အန္ဖီးလ္မွာ ႀကိဳးၾကာတို႔ကိုအမဲလိုက္ဖို႔ တန္ဟက္ဂ်္ အသုံးျပဳလာႏိုင္တဲ့ ျဖစ္ႏိုင္ဖြယ္ သရဲနီ ပြဲထြက္လူစာရင္း

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တနဂၤေႏြေန႔ အန္ဖီးကြင္းမွာ ၿပိဳင္ဘက္လီဗာပူးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္မွာ ႏိုင္ပြဲငါးပြဲဆက္အထိ တိုးျမႇင့္သြားဖို႔ ရွိေနပါတယ္။ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့အပတ္မွာ နယူးကာဆယ္ကိုအႏိုင္ယူၿပီး ကာရာေဘာင္းဖလားဆြတ္ခူးႏိုင္ခဲ့သလို ဝက္စ္ဟမ္းကိုလည္း FAဖလားၿပိဳင္ပြဲမွာ အႏိုင္ပိုင္းခဲ့ပါတယ္။ သရဲနီတို႔ဟာ 3ရက္ကို 1ပြဲႏႈနိးကစားေနရေပမယ့္ ပြဲတိုင္းကို မခိုမကပ္ပဲ ကစားေနပါတယ္။

ဒီရာသီမွာ မာေဆးဆိုက္ဒ္ကို အိုးထရက္ဖို႔ဒ္မွာ တစ္ႀကိမ္အႏိုင္ယူၿပီး ယူႏိုက္တက္ဟာ 2015/16 ရာသီကစလို႔ သူတို႔ရဲ႕ ၿပိဳင္ဘက္ လီဗာပူးလ္ကို လိဂ္ႏွစ္ပြဲလုံးမွာ အႏိုင္ယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ ဂိုးသမား‌ ဒီဂီယာ ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ Clean Sheet 10 ႀကိမ္ ရရွိထားၿပီး သူ႔ရဲ႕ စံခ်ိန္တင္မယ့္ အေရအတြက္ကို ထပ္ျဖည့္ဖို႔ စိတ္အားထက္သန္ေနပါတယ္။

ဂုဏ္သိကၡာပိုင္းအရ အေရးႀကီးတဲ့ပြဲစဥ္ျဖစ္တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ အေကာင္းဆုံးလူစာရင္းနဲ႔ ပြဲထြက္လာႏိုင္ၿပီး ဗာရန္းနဲ႔မာတီနက္ဇ္တို႔အတြဲကို ျမင္ေတြ႕လာႏိုင္ပါတယ္။ ဘစ္ဆာကာထက္ ဒါေလာ့ကို ညာဘက္ျခမ္းမွာေတြ႕လာႏိုင္ၿပီး ဘယ္ေနာက္ခံေနရာမွာေတာ့ လုေရွာကိုပဲ အသုံးျပဳလာႏိုင္ပါတယ္။ ကြင္းလယ္ေနရာအတြက္ တႏွစ္တာအေကာင္းဆုံး ကြင္းလယ္ခံစစ္ကစားသမားဆုရရွိခဲ့တဲ့ ဘရာဇီးလက္ေ႐ြးစင္ ကတ္စ္မဲ႐ိုးကို လက္ရွိမွာ တက္ႂကြေနၿပီး ဂိုးျမဴးေနတဲ့ ဖရက္ဒ္နဲ႔အတူ ျမင္ေတြ႕လာႏိုင္ပါတယ္။

ကြင္းလယ္တိုက္စစ္မွာေတာ့ ဘ႐ူႏိုေနရာကိုအစားထိုးႏိုင္မယ့္သူမရွိေသးပါဘူး။ တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္ဟာ ဗက္ဟို႔စ္၊ အန္တိုနီ တို႔နဲ႔ ပူးေပါင္းဖြယ္ရွိၿပီး ဘယ္ေတာင္ပံကေန ပြဲထြက္လာမွာျဖစ္ပါတယ္။ ဆန္ခ်ိဳနဲ႔ ဂါနာခ်ိဳကိုေတာ့ ဒုတိယပိုင္းမွ ထည့္သြင္းအသုံးျပဳလာႏိုင္တာေၾကာင့္ အရံခုံမွာပဲျမင္ေတြ႕လာႏိုင္ပါတယ္။
crd

unicode

အန်ဖီးလ်မှာ ကြိုးကြာတို့ကိုအမဲလိုက်ဖို့ တန်ဟက်ဂျ် အသုံးပြုလာနိုင်တဲ့ ဖြစ်နိုင်ဖွယ် သရဲနီ ပွဲထွက်လူစာရင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ အန်ဖီးကွင်းမှာ ပြိုင်ဘက်လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်မှာ နိုင်ပွဲငါးပွဲဆက်အထိ တိုးမြှင့်သွားဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်မှာ နယူးကာဆယ်ကိုအနိုင်ယူပြီး ကာရာဘောင်းဖလားဆွတ်ခူးနိုင်ခဲ့သလို ဝက်စ်ဟမ်းကိုလည်း FAဖလားပြိုင်ပွဲမှာ အနိုင်ပိုင်းခဲ့ပါတယ်။ သရဲနီတို့ဟာ 3ရက်ကို 1ပွဲနှုနိးကစားနေရပေမယ့် ပွဲတိုင်းကို မခိုမကပ်ပဲ ကစားနေပါတယ်။

ဒီရာသီမှာ မာဆေးဆိုက်ဒ်ကို အိုးထရက်ဖို့ဒ်မှာ တစ်ကြိမ်အနိုင်ယူပြီး ယူနိုက်တက်ဟာ 2015/16 ရာသီကစလို့ သူတို့ရဲ့ ပြိုင်ဘက် လီဗာပူးလ်ကို လိဂ်နှစ်ပွဲလုံးမှာ အနိုင်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဂိုးသမား‌ ဒီဂီယာ ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean Sheet 10 ကြိမ် ရရှိထားပြီး သူ့ရဲ့ စံချိန်တင်မယ့် အရေအတွက်ကို ထပ်ဖြည့်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဂုဏ်သိက္ခာပိုင်းအရ အရေးကြီးတဲ့ပွဲစဉ်ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာနိုင်ပြီး ဗာရန်းနဲ့မာတီနက်ဇ်တို့အတွဲကို မြင်တွေ့လာနိုင်ပါတယ်။ ဘစ်ဆာကာထက် ဒါလော့ကို ညာဘက်ခြမ်းမှာတွေ့လာနိုင်ပြီး ဘယ်နောက်ခံနေရာမှာတော့ လုရှောကိုပဲ အသုံးပြုလာနိုင်ပါတယ်။ ကွင်းလယ်နေရာအတွက် တနှစ်တာအကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားဆုရရှိခဲ့တဲ့ ဘရာဇီးလက်ရွေးစင် ကတ်စ်မဲရိုးကို လက်ရှိမှာ တက်ကြွနေပြီး ဂိုးမြူးနေတဲ့ ဖရက်ဒ်နဲ့အတူ မြင်တွေ့လာနိုင်ပါတယ်။

ကွင်းလယ်တိုက်စစ်မှာတော့ ဘရူနိုနေရာကိုအစားထိုးနိုင်မယ့်သူမရှိသေးပါဘူး။ တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ဗက်ဟို့စ်၊ အန်တိုနီ တို့နဲ့ ပူးပေါင်းဖွယ်ရှိပြီး ဘယ်တောင်ပံကနေ ပွဲထွက်လာမှာဖြစ်ပါတယ်။ ဆန်ချိုနဲ့ ဂါနာချိုကိုတော့ ဒုတိယပိုင်းမှ ထည့်သွင်းအသုံးပြုလာနိုင်တာကြောင့် အရံခုံမှာပဲမြင်တွေ့လာနိုင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *