အခ်ိန္တိုအတြင္းရန္းဂ္နစ္ထံမွ ႀကီးႀကီးမားမားေမွ်ာ္လင့္မထားရန္မန္ယူအသင္းကိုသတိေပးေျပာဆိုလိုက္တဲ့ ဂြာဒီယိုလာ

အခ်ိန္တိုအတြင္းရန္းဂ္နစ္ထံမွ ႀကီးႀကီးမားမားေမွ်ာ္လင့္မထားရန္မန္ယူအသင္းကိုသတိေပးေျပာဆိုလိုက္တဲ့ ဂြာဒီယိုလာ

မန္ယူအသင္းသည္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ဂ်ာမန္ေဘာလုံးေလာကရဲ႕ ေခါင္းကိုင္ဖခင္ႀကီးျဖစ္သူ ရန္းဂ္နစ္အား ယာယီမန္ေနဂ်ာအျဖစ္ ေခၚယူႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။မန္ယူအသင္းရဲ႕ေခၚယူမႈေၾကာင့္ အားလုံးကအံ့အားသင့္ခဲ့ရၿပီး နည္းျပသစ္ရဲ႕ပြဲထြက္လာမယ့္အေပၚမွာစိတ္ဝင္စားမႈအရွိန္ျမင့္တက္လာခဲ့ပါတယ္။ရန္းဂ္နစ္၏ နည္းစနည္ပိုင္းအေတြ႕ႀကဳံႏွင့္ လူငယ္စီမံကိန္းေတြေၾကာင့္မန္ယူအသင္းတြင္မ်ားစြာေသာ အက်ိဳးျမတ္ရလိမ့္မယ္လို႔မန္ယူအသင္းကလဲေမွ်ာ္လင့္ေနပါတယ္။သို႔ေပမယ့္ ဂြာဒီယိုလာက မန္ယူကို ကိုင္တြယ္ရာတြင္ ရန္းနစ္အေနျဖင့္ အခ်ိန္ယူရန္ လိုအပ္ေၾကာင္း သတိေပးေျပာဆိုလိုက္သည္။

 

အသက္ ၆၃ ႏွစ္အ႐ြယ္ရွိ ရန္းနစ္သည္ လာမည့္တစ္ပတ္မွစ၍ အိုးထရက္ဖို႔တြင္ယာယီမန္ေနဂ်ာအျဖစ္ ရာသီကုန္သည္အထိ ဆက္လက္တာဝန္ယူမည္ျဖစ္သည္။ ထို႔ေနာက္တြင္ အႀကံေပးအျဖစ္ မန္ယူ၌ ၂ ႏွစ္ ဆက္ေနသြားမည္ျဖစ္သည္။ရန္းနစ္သည္ ယခုႏွစ္ေဘာလုံးရာသီ အဆုံးပိုင္းတြင္ မန္ယူ အေျခအေနေကာင္းေအာင္ ေဆာင္႐ြက္ေပးသြားႏိုင္မည္ဟု ေမွ်ာ္လင့္ခ်က္ထားျခင္း ခံေနရသည္။ ဂြာဒီယိုလာက အခ်ိန္တိုအတြင္း ႀကီးမားသည့္ အက်ိဳးသက္ေရာက္မႈရရွိရန္ ရန္းနစ္ လုပ္ႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ခ်က္ထားျခင္းမွာ အေျမာ္အျမင္ နည္းရာေရာက္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ပရီးမီးယားလိဂ္ ကစားဟန္ႏွင့္ပတ္သက္ၿပီး အသားက်ရန္ အခ်ိန္ယူရမည္လားဟု ေမးျမန္းရာ ဂြာဒီယိုလာက “ကစားသမားေတြကို သိဖို႔ရယ္၊ ကစားသမားေတြက မန္ေနဂ်ာ ကစားေစခ်င္တာကို နားလည္ဖို႔ရယ္က အခ်ိန္လိုပါတယ္။ သူတို႔ ျမန္ျမန္နားလည္ရင္ေတာ့ ေကာင္းပါတယ္။ မဟုတ္ရင္ေတာ့ ေနာက္တစ္ႀကိမ္ အလုပ္ထုတ္ခံရတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ မန္စီးတီးကို ကြၽန္ေတာ္ စလာေတာ့ ဘာလုပ္ရမလဲ ေတြးပါတယ္။ ဒါေပမယ့္ အခက္ခဲဆုံးအပိုင္းက တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ေအာင္ လုပ္ရတာပါပဲ”

 

“လူေတြက ခ်က္ခ်င္းေအာင္ျမင္ခ်င္ၾကတယ္။ အဲဒါက မလြယ္ပါဘူး။ အခ်ိန္ယူဖို႔လိုတယ္။ အခ်ိန္ယူၿပီး တည္ေဆာက္ထားတာမဟုတ္တဲ့ ေအာင္ျမင္မႈကေရရွည္မတည္တံ့ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ မန္ေနဂ်ာေတြအတြက္ ေအာင္ျမင္မႈကို ထိန္းသိမ္းႏိုင္ေရးက အခက္ခဲဆုံးပါ”ဟု ေျပာသည္။ဂြာဒီယိုလာသည္ မန္စီးတီးႏွင့္အတူ ျပည္တြင္းဆုဖလားေပါင္း ၁၀ လုံး ရရွိထားေသာေၾကာင့္ အဂၤလန္ေဘာလုံးေလာကႏွင့္ အသားက်ေနၿပီဟု ဆိုႏိုင္ေသာ္လည္း သူ၏ပထမဆုံးရာသီတြင္မူ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။
crd

unicode

အချိန်တိုအတွင်းရန်းဂ်နစ်ထံမှ ကြီးကြီးမားမားမျှော်လင့်မထားရန်မန်ယူအသင်းကိုသတိပေးပြောဆိုလိုက်တဲ့ ဂွာဒီယိုလာ

မန်ယူအသင်းသည် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဂျာမန်ဘောလုံးလောကရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်သူ ရန်းဂ်နစ်အား ယာယီမန်နေဂျာအဖြစ် ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။မန်ယူအသင်းရဲ့ခေါ်ယူမှုကြောင့် အားလုံးကအံ့အားသင့်ခဲ့ရပြီး နည်းပြသစ်ရဲ့ပွဲထွက်လာမယ့်အပေါ်မှာစိတ်ဝင်စားမှုအရှိန်မြင့်တက်လာခဲ့ပါတယ်။ရန်းဂ်နစ်၏ နည်းစနည်ပိုင်းအတွေ့ကြုံနှင့် လူငယ်စီမံကိန်းတွေကြောင့်မန်ယူအသင်းတွင်များစွာသော အကျိုးမြတ်ရလိမ့်မယ်လို့မန်ယူအသင်းကလဲမျှော်လင့်နေပါတယ်။သို့ပေမယ့် ဂွာဒီယိုလာက မန်ယူကို ကိုင်တွယ်ရာတွင် ရန်းနစ်အနေဖြင့် အချိန်ယူရန် လိုအပ်ကြောင်း သတိပေးပြောဆိုလိုက်သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ရန်းနစ်သည် လာမည့်တစ်ပတ်မှစ၍ အိုးထရက်ဖို့တွင်ယာယီမန်နေဂျာအဖြစ် ရာသီကုန်သည်အထိ ဆက်လက်တာဝန်ယူမည်ဖြစ်သည်။ ထို့နောက်တွင် အကြံပေးအဖြစ် မန်ယူ၌ ၂ နှစ် ဆက်နေသွားမည်ဖြစ်သည်။ရန်းနစ်သည် ယခုနှစ်ဘောလုံးရာသီ အဆုံးပိုင်းတွင် မန်ယူ အခြေအနေကောင်းအောင် ဆောင်ရွက်ပေးသွားနိုင်မည်ဟု မျှော်လင့်ချက်ထားခြင်း ခံနေရသည်။ ဂွာဒီယိုလာက အချိန်တိုအတွင်း ကြီးမားသည့် အကျိုးသက်ရောက်မှုရရှိရန် ရန်းနစ် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထားခြင်းမှာ အမြော်အမြင် နည်းရာရောက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ် ကစားဟန်နှင့်ပတ်သက်ပြီး အသားကျရန် အချိန်ယူရမည်လားဟု မေးမြန်းရာ ဂွာဒီယိုလာက “ကစားသမားတွေကို သိဖို့ရယ်၊ ကစားသမားတွေက မန်နေဂျာ ကစားစေချင်တာကို နားလည်ဖို့ရယ်က အချိန်လိုပါတယ်။ သူတို့ မြန်မြန်နားလည်ရင်တော့ ကောင်းပါတယ်။ မဟုတ်ရင်တော့ နောက်တစ်ကြိမ် အလုပ်ထုတ်ခံရတာမျိုးလည်း ဖြစ်နိုင်တယ်။ မန်စီးတီးကို ကျွန်တော် စလာတော့ ဘာလုပ်ရမလဲ တွေးပါတယ်။ ဒါပေမယ့် အခက်ခဲဆုံးအပိုင်းက တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် လုပ်ရတာပါပဲ”

“လူတွေက ချက်ချင်းအောင်မြင်ချင်ကြတယ်။ အဲဒါက မလွယ်ပါဘူး။ အချိန်ယူဖို့လိုတယ်။ အချိန်ယူပြီး တည်ဆောက်ထားတာမဟုတ်တဲ့ အောင်မြင်မှုကရေရှည်မတည်တံ့နိုင်ပါဘူး။ ကျွန်တော်တို့ မန်နေဂျာတွေအတွက် အောင်မြင်မှုကို ထိန်းသိမ်းနိုင်ရေးက အခက်ခဲဆုံးပါ”ဟု ပြောသည်။ဂွာဒီယိုလာသည် မန်စီးတီးနှင့်အတူ ပြည်တွင်းဆုဖလားပေါင်း ၁၀ လုံး ရရှိထားသောကြောင့် အင်္ဂလန်ဘောလုံးလောကနှင့် အသားကျနေပြီဟု ဆိုနိုင်သော်လည်း သူ၏ပထမဆုံးရာသီတွင်မူ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
crd

Add a Comment

Your email address will not be published. Required fields are marked *