အခက္ခဲဆုံးအခ်ိန္မွာေတာင္ အျပည့္အဝရပ္တည္ေပးခဲ့တဲ့ မန္ယူကို သြင္းဂိုးေတြနဲ႔ ျပန္လည္ေက်းဇူးဆပ္ခြင့္ ရေတာ့မယ့္ ပရိတ္သတ္အခ်စ္ေတာ္ သစ္သားစိမ္းေလး

အခက္ခဲဆုံးအခ်ိန္မွာေတာင္ အျပည့္အဝရပ္တည္ေပးခဲ့တဲ့ မန္ယူကို သြင္းဂိုးေတြနဲ႔ ျပန္လည္ေက်းဇူးဆပ္ခြင့္ ရေတာ့မယ့္ ပရိတ္သတ္အခ်စ္ေတာ္ သစ္သားစိမ္းေလး
အိမ္မက္ျပဇာတ္႐ုံႀကီးမွာ ကျပအသုံးေတာ္ခံဖို႔ ျပန္လည္ေရာက္ရွိလာေတာ့မယ့္ ေက်ာနံပတ္(၁၁) ရဲ႕ ပိုင္ရွင္ ဂိုးသြင္းၾကမ္း‌တဲ့ တိုက္စစ္မႉးေလး

မန္ယူႏိုက္တဒ္ တိုက္စစ္မႈး ေမဆင္ဂရင္းဝုဒ္ ဟာ ေတာ္ဝင္တရား႐ုံးရဲ႕ တရားေသအမႈပလပ္ျခင္းနဲ႔အတူ စြဲဆိုခံထားရတဲ့ အမႈအားလုံးကေန ကြင္းလုံးကြၽတ္ လြတ္ေျမာက္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။

၂၀၂၀ ဇန္နဝါရီ မွာ သမီးရည္းစား ျပသနာကေန လူမႈကြန္ရက္ေပၚ ေရာက္ရွိသြားလို႔ အမႈႀကီးၿပီး မန္ခ်က္စတာရဲတပ္ဖြဲ႕ရဲ႕ ထိန္းသိမ္းျခင္းကိုခံခဲ့ရၿပီး ႏွစ္ႏွစ္နီးပါး အၾကာမွာေတာ့ အဓိကသက္ေသ ႏႈတ္ထံက္သြားျခင္း နဲ႔ သက္ေသမလုံေလာက္ျခင္း ေတြ ေၾကာင့္ ေမဆင္ဂရင္းဝုဒ္ အမႈကို ထပ္မံစစ္ေဆးရန္ မလိုအပ္ေတာ့ေၾကာင္း ၿဗိတိန္ေတာ္ဝင္တရား႐ုံး က တရားဝင္ထုတ္ျပန္လိုက္တဲ့ေနာက္ ေမဆင္ဂရင္းဝုဒ္ ဟာ အမႈရင္ဆိုင္ေနရသူ၊သံသရ ရွိသူဆိုတဲ့ ေခါင္းစဥ္ေတြကေန လြတ္ေျမာက္ၿပီး သာမန္လူတစ္ဦးအျဖစ္ မိခင္ကလပ္ မန္ခ်က္စတာ ယူႏိုက္တဒ္ ထံ ျပန္လည္အေျခခ်ႏိုင္ေတာ့မွာပဲ ျဖစ္ပါတယ္။

ယူႏိုက္တဒ္ က ဂရင္းဝုဒ္ ျပသနာေတြစတက္ခ်င္းထဲက cover အေပးဆုံးျဖစ္ၿပီး Nike တို႔အကုန္လက္တြဲျဖဳတ္ခ်ိန္မွာေတာင္ လစာအျပည့္ေပးၿပီး အသင္းရဲ႕ကစားသမားအျဖစ္ပဲဆက္ထားခဲ့ပါတယ္။အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားသူေတြကေတာင္ အသင္းကို ေဝဖန္ၾကခ်ိန္ ဘာမွမတုံျပန္ပဲ ကိုယ့္လူဖက္ကပဲ ရွိခဲ့ေပးတဲ့ ကိုယ့္ကစားသမားကိုအျပည့္အဝကာကြယ္တဲ့ အသင္းပဲျဖစ္ပါတယ္။

တရားေရးကိစၥေတြ ေရွ႕ေနပိုင္းေတြကိုသာမက အမႈကိစၥအဝဝ မွာလည္း အသင္းရဲ႕ ကိုယ္ပိုင္ေရွ႕ေနအဖြဲ႕ေတြပါ ဝင္ပါၿပီး ကူညီခဲ့သလို ပရိတ္သတ္တခ်ိဳ႕ကေတာင္ ထုတ္ပယ္ဖို႔ေတာင္းဆိုေနၾကခ်ိန္ အသင္းဖက္က လစာအျပည့္နဲ႔အနားေပးခဲ့သလို အန္တိုနီ ရဲ႕ ေက်ာနံပတ္(၁၁) ေတာင္းခံမႈကိုလည္းပယ္ခ်ၿပီး ဂရင္းဝုဒ္ ကိစၥမရွင္းသရ်္ အရာအားလုံးဟာ ပုံမွန္အတိုင္းပဲ ရွိေနေစဖို႔ အစြမ္းကုန္ ကာကြယ္ေပးခဲ့တယ္။

ေမဆင္ဂရင္းဝုဒ္ အမႈဟာ လူသားျဖစ္တဲ့နည္းတူ တစ္ႀကိမ္တစ္ခါ မွားတတ္ၾကတဲ့ အမွားမ်ိဳးျဖစ္ၿပီး အသက္(၁၈)ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္ဟာ အမွားတစ္ခုေၾကာင့္ ဘဝတစ္ခုလုံး ေပးဆပ္ရဖို႔ေတာ့မထိုက္တန္တာေသခ်ာပါတယ္။သူ႔ရဲ႕လုပ္ရပ္ကိုမွန္တယ္လို႔ ေထာက္ခံျခင္းမဟုတ္ေပမယ့္ အမွားကိုတာဝန္ယူၿပီး ေရွ႕ဆက္မယ့္ဘဝမွာ အေကာင္းဆုံးႀကိဳးစားရင္း အသင္းနဲ႔ပရိတ္သတ္အတြက္ ျပန္ေပးဆပ္ခဲ့ရင္ သူဟာ တန္ဖိုးရွိတဲ့ လူသားတစ္ေယာက္အျဖစ္ ျပန္လည္ေမြးဖြားႏိုင္ဖို႔ ဒုတိယအခြင့္အေရး ရရွိသင့္တာေတာ့အေသခ်ာပါပဲ။

အခုေတာ့ အားလုံးေမွ်ာ္လင့္ေနတဲ့ အမႈေၾကေအးမႈက ျဖစ္လာခဲ့ၿပီ အသင္းဖက္ကေတာ့ အခက္ခဲဆုံးအခ်ိန္မွာေတာင္ အျပည့္အဝကာကြယ္ေပးခဲ့ၿပီးျဖစ္လို႔ မၾကာခင္မွာ နံပတ္(၁၁) ရဲ႕ ပိုင္ရွင္ ဟာ အိမ္မက္ျပဇာတ္႐ုံႀကီးမွာ ကျပအသုံးေတာ္ခံဖို႔ ျပန္လည္ေရာက္ရွိမယ္လို႔ ယုံၾကည္ေနရင္း…….
crd

Unicode
အခက်ခဲဆုံးအချိန်မှာတောင် အပြည့်အဝရပ်တည်ပေးခဲ့တဲ့ မန်ယူကို သွင်းဂိုးတွေနဲ့ ပြန်လည်ကျေးဇူးဆပ်ခွင့် ရတော့မယ့် ပရိတ်သတ်အချစ်တော် သစ်သားစိမ်းလေး
အိမ်မက်ပြဇာတ်ရုံကြီးမှာ ကပြအသုံးတော်ခံဖို့ ပြန်လည်ရောက်ရှိလာတော့မယ့် ကျောနံပတ်(၁၁) ရဲ့ ပိုင်ရှင် ဂိုးသွင်းကြမ်း‌တဲ့ တိုက်စစ်မှူးလေး

မန်ယူနိုက်တဒ် တိုက်စစ်မှုး မေဆင်ဂရင်းဝုဒ် ဟာ တော်ဝင်တရားရုံးရဲ့ တရားသေအမှုပလပ်ခြင်းနဲ့အတူ စွဲဆိုခံထားရတဲ့ အမှုအားလုံးကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

၂၀၂၀ ဇန်နဝါရီ မှာ သမီးရည်းစား ပြသနာကနေ လူမှုကွန်ရက်ပေါ် ရောက်ရှိသွားလို့ အမှုကြီးပြီး မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး နှစ်နှစ်နီးပါး အကြာမှာတော့ အဓိကသက်သေ နှုတ်ထံက်သွားခြင်း နဲ့ သက်သေမလုံလောက်ခြင်း တွေ ကြောင့် မေဆင်ဂရင်းဝုဒ် အမှုကို ထပ်မံစစ်ဆေးရန် မလိုအပ်တော့ကြောင်း ဗြိတိန်တော်ဝင်တရားရုံး က တရားဝင်ထုတ်ပြန်လိုက်တဲ့နောက် မေဆင်ဂရင်းဝုဒ် ဟာ အမှုရင်ဆိုင်နေရသူ၊သံသရ ရှိသူဆိုတဲ့ ခေါင်းစဉ်တွေကနေ လွတ်မြောက်ပြီး သာမန်လူတစ်ဦးအဖြစ် မိခင်ကလပ် မန်ချက်စတာ ယူနိုက်တဒ် ထံ ပြန်လည်အခြေချနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ် က ဂရင်းဝုဒ် ပြသနာတွေစတက်ချင်းထဲက cover အပေးဆုံးဖြစ်ပြီး Nike တို့အကုန်လက်တွဲဖြုတ်ချိန်မှာတောင် လစာအပြည့်ပေးပြီး အသင်းရဲ့ကစားသမားအဖြစ်ပဲဆက်ထားခဲ့ပါတယ်။အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေကတောင် အသင်းကို ဝေဖန်ကြချိန် ဘာမှမတုံပြန်ပဲ ကိုယ့်လူဖက်ကပဲ ရှိခဲ့ပေးတဲ့ ကိုယ့်ကစားသမားကိုအပြည့်အဝကာကွယ်တဲ့ အသင်းပဲဖြစ်ပါတယ်။

တရားရေးကိစ္စတွေ ရှေ့နေပိုင်းတွေကိုသာမက အမှုကိစ္စအဝဝ မှာလည်း အသင်းရဲ့ ကိုယ်ပိုင်ရှေ့နေအဖွဲ့တွေပါ ဝင်ပါပြီး ကူညီခဲ့သလို ပရိတ်သတ်တချို့ကတောင် ထုတ်ပယ်ဖို့တောင်းဆိုနေကြချိန် အသင်းဖက်က လစာအပြည့်နဲ့အနားပေးခဲ့သလို အန်တိုနီ ရဲ့ ကျောနံပတ်(၁၁) တောင်းခံမှုကိုလည်းပယ်ချပြီး ဂရင်းဝုဒ် ကိစ္စမရှင်းသရျ် အရာအားလုံးဟာ ပုံမှန်အတိုင်းပဲ ရှိနေစေဖို့ အစွမ်းကုန် ကာကွယ်ပေးခဲ့တယ်။

မေဆင်ဂရင်းဝုဒ် အမှုဟာ လူသားဖြစ်တဲ့နည်းတူ တစ်ကြိမ်တစ်ခါ မှားတတ်ကြတဲ့ အမှားမျိုးဖြစ်ပြီး အသက်(၁၈)နှစ်အရွယ် လူငယ်တစ်ယောက်ဟာ အမှားတစ်ခုကြောင့် ဘဝတစ်ခုလုံး ပေးဆပ်ရဖို့တော့မထိုက်တန်တာသေချာပါတယ်။သူ့ရဲ့လုပ်ရပ်ကိုမှန်တယ်လို့ ထောက်ခံခြင်းမဟုတ်ပေမယ့် အမှားကိုတာဝန်ယူပြီး ရှေ့ဆက်မယ့်ဘဝမှာ အကောင်းဆုံးကြိုးစားရင်း အသင်းနဲ့ပရိတ်သတ်အတွက် ပြန်ပေးဆပ်ခဲ့ရင် သူဟာ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားနိုင်ဖို့ ဒုတိယအခွင့်အရေး ရရှိသင့်တာတော့အသေချာပါပဲ။

အခုတော့ အားလုံးမျှော်လင့်နေတဲ့ အမှုကြေအေးမှုက ဖြစ်လာခဲ့ပြီ အသင်းဖက်ကတော့ အခက်ခဲဆုံးအချိန်မှာတောင် အပြည့်အဝကာကွယ်ပေးခဲ့ပြီးဖြစ်လို့ မကြာခင်မှာ နံပတ်(၁၁) ရဲ့ ပိုင်ရှင် ဟာ အိမ်မက်ပြဇာတ်ရုံကြီးမှာ ကပြအသုံးတော်ခံဖို့ ပြန်လည်ရောက်ရှိမယ်လို့ ယုံကြည်နေရင်း…….
crd

Add a Comment

Your email address will not be published. Required fields are marked *