



crd

unicode

အခွင့်အရေးနှင့်ထိုက်တန်ကြောင်းသက်သေပြဖို့ ဗန်ဒိဘိခ်ကိုသတိပေးပြောဆိုလိုက်တဲ့ သရဲနီဟောင်း ဖာဒီနန်

နည်းပြ အဲရစ် တန်ဟန့်အနေနဲ့ အက်စ်တွန်ဗီလာနဲ့ပွဲမှာ ဒွန်နီ ဗန်ဒေးဘိခ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာ မှန်ကန်ခဲ့ကြောင်းနဲ့၊ ဒါပေမယ့်လည်း ဒွန်နီအနေနဲ့ အိုးထရက်ဖို့ဒ်မှာ ကြိုးစားဖို့ အချိန်တွေကုန်ဆုံးနေပြီဖြစ်ကြောင်း ဂန္တဝင်ကစားသမားဟောင်း ရီရို ဖာဒီနန်က သတိပေး ပြောဆိုလိုက်ပါတယ်။ ဗန်ဒေးဘိခ်ဟာ ဒီရာသီမှာ ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ကို ဗီလာနဲ့ပွဲမှာ စတင်ခဲ့ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ကွင်းလယ်ကစားသမားဟာ အေဂျက်ကနေ ပြောင်းရွှေ့လာတည်းက ခြေစွမ်းကောင်း ပြသထားနိုင်ခြင်းမရှိတဲ့အပြင်၊ သူ့ရဲ့ ဆရာဟောင်း တန်ဟန့်နဲ့ ပြန်လည်ပေါင်းစည်းခွင့်ရခဲ့တာတောင် သူ့ရဲ့ ပုံစံကတိုးတက်လာခြင်းမရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖာဒီနန်ကတော့
ဗန်ဒေးဘိခ်ဟာ သက်သေပြဖို့အတွက် သင့်တော်တဲ့အခွင့်အရေး မရသေးတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ နည်းပြက ဗန်ဒေးဘိခ် အကြောင်းကို သိပါတယ်၊ သူ ဘာတွေလုပ်နိုင်သလဲဆိုတာ သိတယ်။ သူဟာ အကြောင်းအရင်းတစ်ခုကြောင့် မန်ချက်စတာနဲ့ အင်္ဂလန်မှာ သူလုပ်နိုင်တာတွေကို မလုပ်ပြနိုင်သေးပါဘူး။ သူ အေဂျက်အသင်းမှာ ကစားစဉ်က ကျွန်တော် လေးကြိမ်၊ ငါးကြိမ်လောက် စောင့်ကြည့်ခဲ့ဖူးပါတယ်။ ဒါက လွန်ခဲ့တဲ့နှစ်အချို့တုန်းကဆိုတာ သိပါတယ်၊ ဒါပေမယ့် အဲ့ဒီပွဲတွေတုန်းက သူဟာ သူ့ရဲ့ ခြေစွမ်းတွေကြောင့် ပွဲထဲမှာ အဖိုးတန်တဲ့ကစားသမား သုံးဦး၊လေးဦးထဲက အပါအဝင်ဖြစ်ခဲ့တယ်။ သူ့ကို ဂိုးဧရိယာရဲ့ အပြင်ဘက်နဲ့ အတွင်းပိုင်းမှာ ထားကြည့်လိုက်ပါ၊ သူက အဆုံးသတ်ပြပါလိမ့်မယ်။

ယူနိုက်တက်မှာ သူ ကစားနေရတဲ့ပုံစံနဲ့ ပတ်သက်တဲ့ ပြဿနာက သူဟာ ဂိုးဧရိယာထဲကို ဘယ်တုန်းကမှ ဝင်ကစားခွင့်မရရှိတာပဲ။ သူ့ရဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ အရာတွေကို ပြုလုပ်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အဲ့ဒီအခွင့်အရေးတွေကို သူမယူနိုင်ခဲ့ပါဘူး၊ မန်ယူနိုက်တက် ဂျာစီဝတ်ထားတဲ့ သူတစ်ယောက်မှာရှိရမယ့် သူ့ရဲ့ ရစ်သမ်၊ အကောင်းဆုံးပုံစံ၊ အခိုက်အတန့်တွေကို ရှာဖွေဖို့ မတတ်နိုင်ခဲ့ပါဘူး၊ ဒီတော့ ခြေစွမ်းက မထူးမခြားနားဖြစ်နေတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ တကယ်လို့ တန်ဟတ်လက်ထက်မှာသာ ဗန်ဒီဘီခ့်တစ်ယောက် ပုံမှန် ခြေစွမ်းတွေ ပြန်မရနိုင်တော့ဘူးဆိုရင်တော့ မကြာခင်မှာ မန်ယူနိုက်တက်ကနေထွက်ခွာ သွားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *