crd
unicode
အန်ဖီးမှာ ပွဲကြီးပွဲကောင်းနွှဲရဖို့ရှိတာတောင် အိမ်သူသက်ထားကိုအချိန်ပေးနေတဲ့ ကတ်စမဲရိုးကို ပရိသတ်တွေလေးစားနေ
လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူထဲက တစ်ဦးဖြစ်တဲ့ ကတ်စမဲရိုးဟာ မိသားစုကို အလေးပေးသူပါ။ ပုံတင်လိုက်တိုင်း မိသားစုနဲ့ပဲ အချိန်ဖြုန်းနေလို့ မိန်းမကြောက်ရသူလို့ စနောက်နေကြပေမဲ့ တကယ်တမ်းမှာ ကတ်စမဲရိုးက မိသားစုကိုတန်ဖိုးထားတာဖြစ်ပါတယ်။ အခုလည်း စူပါဆန်းဒေးမှာ လီဗာပူးနဲ့ ပွဲကြီးပွဲကောင်းကန်ရဖို့ရှိပေမဲ့ သောကြာနေ့ နေ့လည်မှာ မိန်းမနဲ့ ကော်ဖီထွက်သောက်နေပါတယ်။ ကတ်စမဲရိုးကို တွေ့လိုက်တဲ့နေရာက ချက်ရှိုင်းယား၊ အယ်ဒါလေအက်ချ် ဆိုတဲ့ဒေသမှာဖြစ်လို့ လီဗာပူးနဲ့မန်ချက်စတာမြို့နဲ့ ကြားထဲက ခပ်လှမ်းလှမ်းကိုရောက်နေတာပါ။
ဒါဟာ ပွဲကစားဖို့ တစ်ရက်အလိုမှာ မန်ချက်စတာမြို့မှာမရှိတာဖြစ်လို့ ပရိသတ်တွေက စိုးရိမ်နေပါတယ်။ ကတ်စမဲရိုးတစ်ယောက် မပါနိုင်ရင်ဆိုပြီးတွေးပူးနေကြတာ ဖြစ်ပေမဲ့ ကတ်စမဲရိုးပုံစံကြည့်ရတာ အေးဆေးကော်ဖီဒိတ်နေပုံရပါတယ်။ နှစ်ယောက်သား ကော်ဖီလာသောက်ပြီးမှ ပေါင်(၂)သိန်းတန် ကားအကောင်းစားကြီးနဲ့ ပြန်သွားတာဖြစ်လို့ တမင်ကို မိန်းမကို အချိန်ပေးတာလို့ ယူဆရပါတယ်။ ပွဲကြီးပွဲကောင်းကန်ဖို့ တစ်ရက်အလိုမှာ အခုလိုမျိုး ကော်ဖီဒိတ်နိုင်တာက တော်ရုံစကေးလ်နဲ့မရပါဘူး။
ပရိသတ်တွေကတော့ မိန်းမကို ချစ်တတ်လွန်းတဲ့ ကတ်စမဲရိုးရဲ့လုပ်ရပ်ကို အင်မတန် သဘောကျနေပြီး၊ အကောင်းမြင်မှတ်ချက်တွေ ပေးနေပါတယ်။ ကတ်စမဲရိုးဟာ ဒီရာသီမှာ မန်ယူအတွက် (၁၇)ပွဲပဲ ကစားထားပေမဲ့ ခြေစွမ်းကတော့ အကောင်းဆုံးထဲပါတဲ့အထိကို ခြေစွာနေပါတယ်။
ကြံ့ခိုင်မှုကလည်း သုံးရက်တစ်ပွဲကစားရတာတောင် ရှယ်ဖြစ်နေလို့ ဒဏ်ရာရမှာကိုတောင် စိုးရိမ်စရာမလိုတဲ့အနေအထားဖြစ်နေတာပါ။ တန်ဟတ်ဟာ ကတ်စမဲရိုးရဲ့ ဖလားလိုချင်စိတ်ကို အထူးသဘောကျနေပြီး၊ ကမ္ဘာ့အဆင့်ကစားသမားအဖြစ် မီဒီယာတွေထက်မှာ ဝေဝေဆာဆာချီးကျူးထားပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *