



crd

unicode

အင်တာနှင့်လက်တွဲဖြုတ်ပြီး တန်ဟဂ်ရှိရာအိုးထရက်ဖို့ဒ်ထံပြောင်းရွှေ့လာဖွယ်ရှိနေတဲ့ နယ်သာလန်ခံစစ်ကျောက်ဆောင် ဒမ်ဖရိုင်းစ်

စီးရီးအေ ထိပ်သီးကလပ်ကြီး အင်တာမီလန်အသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးပြသာနာ အခြေအနေတွေကြောင့် အသင်းက ထိပ်တန်းကစားသမားတချို့ကို ရောင်းထုတ်သွားရဖွယ် ရှိနေပြီး ဒီကစားသမားတွေထဲမှာ နယ်သာလန် ညာနောက်ခံကစားသမား ဒန်ဇယ်ဒီဖရိုင်းစ်လည်း ပါဝင်နေရတဲ့အပြင် ဒမ်ဖရိုင်းစ်ကိုယ်တိုင်ကလည်း နည်းပြအဲရစ်တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာနိုင်တယ်လို့ သိရပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် နောက်ခံအစွန်လူ ဒမ်ဖရိုင်းစ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် တောက်ပနိုင်ခဲ့သူဖြစ်ပြီး အဲ့ဒီပြိုင်ပွဲကြီးအပြီးမှာပဲ ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရသလို နောက်ဆုံးမှာတော့ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို(၁၂.၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။ အင်တာမီလန်နဲ့ တစ်ရာသီသာ ဖြတ်သန်းထားခဲ့ရသေးတဲ့ ဒမ်ဖရိုင်းစ်ဟာ အခုဆိုရင် အသင်းရဲ့ ငွေကြေးပိုင်း အခြေအနေ မဟန်မှုတွေကြောင့် အသင်းနဲ့ပါ ပြန်လည်လက်တွဲဖြုတ်ရနိုင်တဲ့ အခြေအနေထိပါ ရောက်ရှိရနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ အထင်ကြီးလောက်စရာခြေစွမ်းမျိုးပြသခဲ့တဲ့ ဒမ်ဖရီးစ်ဟာ PSV အသင်းမှာ သုံးနှစ်ကြာအောင် ကစားခဲ့ဖူးပြီး နယ်သာလန်လိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူအဖြစ် မှတ်ကျောက်တင်ထားနိုင်ခဲ့ပါတယ်။ တန်ဟဂ်ရဲ့ အေဂျက်စ်အသင်းနှင့် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး တွေ့ဆုံမှုတိုင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝမြင့်တင်ဖို့ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီး လိုအပ်ရင် ညာကွင်းလယ်လူအဖြစ်ပါ ပွဲထွက်ကစားနိုင်တဲ့ အရည်ချင်းမျိုးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီလိုအရည်ချင်းတွေကြောင့်ပဲ တန်ဟဂ်ဟာ အိုးထရက်ဖို့ဒ်ညာခြမ်းအတွက် မျက်စိကျလာခဲ့ပြီး ဒမ်ဖရီးစ် ကိုခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

PSVအသင်းမှာ ၁၂၄ပွဲကစားပြီး ၃၆ ဂိုး တိုက်ရိုက်သွင်းယူထားတဲ့ ဒမ်ဖရီးစ် ဟာ ပရီးမီးယားလိဂ် ကိုပြောင်းရွှေ့ပြီး တန်ဟဂ် နှင့်ချိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ the sun ကဖော်ပြခဲ့ပါတယ်။ စီးရီအေအသင်းနှင့် စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးပေမယ့် ဒမ်ဖရီးစ်ရဲ့ ဖန်အကြီးစားဖြစ်နေတဲ့ တန်ဟဂ်အတွက် အိုးထရက်ဖို့ဒ် အသွင်ပြင်သစ်မှာ ပါဝင်စေလိုတာဖြစ်ပါတယ်။ဒမ်ဖရိုင်းစ်ကိုယ်တိုင်ကလည်း နယ်သာလန်လူမျိုး တန်ဟက်ဂ်ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။ အင်တာရဲ့တောင်းဆိုမှုအပေါ်မူတည်၍ ညာနောက်ခံလူ ပြဿနာကို ဖြေရှင်းသွားမယ့် မန်ယူအတွက် ဒမ်ဖရီးစ်ဟာ မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်လာနိုင်ပါကြောင်း

Add a Comment

Your email address will not be published. Required fields are marked *