အတူတြဲဖက္ကစားခ်င္ဆုံးေသာ အသင္းေဖာ္ေဟာင္းကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ သရဲနီစစ္သူႀကီး ဖာနန္ဒက္စ္
|အတူတြဲဖက္ကစားခ်င္ဆုံးေသာ အသင္းေဖာ္ေဟာင္းကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ သရဲနီစစ္သူႀကီး ဖာနန္ဒက္စ္
အတူတြဲဖက္ကစားခ်င္တဲ့ အသင္းေဖာ္ေဟာင္းကို ေျပာျပလိုက္တဲ့ ယူႏိုက္တက္ကြင္းလယ္ဗိုလ္ခ်ဳပ္ ေပၚတူဂီေမွာ္ဆရာေလး ဘ႐ူႏို
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားျဖစ္သူ ဘ႐ူႏို ဖာနန္ဒက္စ္က သူ႔အေနနဲ႔ ဘာစီလိုနာေတာင္ပံကစားသမားျဖစ္သူ ရာဖင္ညာနဲ႔ ထပ္ၿပီးေတာ့ အတူတြဲဖက္ကစားခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။ ဖာနန္ဒက္စ္နဲ႔ ရာဖင္ညာတို႔ဟာ စပို႔တင္းလစၥဘြန္းအသင္းမွာ တစ္ရာသီခန႔္အတူတြဲဖက္ ကစားခဲ့ဖူးတာ ျဖစ္ပါတယ္။
အဲ့ဒီေနာက္မွာေတာ့ ရာဖင္ညာဟာ ၂၀၁၉ ခုႏွစ္မွာ ျပင္သစ္ကလပ္ ရန္းနက္စ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး၊ ေနာက္တစ္ႏွစ္အၾကာမွာေတာ့ ဖာနန္ဒက္စ္က မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းသြားခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္မွာေတာ့ ရာဖင္ညာက မန္ယူအသင္းရဲ႕ ၿပိဳင္ဘက္ လိဒ္စ္ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ႏွစ္ရာသီၾကာ
အထင္ႀကီးစရာေကာင္းတဲ့ ေျခစြမ္းမ်ိဳးျပသခဲ့ၿပီး၊ သူ႔ရဲ႕ အိပ္မက္အသင္းျဖစ္တဲ့ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ ရာဖင္ညာဟာ ၁၈ ပြဲကစားရာမွာ ႏွစ္ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဖာနန္ဒက္စ္က သူ႔အေနနဲ႔ ရာဖင္ညာနဲ႔ အတူျပန္ကစားခ်င္ေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။ The Athletic သတင္းဌာနက
ဖာနန္ဒက္စ္ကို သူ႔အသင္းမွာ ဘယ္အသင္းေဖာ္ေဟာင္းကို ရွိေစခ်င္သလဲလို႔ေမးတဲ့အခါ ” အမ်ားႀကီးရွိပါတယ္။ အခု ဘာစီလိုနာမွာ ကစားေနတဲ့ ရာဖင္ညာကိုေတာ့ ရွိေစခ်င္တယ္။ သူနဲ႔ ကြၽန္ေတာ့္အၾကားက အခ်ိတ္အဆက္ရွိမႈဟာ အရမ္းေကာင္းပါတယ္။ စပို႔တင္းမွာတုန္းက ကြၽန္ေတာ္ သူနဲ႔အတူ အၾကာႀကီးကစားခဲ့ရတာ မဟုတ္ပါဘူး ”
” ဒါေပမယ့္ သူက ကြၽန္ေတာ့္အတြက္ အရာအားလုံးေပးဆပ္မယ့္ အသင္းေဖာ္တစ္ဦးလို႔ ကြၽန္ေတာ္ ခံစားမိပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။ စပိန္က ေဖာ္ျပထားတဲ့ ေနာက္ဆုံးရ သတင္းေတြမွာေတာ့ ဘာစီလိုနာအသင္းဟာ ရာဖင္ညာကို ဒုတိယရာသီဝက္ထပ္မံအခ်ိန္ေပးသြားဖို႔ ရွိေနၿပီး၊ အကယ္၍ ေျခစြမ္းမျပႏိုင္ဘူးဆိုရင္ ရာသီအကုန္မွာ ေရာင္းထုတ္သြားေတာ့မယ္လို႔ သိရပါတယ္။
crd
Unicode
အတူတွဲဖက်ကစားချင်ဆုံးသော အသင်းဖော်ဟောင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ သရဲနီစစ်သူကြီး ဖာနန်ဒက်စ်
အတူတွဲဖက်ကစားချင်တဲ့ အသင်းဖော်ဟောင်းကို ပြောပြလိုက်တဲ့ ယူနိုက်တက်ကွင်းလယ်ဗိုလ်ချုပ် ပေါ်တူဂီမှော်ဆရာလေး ဘရူနို
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ ဘာစီလိုနာတောင်ပံကစားသမားဖြစ်သူ ရာဖင်ညာနဲ့ ထပ်ပြီးတော့ အတူတွဲဖက်ကစားချင်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဖာနန်ဒက်စ်နဲ့ ရာဖင်ညာတို့ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ တစ်ရာသီခန့်အတူတွဲဖက် ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ရာဖင်ညာဟာ ၂၀၁၉ ခုနှစ်မှာ ပြင်သစ်ကလပ် ရန်းနက်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး၊ နောက်တစ်နှစ်အကြာမှာတော့ ဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းသွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ရာဖင်ညာက မန်ယူအသင်းရဲ့ ပြိုင်ဘက် လိဒ်စ်ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့ပြီး နှစ်ရာသီကြာ
အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းမျိုးပြသခဲ့ပြီး၊ သူ့ရဲ့ အိပ်မက်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ရာဖင်ညာဟာ ၁၈ ပွဲကစားရာမှာ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖာနန်ဒက်စ်က သူ့အနေနဲ့ ရာဖင်ညာနဲ့ အတူပြန်ကစားချင်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ The Athletic သတင်းဌာနက
ဖာနန်ဒက်စ်ကို သူ့အသင်းမှာ ဘယ်အသင်းဖော်ဟောင်းကို ရှိစေချင်သလဲလို့မေးတဲ့အခါ ” အများကြီးရှိပါတယ်။ အခု ဘာစီလိုနာမှာ ကစားနေတဲ့ ရာဖင်ညာကိုတော့ ရှိစေချင်တယ်။ သူနဲ့ ကျွန်တော့်အကြားက အချိတ်အဆက်ရှိမှုဟာ အရမ်းကောင်းပါတယ်။ စပို့တင်းမှာတုန်းက ကျွန်တော် သူနဲ့အတူ အကြာကြီးကစားခဲ့ရတာ မဟုတ်ပါဘူး ”
” ဒါပေမယ့် သူက ကျွန်တော့်အတွက် အရာအားလုံးပေးဆပ်မယ့် အသင်းဖော်တစ်ဦးလို့ ကျွန်တော် ခံစားမိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ စပိန်က ဖော်ပြထားတဲ့ နောက်ဆုံးရ သတင်းတွေမှာတော့ ဘာစီလိုနာအသင်းဟာ ရာဖင်ညာကို ဒုတိယရာသီဝက်ထပ်မံအချိန်ပေးသွားဖို့ ရှိနေပြီး၊ အကယ်၍ ခြေစွမ်းမပြနိုင်ဘူးဆိုရင် ရာသီအကုန်မှာ ရောင်းထုတ်သွားတော့မယ်လို့ သိရပါတယ်။
crd