အခ်က္အလက္ေတြအရ ကမာၻ႔ဖလားမွာ မက္ဆီနဲ႔ဘာေပကိုေက်ာ္ၿပီး အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ သရဲနီစစ္သူႀကီး ဖာနန္ဒက္စ္

အခ်က္အလက္ေတြအရ ကမာၻ႔ဖလားမွာ မက္ဆီနဲ႔ဘာေပကိုေက်ာ္ၿပီး အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ သရဲနီစစ္သူႀကီး ဖာနန္ဒက္စ္
အခ်က္အလက္ေတြအရ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမား ၁၀ ဦးစာရင္းမွာ ပါဝင္ခဲ့တဲ့ သူရဲနီႏွစ္ဦ္း

ေဘာလုံးေဒတာအခ်က္အလက္ေတြကို စာရင္းျပဳစုထားတဲ့ ဝက္ဒ္ဆိုက္ SofaScore ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားျဖစ္သူ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ေနေၾကာင္း သိရပါတယ္။ ဖာနန္ဒက္စ္ရဲ႕ ပ်မ္းမွ်အဆင့္သတ္မွတ္ခ်က္ႏႈန္းဟာ အျမင့္ဆုံးျဖစ္ၿပီး

လီယြန္နယ္ မက္ဆီထက္ေတာင္ ပိုၿပီး‌ေတာ့ မ်ားတာျဖစ္ပါတယ္။ ဒါဟာ မက္ဆီအေနနဲ႔ အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားယူေပးခဲ့ၿပီး၊ ကီလီယန္ အမ္ဘာေပအေနနဲ႔ ဖိုင္နယ္မွာ ဟတ္ထရစ္သြင္းယူခဲ့တာထက္ကို ပိုေကာင္းေနတာ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ ေပၚတူဂီအသင္းဟာ ဆီမီးဖိုင္နယ္အဆင့္မွာ ေမာ္႐ိုကိုအသင္းကို အံ့အားသင့္စြာနဲ႔ပဲ

ရႈံးနိမ့္ကာ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ SofaScore ရဲ႕ ေဖာ္ျပခ်က္အရ ဖာနန္ဒက္စ္ဟာ ကာတာမွာ ျပသခဲ့တဲ့ သူ႔ရဲ႕ ေျခစြမ္းအတြက္ ၁၀ မွတ္မွာ ၈.၃၈ မွတ္ရခဲ့ၿပီး၊ ထိုပမာဏဟာ ဘယ္ကစားသမားထက္မဆို ‌ပိုေကာင္းေနတာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ေနာက္ ဒုတိယေနရာမွာေတာ့ မက္ဆီက ၈.၂၇ နဲ႔ ရွိေနပါတယ္၊ ဒါဟာ မက္ဆီအေနနဲ႔

ရႈံးထြက္အဆင့္ပြဲစဥ္အားလုံးမွာ ဂိုးသြင္းခဲ့တာေတာင္မွပဲ အခုလိုဒုတိယသာရခဲ့တာျဖစ္ပါတယ္။ အမ္ဘာေပကေတာ့ ၇.၆၁ နဲ႔ အဆင့္ငါးေနရာမွာ ရွိခဲ့ပါတယ္။ ထိုဝက္ဒ္ဆိုက္က ထုတ္ျပန္ေၾကညာတဲ့ အေကာင္းဆုံး ၁၀ ဦးစာရင္းမွာ ေနာက္ထပ္မန္ယူကစားသမားတစ္ဦးပါရွိခဲ့ၿပီး၊ ထိုသူကေတာ့ ၇.၅၀ မွတ္နဲ႔ အဆင့္ ၇ ေနရာရရွိခဲ့တဲ့ ကတ္စ္မဲ႐ိုးျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ႏွစ္ဂိုးသြင္းယူခဲ့ၿပီး၊ ဂိုးဖန္တီးမႈသုံးႀကိမ္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕ ကစားသမားေဟာင္း ခရစၥတီယာႏို ေရာ္နယ္ဒိုကေတာ့ သတ္မွတ္ခ်က္ ၆.၄၆ သာရရွိခဲ့ၿပီး၊ အဆင့္သတ္မွတ္ခ်က္မွာေတာ့ ၅၅၆ ေနရာမွာ ရွိေနခဲ့ပါတယ္။
crd

Unicode
အချက်အလက်တွေအရ ကမ္ဘာ့ဖလားမှာ မက်ဆီနဲ့ဘာပေကိုကျော်ပြီး အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ သရဲနီစစ်သူကြီး ဖာနန်ဒက်စ်
အချက်အလက်တွေအရ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ သူရဲနီနှစ်ဦ်း

ဘောလုံးဒေတာအချက်အလက်တွေကို စာရင်းပြုစုထားတဲ့ ဝက်ဒ်ဆိုက် SofaScore ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်နေကြောင်း သိရပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပျမ်းမျှအဆင့်သတ်မှတ်ချက်နှုန်းဟာ အမြင့်ဆုံးဖြစ်ပြီး

လီယွန်နယ် မက်ဆီထက်တောင် ပိုပြီး‌တော့ များတာဖြစ်ပါတယ်။ ဒါဟာ မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားယူပေးခဲ့ပြီး၊ ကီလီယန် အမ်ဘာပေအနေနဲ့ ဖိုင်နယ်မှာ ဟတ်ထရစ်သွင်းယူခဲ့တာထက်ကို ပိုကောင်းနေတာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို အံ့အားသင့်စွာနဲ့ပဲ

ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ SofaScore ရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်ဟာ ကာတာမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းအတွက် ၁၀ မှတ်မှာ ၈.၃၈ မှတ်ရခဲ့ပြီး၊ ထိုပမာဏဟာ ဘယ်ကစားသမားထက်မဆို ‌ပိုကောင်းနေတာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့နောက် ဒုတိယနေရာမှာတော့ မက်ဆီက ၈.၂၇ နဲ့ ရှိနေပါတယ်၊ ဒါဟာ မက်ဆီအနေနဲ့

ရှုံးထွက်အဆင့်ပွဲစဉ်အားလုံးမှာ ဂိုးသွင်းခဲ့တာတောင်မှပဲ အခုလိုဒုတိယသာရခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေကတော့ ၇.၆၁ နဲ့ အဆင့်ငါးနေရာမှာ ရှိခဲ့ပါတယ်။ ထိုဝက်ဒ်ဆိုက်က ထုတ်ပြန်ကြေညာတဲ့ အကောင်းဆုံး ၁၀ ဦးစာရင်းမှာ နောက်ထပ်မန်ယူကစားသမားတစ်ဦးပါရှိခဲ့ပြီး၊ ထိုသူကတော့ ၇.၅၀ မှတ်နဲ့ အဆင့် ၇ နေရာရရှိခဲ့တဲ့ ကတ်စ်မဲရိုးဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး၊ ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကတော့ သတ်မှတ်ချက် ၆.၄၆ သာရရှိခဲ့ပြီး၊ အဆင့်သတ်မှတ်ချက်မှာတော့ ၅၅၆ နေရာမှာ ရှိနေခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *