အဂၤလန္ရဲ႕ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံး ႏွင္းဆီဒါဘီသမိုင္းတစ္ေလွ်ာက္ အသက္ငယ္ဆုံးဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ သရဲနီၾကယ္ပြင့္ေလး ဂါနာခ်ိဳ

ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ လူငယ္ၾကယ္ပြင့္ တဦး ျဖစ္သူ ဂါနာခ်ိဳက ယမန္ေန႔ညမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ လိဒ္ယူႏိုက္တက္ ၀-၂ မန္ခ်က္စတာ ယူႏိုက္တက္ ပြဲစဥ္မွာ လူစားဝင္ ကစားသမား အျဖစ္ ဝင္ေရာက္ ကစားရင္း အသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ မန္ယူနဲ႔ လိဒ္တို႔ရဲ႕ ႏွင္းဆီဒါဘီမွာ အသက္အငယ္ဆုံး ဂိုးသြင္းႏိုင္တဲ့ ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လိဒ္ယူႏိုက္တက္တို႔ ထိပ္တိုက္ ေတြ႕ဆုံတဲ့ ပြဲေတြကို ႏွင္းဆီဒါဘီလို႔ လူသိမ်ားၿပီး ႏွင္းဆီဒါဘီက အဂၤလန္ႏိုင္ငံရဲ႕ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံး ဒါဘီပြဲ ၁၀ပြဲထဲမွာ ပါဝင္ကာ သမိုင္းအစဥ္အလာ အရ ႏွင္းဆီဒါဘီက မန္ခ်က္စတာဒါဘီထက္ေတာင္ ပိုၿပီး အႀကိတ္အနယ္ ရွိပါေသးတယ္။

ဒါေၾကာင့္ပဲ ယမန္ေန႔ညမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ လိဒ္ယူႏိုက္တက္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ ပြဲစဥ္မွာ ႏွစ္သင္းစလုံးရဲ႕ ကစားသမားေတြေရာ ၊ ပရိသတ္ေတြကပါ တပြဲလုံး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး မန္ခ်က္စတာ ယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဂ္ရဲ႕ မွန္ကန္တဲ့ လူစားလဲမႈ ၊ မွန္ကန္တဲ့ ကစားကြက္ အေျပာင္းအလဲတို႔ေၾကာင့္သာ မန္ခ်က္စတာ ယူႏိုက္တက္က ေနာက္က်အႏိုင္ဂိုးေတြနဲ႔ လိဒ္ယူႏိုက္တက္ကို အႏိုင္ရခဲ့တာပါ။ လိဒ္ယူႏိုက္တက္ ၀-၂ မန္ခ်က္စတာ ယူႏိုက္တက္ ပြဲစဥ္မွာ ယူႏိုက္တက္ အတြက္ သြင္းဂိုးေတြကို ပြဲခ်ိန္ ၈၀မိနစ္မွာ အဓိက တိုက္စစ္မႉး မားကပ္ ရက္ဖို႔ဒ္နဲ႔ ပြဲခ်ိန္ ၈၅မိနစ္တို႔မွာ လူစားဝင္ လူငယ္ ကစားသမားေလး ဂါနာခ်ိဳတို႔က အသီးသီး သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက လိဒ္စ္နဲ႔ (၂-၂)ဂိုးစီသေရက်တဲ့ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္တာေၾကာင့္ လူစားလဲခံခဲ့ရတဲ့ ဂါနာခ်ိဳဟာ အခုပြဲမွာေတာ့ အရန္ခုံက ထလာၿပီး မိနစ္(၂၀)ေက်ာ္အတြင္းမွာပဲ အသင္းအတြက္ (၁)ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ တိုက္စစ္မႉးဝက္ေဟာ့တ္ ပါးပါးနပ္နပ္နဲ႔ ခင္းေပးလိုက္တာကေန ဂါနာခ်ိဳက ဆြဲေျပးၿပီး ဂိုးသမားရဲ႕ ညာဘက္ျခမ္းကို အပိုင္ကန္သြင္းယူခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ ဒုတိယ အႏိုင္ဂိုးပိုင္ရွင္ ဂါနာခ်ိဳက လိဒ္ယူႏိုက္တက္ဘက္ကို ဂိုးသြင္းယူခ်ိန္မွာ အသက္ ၁၈ႏွစ္နဲ႔ ၁၉၇ရက္သာ ရွိေသးတာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လိဒ္ယူႏိုက္တက္တို႔ရဲ႕ ႏွင္းဆီဒါဘီ သမိုင္းတေလွ်ာက္ အသက္အငယ္ဆုံး ဂိုးသြင္းႏိုင္တဲ့ ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ဂါနာခ်ိဳက ယခုႏွစ္ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာ လူစားဝင္ ကစားသမား အျဖစ္ ဝင္ေရာက္ ကစားရင္း အသင္းအတြက္ (၂)ဂိုးသြင္း၊ (၂)ဂိုးဖန္တီးခဲ့တာေၾကာင့္ စုစုေပါင္း ဂိုးပါဝင္ပတ္သတ္မႈ ၄ႀကိမ္ အထိ ျပဳလုပ္လုပ္ထားႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ ဒီရာသီ အေကာင္းဆုံး လူစားဝင္ ကစားသမား အျဖစ္လည္း ရပ္တည္ေနႏိုင္ပါေသးတယ္။ ဒီရာသီ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၂၅)ပြဲကစား၊ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၅)ႀကိမ္ျပဳလုပ္ခဲ့သူ ဂါနာခ်ိဳဟာ လူစားဝင္ကစားခြင့္ရတဲ့ပြဲတိုင္း ေျခစြမ္းျပႏိုင္တာေၾကာင့္ တစ္ခ်ိန္က ယူႏိုက္တက္အသင္းမွာ ထင္ရွားခဲ့တဲ့ ဂႏၴဝင္တိုက္စစ္မႉးဆိုးလ္ရွားရဲ႕ Super Sub ဂုဏ္ပုဒ္ကို လႊဲေျပာင္းရယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ေဘာလုံးသမားဘဝတုန္းက ‘ကေလးမ်က္ႏွာနဲ႔ လူသတ္သမား (Baby-Faced Assassin)’လို႔ နာမည္ေက်ာ္ခဲ့သူ ဆိုးလ္ရွားဟာ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ လူစားဝင္အျဖစ္ သြင္းယူခဲ့တာက (၁၇)ဂိုးအထိရွိၿပီး သူ႔ရဲ႕ အထင္ရွားဆုံးဂိုးကေတာ့ ၁၉၉၉ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲ၊ နာက်င္အခ်ိန္ပို (၉၃)မိနစ္မွာ ယူႏိုက္တက္အတြက္ အႏိုင္ဂိုးသြင္းယူခဲ့တာပဲျဖစ္ပါတယ္။
crd

unicode

အင်္ဂလန်ရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး နှင်းဆီဒါဘီသမိုင်းတစ်လျှောက် အသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ သရဲနီကြယ်ပွင့်လေး ဂါနာချို

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဂါနာချိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် မန်ယူနဲ့ လိဒ်တို့ရဲ့ နှင်းဆီဒါဘီမှာ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲတွေကို နှင်းဆီဒါဘီလို့ လူသိများပြီး နှင်းဆီဒါဘီက အင်္ဂလန်နိုင်ငံရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲ ၁၀ပွဲထဲမှာ ပါဝင်ကာ သမိုင်းအစဉ်အလာ အရ နှင်းဆီဒါဘီက မန်ချက်စတာဒါဘီထက်တောင် ပိုပြီး အကြိတ်အနယ် ရှိပါသေးတယ်။

ဒါကြောင့်ပဲ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ကစားသမားတွေရော ၊ ပရိသတ်တွေကပါ တပွဲလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ မှန်ကန်တဲ့ လူစားလဲမှု ၊ မှန်ကန်တဲ့ ကစားကွက် အပြောင်းအလဲတို့ကြောင့်သာ မန်ချက်စတာ ယူနိုက်တက်က နောက်ကျအနိုင်ဂိုးတွေနဲ့ လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့တာပါ။ လိဒ်ယူနိုက်တက် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၈၀မိနစ်မှာ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်နဲ့ ပွဲချိန် ၈၅မိနစ်တို့မှာ လူစားဝင် လူငယ် ကစားသမားလေး ဂါနာချိုတို့က အသီးသီး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လိဒ်စ်နဲ့ (၂-၂)ဂိုးစီသရေကျတဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်တာကြောင့် လူစားလဲခံခဲ့ရတဲ့ ဂါနာချိုဟာ အခုပွဲမှာတော့ အရန်ခုံက ထလာပြီး မိနစ်(၂၀)ကျော်အတွင်းမှာပဲ အသင်းအတွက် (၁)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးဝက်ဟော့တ် ပါးပါးနပ်နပ်နဲ့ ခင်းပေးလိုက်တာကနေ ဂါနာချိုက ဆွဲပြေးပြီး ဂိုးသမားရဲ့ ညာဘက်ခြမ်းကို အပိုင်ကန်သွင်းယူခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဒုတိယ အနိုင်ဂိုးပိုင်ရှင် ဂါနာချိုက လိဒ်ယူနိုက်တက်ဘက်ကို ဂိုးသွင်းယူချိန်မှာ အသက် ၁၈နှစ်နဲ့ ၁၉၇ရက်သာ ရှိသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တက်တို့ရဲ့ နှင်းဆီဒါဘီ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဂါနာချိုက ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း အသင်းအတွက် (၂)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးခဲ့တာကြောင့် စုစုပေါင်း ဂိုးပါဝင်ပတ်သတ်မှု ၄ကြိမ် အထိ ပြုလုပ်လုပ်ထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ အကောင်းဆုံး လူစားဝင် ကစားသမား အဖြစ်လည်း ရပ်တည်နေနိုင်ပါသေးတယ်။

ဒီရာသီ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၂၅)ပွဲကစား၊ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ခဲ့သူ ဂါနာချိုဟာ လူစားဝင်ကစားခွင့်ရတဲ့ပွဲတိုင်း ခြေစွမ်းပြနိုင်တာကြောင့် တစ်ချိန်က ယူနိုက်တက်အသင်းမှာ ထင်ရှားခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူးဆိုးလ်ရှားရဲ့ Super Sub ဂုဏ်ပုဒ်ကို လွှဲပြောင်းရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဘောလုံးသမားဘဝတုန်းက ‘ကလေးမျက်နှာနဲ့ လူသတ်သမား (Baby-Faced Assassin)’လို့ နာမည်ကျော်ခဲ့သူ ဆိုးလ်ရှားဟာ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် လူစားဝင်အဖြစ် သွင်းယူခဲ့တာက (၁၇)ဂိုးအထိရှိပြီး သူ့ရဲ့ အထင်ရှားဆုံးဂိုးကတော့ ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲ၊ နာကျင်အချိန်ပို (၉၃)မိနစ်မှာ ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *