ဟာလန္းကို ယူႏိုက္တက္ထံ ေျပာင္းလာဖို႔ စတက္မဲဆြယ္လိုက္တဲ့ သရဲနီတပ္သားသစ္ ဆန္ခ်ိဳ

ဟာလန္းကို ယူႏိုက္တက္ထံ ေျပာင္းလာဖို႔ စတက္မဲဆြယ္လိုက္တဲ့ သရဲနီတပ္သားသစ္ ဆန္ခ်ိဳ

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ေဒါ့မြန္ အသင္း ေတာင္ပံကစားသမား ဆန္ခ်ိဳ ကို ေခၚယူႏိုင္ခဲ့ၿပီလို႔ တရားဝင္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဆန္ခ်ိဳ ကို (၂၀၂၆) အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး တစ္ႏွစ္ထပ္မံသက္တမ္းတိုးခြင့္ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ကာလရွည္ေစာင့္ဆိုင္းခဲ့ရတဲ့ ဆန္ခ်ိဳရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္
အေျပာင္းအေ႐ြ႕ဟာ မေန႔က အဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။

ကမာၻအရပ္ရပ္က ေဘာလုံးသမားေတြအပါအဝင္ အမ်ားအျပားက ဆန္ခ်ိဳကို
ဂုဏ္ျပဳစကားဆိုခဲ့ၾကပါတယ္။ အဆိုပါ ပုဂၢိဳလ္ေတြထဲမွာ ဘိုရပ္ရွား
ေဒါ့မြန္အသင္းေဖာ္ေဟာင္း အာလင္း ဟာလန္းလည္း ပါဝင္ပါတယ္။

ဒါေပမယ့္ ထူးျခားတာက ဆန္ခ်ိဳရဲ႕ ျပန္လည္တုန႔္ျပန္စကား ျဖစ္ပါတယ္။
သူက ကြန္းမန႔္မွာ “ ငါတို႔ မၾကာခင္ျပန္လည္ဆုံေတြ႕ပါလိမ့္မယ္။”လို႔
မွတ္ခ်က္ေပးထားတာ ေတြ႕ရပါတယ္။

ဆန္ခ်ိဳရဲ႕ မက္ေဆ့က အဓိပၸာယ္မ်ားစြာ ေဖာ္ျပႏိုင္ပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ ပရိသတ္ေတြရဲ႕ ဆႏၵအတိုင္း သူကလည္း ဟာလန္းကို
( ၂၀၂၂ ) မွာ မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားအေနနဲ႔ ျမင္ေတြ႕လိုမွာ ေသခ်ာပါတယ္။

ဟာလန္းက အသင္းေျပာင္းေ႐ြ႕မယ္ဆိုတာ ဆန္ခ်ိဳ နားလည္ထားၿပီးျဖစ္ပါတယ္။
လာမယ့္ေႏြရာသီမွာ ေပါင္သန္း ( ၆၀ ) နဲ႔ တိုက္စစ္မႉးကို ေခၚယူႏိုင္မယ့္အေပၚ
အသင္းမ်ားစြာက ေစာင့္ဆိုင္းေနၾကပါတယ္။

ဒါေၾကာင့္ ဟာလန္းက ပရီးမီးယားလိဂ္ကို ေရာက္ရွိလာႏိုင္ပါတယ္။
ဒါေပမယ့္ ယူႏိုက္တက္ကို ေရာက္ရွိမယ္လို႔ ေသခ်ာေျပာလို႔ မရပါဘူး။

The Telegraph အရ ခ်ဲလ္ဆီးကလည္း ဟာလန္းကို လုံးဝ စိတ္ဝင္စားေနတယ္လို႔
သိရပါတယ္။ ဒါေၾကာင့္ ဆန္ခ်ိဳအေနနဲ႔ တိုက္စစ္မႉးကို အသင္းေဖာ္ထက္
ၿပိဳင္ဘက္အေနနဲ႔ ျမင္ေတြ႕ရႏိုင္မယ့္ အလားအလာလည္းရွိေနပါတယ္။

ယူႏိုက္တက္က ေျပာင္းေ႐ြ႕ေၾကး ပိုမိုသက္သာႏိုင္တဲ့ လာမယ့္ရာသီမွ ေခၚယူဖို႔
ႀကိဳးစားဖြယ္ရွိပါတယ္။ လက္ရွိမွာေတာ့ ကာဗာနီက ယူႏိုက္တက္ တိုက္စစ္ကို
တာဝန္ယူသြားပါလိမ့္မယ္။ ေနာက္ၿပီး ေအးဂ်င့္ ႐ြိဳင္းအိုလာရဲ႕ ပါဝင္ပတ္သက္မႈက
ယူႏိုက္တက္အတြက္ ခက္ခဲလာႏိုင္ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳ ႏွင့္ ဟာလန္းရဲ႕
ဆရာေဟာင္းျဖစ္သူ ဆိုးရွားတို႔ရဲ႕ ဆြဲေဆာင္မႈနဲ႔အတူ ယူႏိုက္တက္က
အေျပာင္းအေ႐ြ႕ျဖစ္ေျမာက္လာေအာင္ ေဆာင္႐ြက္ႏိုင္စြမ္းရွိပါတယ္။
crd

Unicode
ဟာလန်းကို ယူနိုက်တက်ထံ ပြောင်းလာဖို့ စတက်မဲဆွယ်လိုက်တဲ့ သရဲနီတပ်သားသစ် ဆန်ချို

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒေါ့မွန် အသင်း တောင်ပံကစားသမား ဆန်ချို ကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆန်ချို ကို (၂၀၂၆) အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ဆန်ချိုရဲ့ မန်ချက်စတာ ယူနိုက်တက်
အပြောင်းအရွေ့ဟာ မနေ့က အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်က ဘောလုံးသမားတွေအပါအဝင် အများအပြားက ဆန်ချိုကို
ဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။ အဆိုပါ ပုဂ္ဂိုလ်တွေထဲမှာ ဘိုရပ်ရှား
ဒေါ့မွန်အသင်းဖော်ဟောင်း အာလင်း ဟာလန်းလည်း ပါဝင်ပါတယ်။

ဒါပေမယ့် ထူးခြားတာက ဆန်ချိုရဲ့ ပြန်လည်တုန့်ပြန်စကား ဖြစ်ပါတယ်။
သူက ကွန်းမန့်မှာ “ ငါတို့ မကြာခင်ပြန်လည်ဆုံတွေ့ပါလိမ့်မယ်။”လို့
မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။

ဆန်ချိုရဲ့ မက်ဆေ့က အဓိပ္ပာယ်များစွာ ဖော်ပြနိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း သူကလည်း ဟာလန်းကို
( ၂၀၂၂ ) မှာ မန်ချက်စတာ ယူနိုက်တက်ကစားသမားအနေနဲ့ မြင်တွေ့လိုမှာ သေချာပါတယ်။

ဟာလန်းက အသင်းပြောင်းရွေ့မယ်ဆိုတာ ဆန်ချို နားလည်ထားပြီးဖြစ်ပါတယ်။
လာမယ့်နွေရာသီမှာ ပေါင်သန်း ( ၆၀ ) နဲ့ တိုက်စစ်မှူးကို ခေါ်ယူနိုင်မယ့်အပေါ်
အသင်းများစွာက စောင့်ဆိုင်းနေကြပါတယ်။

ဒါကြောင့် ဟာလန်းက ပရီးမီးယားလိဂ်ကို ရောက်ရှိလာနိုင်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကို ရောက်ရှိမယ်လို့ သေချာပြောလို့ မရပါဘူး။

The Telegraph အရ ချဲလ်ဆီးကလည်း ဟာလန်းကို လုံးဝ စိတ်ဝင်စားနေတယ်လို့
သိရပါတယ်။ ဒါကြောင့် ဆန်ချိုအနေနဲ့ တိုက်စစ်မှူးကို အသင်းဖော်ထက်
ပြိုင်ဘက်အနေနဲ့ မြင်တွေ့ရနိုင်မယ့် အလားအလာလည်းရှိနေပါတယ်။

ယူနိုက်တက်က ပြောင်းရွေ့ကြေး ပိုမိုသက်သာနိုင်တဲ့ လာမယ့်ရာသီမှ ခေါ်ယူဖို့
ကြိုးစားဖွယ်ရှိပါတယ်။ လက်ရှိမှာတော့ ကာဗာနီက ယူနိုက်တက် တိုက်စစ်ကို
တာဝန်ယူသွားပါလိမ့်မယ်။ နောက်ပြီး အေးဂျင့် ရွိုင်းအိုလာရဲ့ ပါဝင်ပတ်သက်မှုက
ယူနိုက်တက်အတွက် ခက်ခဲလာနိုင်ပါတယ်။ ဒါပေမယ့် ဆန်ချို နှင့် ဟာလန်းရဲ့
ဆရာဟောင်းဖြစ်သူ ဆိုးရှားတို့ရဲ့ ဆွဲဆောင်မှုနဲ့အတူ ယူနိုက်တက်က
အပြောင်းအရွေ့ဖြစ်မြောက်လာအောင် ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *