အန္တိုနီတစ္ဦးတည္းကိုသာ အားကိုးေနရတဲ့ ညာေတာင္ပံအတြက္ ဆန္းဒါးလန္းကအေတြ႕အႀကဳံေကာင္းေတြနဲ႔ ျပန္လာမယ္လို႔ အသိေပးလိုက္တဲ့ သရဲနီၾကယ္ပြင့္ ဒီယာလို
|အန္တိုနီတစ္ဦးတည္းကိုသာ အားကိုးေနရတဲ့ ညာေတာင္ပံအတြက္ ဆန္းဒါးလန္းကအေတြ႕အႀကဳံေကာင္းေတြနဲ႔ ျပန္လာမယ္လို႔ အသိေပးလိုက္တဲ့ သရဲနီၾကယ္ပြင့္ ဒီယာလို
မန္ခ်က္စတာယူႏိုက္တက္လူငယ္ကစားသမားျဖစ္သူ အာမတ္ ဒီအာလိုက ဆန္းဒါးလန္းအသင္းမွာ သူ႔ရဲ႕ အငွားကာလ အေတြ႕အႀကဳံေတြက သူ႔ကို ေနာက္ရာသီ အိုးထရက္ဖို႔ဒ္မွာ ေနရာတစ္ေနရာရရွိေအာင္ အကူအညီေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ မန္ယူအသင္းဆီကို ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ အတၱလန္တာအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အိုင္ဗရီယန္ကစားသမားဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လအကုန္မွာ ခ်န္ပီယံရွစ္ကလပ္ဆီ တစ္ရာသီအငွားနဲ႔ သြားေရာက္ကစားခဲ့ပါတယ္။
အသက္ ၂၀ သာရွိေသးတဲ့ ဒီအာလိုဟာ ဆန္းဒါးလန္းအသင္းမွာ အဓိကကစားသမားတစ္ဦးျဖစ္ေနၿပီး၊ ၃၂ ပြဲကစားထားရကာ ၉ ဂိုးသြင္းယူထားၿပီး၊ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားႏိုင္ ခဲ့ပါတယ္။ ဒီအာလိုဟာ မ်ားသာအားျဖင့္ ညာေတာင္ပံမွာသာ ကစားရေပမယ့္၊ ကြင္းလယ္တိုက္စစ္ေနရာနဲ႔ တိုက္စစ္ေနရာတို႔မွာပါ ကစားႏိုင္စြမ္းရွိတာ ျဖစ္ပါတယ္။
ထို႔အတြက္ေၾကာင့္ ဒီအာလိုက ” ဒီကို ကြၽန္ေတာ္ ေရာက္တဲ့အခ်ိန္ကစၿပီးေတာ့၊ ပြဲေတြအားလုံး ကြၽန္ေတာ္ ကစားခဲ့ပါတယ္၊ ဒီေတာ့ ယုံၾကည္မႈပိုရွိလာၿပီလို႔ ကြၽန္ေတာ္ ခံစားမိပါတယ္။ ” မန္ေနဂ်ာ နဲ႔ အသင္းမွာ ရွိတဲ့ ဝန္ထမ္းေတြအားလုံးက က်ေနာ့္ကို ယုံၾကည္မႈရွိၾကၿပီး ဒါက လာမယ့္ႏွစ္အတြက္ အမ်ားႀကီး အေထာက္အကူျဖစ္မယ္လို႔ က်ေနာ္ထင္ပါတယ္။ လာမယ့္ ေဘာလုံးရာသီက က်ေနာ့္အတြက္ေတာ့ အေကာင္းမြန္ဆုံး ေဘာလုံးရာသီျဖစ္လာမယ္လို႔ ေမွ်ာ္လင့္တယ္။
ကစားသမားတစ္ဦးက အငွားထြက္ရရင္၊ ပထမဆုံးကေတာ့ ပြဲကစားခ်ိန္မိနစ္ေတြအမ်ားႀကီး ရဖို႔ပါပဲ၊ ပြဲကစားခ်ိန္အမ်ားႀကီးရတာနဲ႔ ခ်က္ခ်င္းတိုးတက္လာလိမ့္မယ္။ ကိုယ့္ယုံၾကည္မႈက တိုးလာမယ္၊ ကြၽန္ေတာ္ ဒီကို စေရာက္တဲ့အခ်ိန္တုန္းက အမ်ားႀကီး မကစားခဲ့ရဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္ ပုံမွန္ကစားခြင့္ ရလာတာနဲ႔ အဲ့ဒါေတြအားလုံး စတင္ခဲ့ပါတယ္။ ကြၽန္ေတာ္ အေစာက ေျပာခဲ့သလိုပဲ၊ ဒီအငွားကာလက ကြၽန္ေတာ့္ကို ေနာက္ရာသီမွာ အကူအညီျဖစ္ေစမယ္လို႔ ထင္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ အဲ့ဒါက ကြၽန္ေတာ့္ကို ရင့္က်က္လာေစၿပီး၊ စိတ္ပိုင္းဆိုင္ရာမွာ အမ်ားႀကီး တိုးတက္လာေစပါတယ္၊ ၿပီးေတာ့ ဒါကို ေနာက္ရာသီမွာ ျပသဖို႔ အရည္အေသြးရွိတယ္လို႔ ခံစားမိပါတယ္ က်ေနာ့္ကို က်ေနာ္ အၿမဲေျပာေလ့ရွိတာက မျဖစ္ႏိုင္ဘူးဆိုတာ ဘယ္အရာမွ မရွိဘူးဆိုတာပါပဲ။ ” လို႔ ဆိုခဲ့ပါတယ္။
crd
unicode
အန်တိုနီတစ်ဦးတည်းကိုသာ အားကိုးနေရတဲ့ ညာတောင်ပံအတွက် ဆန်းဒါးလန်းကအတွေ့အကြုံကောင်းတွေနဲ့ ပြန်လာမယ်လို့ အသိပေးလိုက်တဲ့ သရဲနီကြယ်ပွင့် ဒီယာလို
မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမားဖြစ်သူ အာမတ် ဒီအာလိုက ဆန်းဒါးလန်းအသင်းမှာ သူ့ရဲ့ အငှားကာလ အတွေ့အကြုံတွေက သူ့ကို နောက်ရာသီ အိုးထရက်ဖို့ဒ်မှာ နေရာတစ်နေရာရရှိအောင် အကူအညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအသင်းဆီကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အတ္တလန်တာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အိုင်ဗရီယန်ကစားသမားဟာ ပြီးခဲ့တဲ့ သြဂုတ်လအကုန်မှာ ချန်ပီယံရှစ်ကလပ်ဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။
အသက် ၂၀ သာရှိသေးတဲ့ ဒီအာလိုဟာ ဆန်းဒါးလန်းအသင်းမှာ အဓိကကစားသမားတစ်ဦးဖြစ်နေပြီး၊ ၃၂ ပွဲကစားထားရကာ ၉ ဂိုးသွင်းယူထားပြီး၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင် ခဲ့ပါတယ်။ ဒီအာလိုဟာ များသာအားဖြင့် ညာတောင်ပံမှာသာ ကစားရပေမယ့်၊ ကွင်းလယ်တိုက်စစ်နေရာနဲ့ တိုက်စစ်နေရာတို့မှာပါ ကစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ဒီအာလိုက ” ဒီကို ကျွန်တော် ရောက်တဲ့အချိန်ကစပြီးတော့၊ ပွဲတွေအားလုံး ကျွန်တော် ကစားခဲ့ပါတယ်၊ ဒီတော့ ယုံကြည်မှုပိုရှိလာပြီလို့ ကျွန်တော် ခံစားမိပါတယ်။ ” မန်နေဂျာ နဲ့ အသင်းမှာ ရှိတဲ့ ဝန်ထမ်းတွေအားလုံးက ကျနော့်ကို ယုံကြည်မှုရှိကြပြီး ဒါက လာမယ့်နှစ်အတွက် အများကြီး အထောက်အကူဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ လာမယ့် ဘောလုံးရာသီက ကျနော့်အတွက်တော့ အကောင်းမွန်ဆုံး ဘောလုံးရာသီဖြစ်လာမယ်လို့ မျှော်လင့်တယ်။
ကစားသမားတစ်ဦးက အငှားထွက်ရရင်၊ ပထမဆုံးကတော့ ပွဲကစားချိန်မိနစ်တွေအများကြီး ရဖို့ပါပဲ၊ ပွဲကစားချိန်အများကြီးရတာနဲ့ ချက်ချင်းတိုးတက်လာလိမ့်မယ်။ ကိုယ့်ယုံကြည်မှုက တိုးလာမယ်၊ ကျွန်တော် ဒီကို စရောက်တဲ့အချိန်တုန်းက အများကြီး မကစားခဲ့ရဘူး၊ ဒါပေမယ့် ကျွန်တော် ပုံမှန်ကစားခွင့် ရလာတာနဲ့ အဲ့ဒါတွေအားလုံး စတင်ခဲ့ပါတယ်။ ကျွန်တော် အစောက ပြောခဲ့သလိုပဲ၊ ဒီအငှားကာလက ကျွန်တော့်ကို နောက်ရာသီမှာ အကူအညီဖြစ်စေမယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒါက ကျွန်တော့်ကို ရင့်ကျက်လာစေပြီး၊ စိတ်ပိုင်းဆိုင်ရာမှာ အများကြီး တိုးတက်လာစေပါတယ်၊ ပြီးတော့ ဒါကို နောက်ရာသီမှာ ပြသဖို့ အရည်အသွေးရှိတယ်လို့ ခံစားမိပါတယ် ကျနော့်ကို ကျနော် အမြဲပြောလေ့ရှိတာက မဖြစ်နိုင်ဘူးဆိုတာ ဘယ်အရာမှ မရှိဘူးဆိုတာပါပဲ။ ” လို့ ဆိုခဲ့ပါတယ်။
crd