြကြီး အဲရစ်တန်ဟက်
ဒေါ့မွန်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်နဲ့ ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ခေါ်မလားဆိုတဲ့ မေးခွန်းကို ခပ်မိုက်မိုက်လေး ပြန်ဖြေဆိုခဲ့တဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ပုံစံကြည့်ရင် ရုပ်တည်ကြီးနဲ့ လေးလေးနက်နက်ရှိမယ်ထင်ရပေမယ့်လည်း တော်တော်လေး ဟာသလုပ်တတ်တဲ့သူလည်းဖြစ်တယ်ဆိုတာကို ပြသခဲ့ပါတယ်။
ပရိသတ်တစ်ဦးက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်နဲ့ ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အချိန်မှာ တန်ဟက်က ပရိသတ်ဆီကနေ ပိုက်ဆံတောင်းခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် ခေါ်ချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားမှာ ကျွန်တော့်အတွက် ပိုက်ဆံလေးဘာလေးများ ရှိလား”လို့ တန်ဟက်က ဟာသဖောက်ခဲ့တာဖြစ်ပြီး အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့ဟာ ကမ္ဘာပေါ်မှာ အသင်းတိုင်းက အလိုချင်ဆုံးကစားသမားတွေ ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး အပြောင်းအရွှေ့ကောလာဟလတွေကို အဆုံးသတ်ခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးနောက်ပိုင်း ဥရောပထိပ်တန်းကလပ်အသင်းအများအပြားက ခေါ်ယူဖို့ ကြိုးပမ်းခြင်းကို ခံနေရတာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ တန်ဖိုးအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေသူဖြစ်ပြီး CIES က ၎င်းရဲ့ ခန့်မှန်းခြေ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၈၃.၉ သန်းဝန်းကျင်ရှိတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ခီလီယန် အမ်ဘာပေကတော့ ခန့်မှန်းပြောင်းရွှေ့ကြေး ပေါင် ၁၆၈.၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ် ဖိုဒန်က ပေါင် ၁၇၇.၁ သန်းနဲ့ ဒုတိယ၊ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးရှပ်စ် ဂျူနီယာက ပေါင် ၁၆၈.၃ သန်း၊ မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းက ပေါင် ၁၅၄.၅ သန်းနဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ထိပ်ဆုံး ၅ ဦးထဲမှာ ရပ်တည်နေတာဖြစ်ပါတယ်။
crd