အဂၤလန္လိဂ္ဖလား (Carabao Cup) ၿပိဳင္ပြဲမွာ ဗိုလ္ဝင္ခံဖို႔ ‌ေရပန္းအစားဆုံးျဖစ္ေနတဲ့ လန္ထြက္ ျပန္တက္ေနတဲ့ တန္ဟက္ဂ္ရဲ႕ မန္ခ်က္

ဖလားလက္မဲ့ျဖစ္ေနတာၾကာၿပီျဖစ္တဲ့ ယူႏိုက္တက္ပရိတ္သတ္ေတြအတြက္ နည္းျပတန္ဟက္ဂ္ ယူေဆာင္ေပးဖို႔ အနီးစပ္ဆုံးျဖစ္လာတဲ့ ဖလားတစ္လုံး
အဂၤလန္လိဂ္ဖလား (Carabao Cup) ၿပိဳင္ပြဲမွာ ဗိုလ္ဝင္ခံဖို႔ ‌ေရပန္းအစားဆုံးျဖစ္ေနတဲ့ လန္ထြက္ ျပန္တက္ေနတဲ့ တန္ဟက္ဂ္ရဲ႕ မန္ခ်က္

၂၀၂၂-၂၀၂၃ ရာသီ အဂၤလန္လိဂ္ဖလား (Carabao Cup) ၿပိဳင္ပြဲ ဆီမီးဖိုင္နယ္အဆင့္တြင္ ေဆာက္သမ္တန္ႏွင့္ နယူးကာဆယ္၊ ေနာ္တင္ဟမ္ႏွင့္ မန္ယူအသင္းတို႔ ေတြ႕ဆုံေနၿပီး မန္စီးတီးအသင္း ၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးေနာက္ မန္ ယူအသင္းသည္ ဗိုလ္စြဲရန္ ေရပန္းအစားဆုံးအေျခအေနတြင္ရွိေနေၾကာင္း သိရွိရသည္။

ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားကို ဗုဒၶဟူးေန႔ညပိုင္းက ယွဥ္ၿပိဳင္ကစားသည့္ ေဆာက္သမ္တန္-မန္စီးတီး ကြာတားဖိုင္နယ္ပြဲအၿပီးတြင္ မဲႏႈိက္ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

ပြဲစဥ္ေရးဆြဲမႈအရ ေနာက္ဆုံး(၅)ရာသီတြင္ ခ်န္ပီယံဆု (၄)ႀကိမ္အထိရရွိထားသည့္မန္စီးတီးအသင္းကို အံ့အား သင့္ဖြယ္ ေက်ာ္ျဖတ္လာသည့္ ေဆာက္သမ္တန္အသင္းက ပရီးမီးယားလိဂ္၌ေျခစြမ္းျပေနသည့္နယူးကာဆယ္အသင္းႏွင့္ လည္းေကာင္း၊ ပရီးမီးယားလိဂ္တန္းတက္ ေနာ္တင္ဟမ္အသင္းကနာမည္ႀကီး မန္ယူအသင္းႏွင့္လည္းေကာင္း ထိပ္တိုက္ေတြ႕ဆုံေနသည္။

ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားကို ႏွစ္ေက်ာ့ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး ဇန္နဝါရီ ၂၄-၂၅ ရက္တြင္ ပထမအေက်ာ့ႏွင့္ ဇန္နဝါရီ ၃၁-ေဖေဖာ္ဝါရီ ၁ ရက္တြင္ ဒုတိယအေက်ာ့ ကစားရမည္ျဖစ္သည္။ ယခုၿပိဳင္ပြဲ၌ မန္ယူအသင္းက အေလးေပးမႈ ၅း၆ ျဖင့္ ဗိုလ္စြဲရန္ ေရပန္းအစားဆုံးျဖစ္ေနၿပီး နယူးကာဆယ္အသင္းက ၆း၄၊ ေဆာက္သမ္တန္အသင္းက ၁၁း၁၊ ေနာ္တင္ဟမ္အသင္းက ၁၄း၁ ျဖင့္ ရပ္တည္ေနသည္။

ယူႏိုက္တက္ နည္းျပ တန္ဟက္ဂ္ ဟာ ဒီရာသီဖလားရဖို႔ရည္မွန္းထားတာေၾကာင့္ အရင္ဆုံးအလြယ္တကူရရွိမယ့္ဖလားဟာ Carabao Cup ျဖစ္တာေၾကာင့္ ရရွိေအာင္စြမ္းေဆာင္ႏိုင္မယ္လို႔လည္း ပရိသတ္ေတြကေမ်ာ္လင့္ေနၾကပါတယ္။
crd

Unicode
ဖလားလက်မဲ့ဖြစ်နေတာကြာပြီဖြစ်တဲ့ ယူနိုက်တက်ပရိတ်သတ်တွေအတွက် နည်းပြတန်ဟက်ဂ် ယူဆောင်ပေးဖို့ အနီးစပ်ဆုံးဖြစ်လာတဲ့ ဖလားတစ်လုံး
အင်္ဂလန်လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲမှာ ဗိုလ်ဝင်ခံဖို့ ‌ရေပန်းအစားဆုံးဖြစ်နေတဲ့ လန်ထွက် ပြန်တက်နေတဲ့ တန်ဟက်ဂ်ရဲ့ မန်ချက်

၂၀၂၂-၂၀၂၃ ရာသီ အင်္ဂလန်လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ဆောက်သမ်တန်နှင့် နယူးကာဆယ်၊ နော်တင်ဟမ်နှင့် မန်ယူအသင်းတို့ တွေ့ဆုံနေပြီး မန်စီးတီးအသင်း ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် မန် ယူအသင်းသည် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအခြေအနေတွင်ရှိနေကြောင်း သိရှိရသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ဆောက်သမ်တန်-မန်စီးတီး ကွာတားဖိုင်နယ်ပွဲအပြီးတွင် မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်ရေးဆွဲမှုအရ နောက်ဆုံး(၅)ရာသီတွင် ချန်ပီယံဆု (၄)ကြိမ်အထိရရှိထားသည့်မန်စီးတီးအသင်းကို အံ့အား သင့်ဖွယ် ကျော်ဖြတ်လာသည့် ဆောက်သမ်တန်အသင်းက ပရီးမီးယားလိဂ်၌ခြေစွမ်းပြနေသည့်နယူးကာဆယ်အသင်းနှင့် လည်းကောင်း၊ ပရီးမီးယားလိဂ်တန်းတက် နော်တင်ဟမ်အသင်းကနာမည်ကြီး မန်ယူအသင်းနှင့်လည်းကောင်း ထိပ်တိုက်တွေ့ဆုံနေသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို နှစ်ကျော့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇန်နဝါရီ ၂၄-၂၅ ရက်တွင် ပထမအကျော့နှင့် ဇန်နဝါရီ ၃၁-ဖေဖော်ဝါရီ ၁ ရက်တွင် ဒုတိယအကျော့ ကစားရမည်ဖြစ်သည်။ ယခုပြိုင်ပွဲ၌ မန်ယူအသင်းက အလေးပေးမှု ၅း၆ ဖြင့် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေပြီး နယူးကာဆယ်အသင်းက ၆း၄၊ ဆောက်သမ်တန်အသင်းက ၁၁း၁၊ နော်တင်ဟမ်အသင်းက ၁၄း၁ ဖြင့် ရပ်တည်နေသည်။

ယူနိုက်တက် နည်းပြ တန်ဟက်ဂ် ဟာ ဒီရာသီဖလားရဖို့ရည်မှန်းထားတာကြောင့် အရင်ဆုံးအလွယ်တကူရရှိမယ့်ဖလားဟာ Carabao Cup ဖြစ်တာကြောင့် ရရှိအောင်စွမ်းဆောင်နိုင်မယ်လို့လည်း ပရိသတ်တွေကမျော်လင့်နေကြပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *