ဟယ္ရီကိန္းေနရာမွာ အစားထိုးဖို႔ ယူႏိုက္တက္ရဲ႕ အၿပဳံးမဲ့မ်က္ႏွာပိုင္ရွင္ ေရခဲတုံးတိုက္စစ္မႈးကို ေခၚယူသြားမယ့္ စပါးအသင္း

ဟယ္ရီကိန္းေနရာမွာ အစားထိုးဖို႔ ယူႏိုက္တက္ရဲ႕ အၿပဳံးမဲ့မ်က္ႏွာပိုင္ရွင္ ေရခဲတုံးတိုက္စစ္မႈးကို ေခၚယူသြားမယ့္ စပါးအသင္း

ဟယ္ရီကိန္းကို လက္လႊတ္ရဖြယ္ရွိေနတဲ့ စပါးအသင္းဟာ ယူႏိုက္တက္တိုက္စစ္မႉးအန္သိုနီမာရွယ္ကို ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ ဒီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ မာရွယ္ကို ေခၚယူႏိုင္ဖို႔ စပါးက စတင္ျပင္ဆင္မႈေတြ ျပဳလုပ္လာၿပီလို႔ Daily Star က ေဖာ္ျပခဲ့ၿပီး ယူႏိုက္တက္ကလည္း ျပင္သစ္တိုက္စစ္မႉးကို ေရာင္းခ်ခ်င္ေနတယ္လို႔ ဆိုပါတယ္။

ဆန္ခ်ိဳကို ေဒါ့မြန္ကေန ေခၚယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္ဟာ ေငြေၾကးျပန္လည္ရွာေဖြဖို႔အတြက္ မာရွယ္ကို ေရာင္းခ်ခ်င္ေနတာလည္းျဖစ္ပါတယ္။ စပါးကလည္း အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားကို ေတာ္ေတာ္ေလးစိတ္ဝင္စားေနၿပီး ဟယ္ရီကိန္းထြက္ခြာခဲ့ပါက အရန္သင့္အစားထိုးဖို႔ေရာ၊ ကိန္းဆက္ရွိေနပါကလည္း အသင္းတိုက္စစ္မွာ တြဲဖက္ကစားေပးႏိုင္ဖို႔ကိုပါ ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။

မာရွယ္အတြက္ ေပါင္သန္း ၅၀ အထိ ကုန္က်ႏိုင္တယ္လို႔လည္း သိရပါတယ္။ ကစားသမားအတြက္ တစ္ပတ္လုပ္ခေပါင္ ၂သိန္းခြဲအထိ ေပးေခ်ရမွာကေတာ့ စပါးအတြက္ အခက္အခဲျဖစ္ဖြယ္ရွိေနၿပီး လုပ္ခလစာပိုင္းမွာ ညႇိႏႈိင္းမႈေတြျပဳလုပ္ရမွာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ယူႏိုက္တက္အတြက္ ေျခစြမ္းမျပႏိုင္တဲ့ မာရွယ္ကို ျပန္လည္ေရာင္းခ်ဖို႔လည္း ပရိသတ္ေတြက တိုက္တြန္းမႈေတြရွိေနပါတယ္။

ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တို႔နဲ႔ ေနရာအၿပိဳင္လုေနရတဲ့ မာရွယ္ဟာ စိတ္ပိုင္းဆိုင္ရာအားနည္းခ်က္ရွိသူအျဖစ္ လူသိမ်ားသူလည္းျဖစ္ပါတယ္။ အသင္းအတြက္ အားသြန္ခြန္စိုက္ကစားေပးမႈနည္းပါးၿပီး ရႈံးနိမ့္ေနခ်ိန္မွာ သူ႔ရဲ႕စိတ္မပါလက္မပါကစားဟန္ကို ပရိသတ္ေတြက ေတာ္ေတာ္ေလးစိတ္ပ်က္ေနခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ အသင္းအတြက္ လိဂ္ဂိုး ၄ ဂိုးသာ မာရွယ္ကရရွိခဲ့ၿပီး တိုက္စစ္မႉးေတြထဲမွာ ဂိုးသြင္းအနည္းဆုံးကစားသမားလည္း ျဖစ္ခဲ့ပါတယ္။
crd

Unicode
ဟယ်ရီကိန်းနေရာမှာ အစားထိုးဖို့ ယူနိုက်တက်ရဲ့ အပြုံးမဲ့မျက်နှာပိုင်ရှင် ရေခဲတုံးတိုက်စစ်မှုးကို ခေါ်ယူသွားမယ့် စပါးအသင်း

ဟယ်ရီကိန်းကို လက်လွှတ်ရဖွယ်ရှိနေတဲ့ စပါးအသင်းဟာ ယူနိုက်တက်တိုက်စစ်မှူးအန်သိုနီမာရှယ်ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ဈေးကွက်မှာ မာရှယ်ကို ခေါ်ယူနိုင်ဖို့ စပါးက စတင်ပြင်ဆင်မှုတွေ ပြုလုပ်လာပြီလို့ Daily Star က ဖော်ပြခဲ့ပြီး ယူနိုက်တက်ကလည်း ပြင်သစ်တိုက်စစ်မှူးကို ရောင်းချချင်နေတယ်လို့ ဆိုပါတယ်။

ဆန်ချိုကို ဒေါ့မွန်ကနေ ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ငွေကြေးပြန်လည်ရှာဖွေဖို့အတွက် မာရှယ်ကို ရောင်းချချင်နေတာလည်းဖြစ်ပါတယ်။ စပါးကလည်း အသက် ၂၅ နှစ်အရွယ် ကစားသမားကို တော်တော်လေးစိတ်ဝင်စားနေပြီး ဟယ်ရီကိန်းထွက်ခွာခဲ့ပါက အရန်သင့်အစားထိုးဖို့ရော၊ ကိန်းဆက်ရှိနေပါကလည်း အသင်းတိုက်စစ်မှာ တွဲဖက်ကစားပေးနိုင်ဖို့ကိုပါ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

မာရှယ်အတွက် ပေါင်သန်း ၅၀ အထိ ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။ ကစားသမားအတွက် တစ်ပတ်လုပ်ခပေါင် ၂သိန်းခွဲအထိ ပေးချေရမှာကတော့ စပါးအတွက် အခက်အခဲဖြစ်ဖွယ်ရှိနေပြီး လုပ်ခလစာပိုင်းမှာ ညှိနှိုင်းမှုတွေပြုလုပ်ရမှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အတွက် ခြေစွမ်းမပြနိုင်တဲ့ မာရှယ်ကို ပြန်လည်ရောင်းချဖို့လည်း ပရိသတ်တွေက တိုက်တွန်းမှုတွေရှိနေပါတယ်။

ကာဗာနီ၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့နဲ့ နေရာအပြိုင်လုနေရတဲ့ မာရှယ်ဟာ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိသူအဖြစ် လူသိများသူလည်းဖြစ်ပါတယ်။ အသင်းအတွက် အားသွန်ခွန်စိုက်ကစားပေးမှုနည်းပါးပြီး ရှုံးနိမ့်နေချိန်မှာ သူ့ရဲ့စိတ်မပါလက်မပါကစားဟန်ကို ပရိသတ်တွေက တော်တော်လေးစိတ်ပျက်နေခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် လိဂ်ဂိုး ၄ ဂိုးသာ မာရှယ်ကရရှိခဲ့ပြီး တိုက်စစ်မှူးတွေထဲမှာ ဂိုးသွင်းအနည်းဆုံးကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *