အနာဂတ္မန္ခ်က္စတာယူႏိုက္တက္ရဲ႕ေတာင္ပံမွာအားထားရတဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္းသက္ေသျပခဲ့တဲ့ ဂါနာခ်ိဳ
|အနာဂတ္မန္ခ်က္စတာယူႏိုက္တက္ရဲ႕ေတာင္ပံမွာအားထားရတဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္းသက္ေသျပခဲ့တဲ့ ဂါနာခ်ိဳ
မေန႔ညက ကစားသြားခဲ့ၾကတဲ့ မန္ယူႏိုက္တက္နဲ႔ ရွရစ္တို႔ရဲ႕ ပြဲစဥ္မွာ မန္ယူ ႏိုက္တက္ လူငယ္ ၾကယ္ပြင့္ ေလး ျဖစ္တဲ့ ဂနာခ်ိဳဟာ နည္းျပ တန္ဟတ္လက္ထက္ ပထမဆုံးအႀကိမ္အျဖစ္ အသင္းရဲ႕ ပြဲထြက္ လူစာရင္းမွာ ပါဝင္လာခဲ့ပါတယ္။ ပြဲကစားခ်ိန္ (၇၉) မိနစ္ အထိ ပါဝင္ကစားသြားခဲ့တာ ျဖစ္ၿပီး (၇၉) မိနစ္မွာ ဒဏ္ရာကေန ျပန္လည္ သက္သာလာၿပီ ျဖစ္တဲ့ ဗန္ဒီဘီခ့္နဲ႔ လူစားလဲ သြားခဲ့တာ ျဖစ္ပါတယ္။ ပထမဆုံး ပြဲဦးထြက္ ျဖစ္ေပမဲ့ ဂနာခ်ိဳဟာ အထင္ႀကီးေလာက္စ ရာ ေျခစြမ္းေတြကို ျပသခဲ့တာ ျဖစ္ၿပီး ဘယ္ေတာင္ပံျခမ္းမွ ရက္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳတို႔ရဲ႕ ပြဲထြက္ ခြင့္ တေနရာကို ယွဥ္ၿပိဳင္ႏိုင္စြမ္း ရွိတယ္ဆိုတာကို ျပသြားခဲ့တာ ျဖစ္ပါတယ္။
ဒီပြဲစဥ္မွာ ပြဲကစားခ်ိန္ မိနစ္ (၆၀)ခန႔္မွာ လင္ဒီေလာ့က ေနာက္တန္းကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂနာခ်ိဳက ေနမာရဲ႕ ထရိတ္မန႔္ ေဘာလုံးထိန္းတဲ့ အကြက္တစ္ခု ျဖစ္တဲ့ filthy first touch အကြက္နဲ႔ ေဘာလုံးထိန္းျပခဲ့တာ ျဖစ္ပါတယ္။ ေတာ္ေတာ္ေလးကို ေသေသသပ္သပ္ ထိန္းျပ သြားခဲ့တာ ျဖစ္ၿပီး ဂနာခ်ိဳရဲ႕ ပြဲဦးထြက္ဟာ ေတာ္ေတာ္ေလးကို ေကာင္းမြန္ခဲ့တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ ဂနာခ်ိဳဟာ ေဘာလုံးထိခ်က္ (၆၆)ႀကိမ္ အထိရွိခဲ့တာ ျဖစ္ပါတယ္။ ေဘာလုံးဆြဲယူမႈ (၆)ႀကိမ္မွာ (၃)ႀကိမ္ ေအာင္ျမင္ခဲ့ၿပီး (၅၀)ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။ ေျမျပင္ ေဘာလုံးယွဥ္လုရာမွာေအာင္ျမင္မႈွု (၇)ႀကိမ္ အထိ ရွိခဲ့ၿပီး ရာခိုင္ႏႈန္း အားျဖင့္ (၅၈) ရာခိုင္ႏႈန္း ရွိေနခဲ့တာ ျဖစ္ပါတယ္။
ဒါ့အျပင္ ဂနာခ်ိဳ အေနနဲ႔ ျပစ္ဒဏ္ေဘာ (၄)ႀကိမ္ က်ဴးလြန္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါဟာ ဂနာခ်ိဳရဲ႕ ၿပိဳင္ဘက္ ေတြ အေပၚ ဒုကၡေပးႏိုင္စြမ္းဘယ္ေလာက္ ရွိတယ္ဆိုတာကို ျပသေနတာပဲ ျဖစ္ပါတယ္။ ေဘာလုံးေပးပို႔ရာမွာ တိက်မႈက (၉၀)ရာခိုင္ႏႈန္း အထိ ရွိခဲ့ၿပီး အႀကိမ္ (၄၂)ႀကိမ္မွာ (၃၈) ႀကိမ္အထိ ေအာင္ျမင္ခဲ့တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ ဂနာခ်ိဳရဲ႕ စြမ္းေဆာင္ရည္ အဆင့္သက္မွတ္ခ်က္ဟာလည္း (၇.၂) အထိ ရွိခဲ့တာ ျဖစ္ပါတယ္။ အသက္ (၁၈)ႏွစ္ သာရွိေနေသးတဲ့ ကစားသမားေလး တစ္ေယာက္အတြက္ ပထမဆူံး ပြဲဦးထြက္မွာ အခုလိုမ်ိဳး အေၾကာက္အလန႔္ ကင္းကင္းကစားႏိုင္ခဲ့တဲ့ အေပၚမွာ မန္ယူႏိုက္တကက္ ပရိသတ္ေတြကေတာ့ ေတာ္ေတာ္ေလးကို သေဘာက်ေနခဲ့တာ ျဖစ္ပါတယ္။
ပရိသတ္တစ္ဦးကဆိုရင္ ဂနာခ်ိဳရဲ႕ filthy first touch ေဘာလုံးထိန္းတဲ့ အကြက္အေပၚမွာ ” ဂနာခ်ိဳရဲ႕first touch က ငါနဲ႔ ငါ့မိသားစုကို (၇)ရက္ေလာက္ ထမင္းမစားပဲ ေနလို႔ရတယ္ ” ဆိုၿပီး ခ်ီးက်ဴး သြားခဲ့တာ ျဖစ္ပါတယ္။ ေနာက္တစ္ဦးကလည္း ” ဂနာခ်ိဳက တကယ့္ အဆင့္တစ္ခုမွာ ရွိပါတယ္၊ သူ႔ရဲ႕ ေဘာလုံးအထိန္းအသိမ္းက မယုံႏိုင္စရာပါပဲ ” လို႔ ခ်ီးက်ဴး ေျပာဆိုသြားခဲ့ပါတယ္။ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း ” ေနမာရဲ႕ first touch ဂနာခ်ိဳ “ဆိုၿပီး ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ ဂနာခ်ိဳ အေနနဲ႔ အသက္ (၁၈)ႏွစ္ သာရွိေနေသးၿပီးေတာ့ အနာဂတ္မွာ မန္ယူႏိုက္တက္ရဲ႕ ေတာင္ပံမွာ အားထားရတဲ့ ကစားသမားတစ္ေယာက္ ျဖစ္လာမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္သြားရမွာပဲ ျဖစ္ပါတယ္။
crd
unicode
အနာဂတ်မန်ချက်စတာယူနိုက်တက်ရဲ့တောင်ပံမှာအားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်းသက်သေပြခဲ့တဲ့ ဂါနာချို
မနေ့ညက ကစားသွားခဲ့ကြတဲ့ မန်ယူနိုက်တက်နဲ့ ရှရစ်တို့ရဲ့ ပွဲစဉ်မှာ မန်ယူ နိုက်တက် လူငယ် ကြယ်ပွင့် လေး ဖြစ်တဲ့ ဂနာချိုဟာ နည်းပြ တန်ဟတ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ပွဲကစားချိန် (၇၉) မိနစ် အထိ ပါဝင်ကစားသွားခဲ့တာ ဖြစ်ပြီး (၇၉) မိနစ်မှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တဲ့ ဗန်ဒီဘီခ့်နဲ့ လူစားလဲ သွားခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ပွဲဦးထွက် ဖြစ်ပေမဲ့ ဂနာချိုဟာ အထင်ကြီးလောက်စ ရာ ခြေစွမ်းတွေကို ပြသခဲ့တာ ဖြစ်ပြီး ဘယ်တောင်ပံခြမ်းမှ ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့ရဲ့ ပွဲထွက် ခွင့် တနေရာကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ပွဲကစားချိန် မိနစ် (၆၀)ခန့်မှာ လင်ဒီလော့က နောက်တန်းကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂနာချိုက နေမာရဲ့ ထရိတ်မန့် ဘောလုံးထိန်းတဲ့ အကွက်တစ်ခု ဖြစ်တဲ့ filthy first touch အကွက်နဲ့ ဘောလုံးထိန်းပြခဲ့တာ ဖြစ်ပါတယ်။ တော်တော်လေးကို သေသေသပ်သပ် ထိန်းပြ သွားခဲ့တာ ဖြစ်ပြီး ဂနာချိုရဲ့ ပွဲဦးထွက်ဟာ တော်တော်လေးကို ကောင်းမွန်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဂနာချိုဟာ ဘောလုံးထိချက် (၆၆)ကြိမ် အထိရှိခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးဆွဲယူမှု (၆)ကြိမ်မှာ (၃)ကြိမ် အောင်မြင်ခဲ့ပြီး (၅၀)ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မြေပြင် ဘောလုံးယှဉ်လုရာမှာအောင်မြင်မှုှု (၇)ကြိမ် အထိ ရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် (၅၈) ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂနာချို အနေနဲ့ ပြစ်ဒဏ်ဘော (၄)ကြိမ် ကျူးလွန်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ဂနာချိုရဲ့ ပြိုင်ဘက် တွေ အပေါ် ဒုက္ခပေးနိုင်စွမ်းဘယ်လောက် ရှိတယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ ဘောလုံးပေးပို့ရာမှာ တိကျမှုက (၉၀)ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး အကြိမ် (၄၂)ကြိမ်မှာ (၃၈) ကြိမ်အထိ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဂနာချိုရဲ့ စွမ်းဆောင်ရည် အဆင့်သက်မှတ်ချက်ဟာလည်း (၇.၂) အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၈)နှစ် သာရှိနေသေးတဲ့ ကစားသမားလေး တစ်ယောက်အတွက် ပထမဆူံး ပွဲဦးထွက်မှာ အခုလိုမျိုး အကြောက်အလန့် ကင်းကင်းကစားနိုင်ခဲ့တဲ့ အပေါ်မှာ မန်ယူနိုက်တကက် ပရိသတ်တွေကတော့ တော်တော်လေးကို သဘောကျနေခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တစ်ဦးကဆိုရင် ဂနာချိုရဲ့ filthy first touch ဘောလုံးထိန်းတဲ့ အကွက်အပေါ်မှာ ” ဂနာချိုရဲ့first touch က ငါနဲ့ ငါ့မိသားစုကို (၇)ရက်လောက် ထမင်းမစားပဲ နေလို့ရတယ် ” ဆိုပြီး ချီးကျူး သွားခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ဦးကလည်း ” ဂနာချိုက တကယ့် အဆင့်တစ်ခုမှာ ရှိပါတယ်၊ သူ့ရဲ့ ဘောလုံးအထိန်းအသိမ်းက မယုံနိုင်စရာပါပဲ ” လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း ” နေမာရဲ့ first touch ဂနာချို “ဆိုပြီး ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဂနာချို အနေနဲ့ အသက် (၁၈)နှစ် သာရှိနေသေးပြီးတော့ အနာဂတ်မှာ မန်ယူနိုက်တက်ရဲ့ တောင်ပံမှာ အားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။