ဟမ္ဘာဂါသာ မႀကိဳက္ခဲ့ရင္ ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ဦး ျဖစ္လာႏိုင္ခဲ့တဲ့ တခ်ိန္က ဒင္ဟိုလက္သစ္လို႔တင္စားခံခဲ့ရတဲ့ သရဲနီေဟာင္း

ဟမ္ဘာဂါသာ မႀကိဳက္ခဲ့ရင္ ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ဦး ျဖစ္လာႏိုင္ခဲ့တဲ့ တခ်ိန္က ဒင္ဟိုလက္သစ္လို႔တင္စားခံခဲ့ရတဲ့ သရဲနီေဟာင္း

ရာေဖးဒါေဆးလ္ဗားက သူ႔ရဲ႕ ယူႏိုက္တက္ အသင္းေဖာ္ေဟာင္း ျဖစ္သူ အန္ဒါဆန္ဟာ ဟမ္ဘာဂါ လို fast food ေတြကိုသာ မႀကိဳက္ခဲ့ရင္ ကမာၻ႔အေကာင္းဆုံး ကစားသမား တစ္ဦး ျဖစ္လာႏိုင္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဘရာဇီး ေနာက္ခံလူ ရာေဖးက fast food ေတြ အေပၚ အန္ဒါဆန္ရဲ႕ ႏွစ္သက္ ခုံမင္စြာ စားသုံးတတ္တဲ့ အက်င့္ ရွိေသာေၾကာင့္ ႀကံ့ခိုင္မႈ နဲ႔ ဝိတ္ျပသနာေတြဟာ ကစားသမားဘဝမွာ သက္ေရာက္မႈရွိခဲ့ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

၂၀၀၈ ခုႏွစ္ ဥေရာပ Golden boy winner ဆုရွင္ အန္ဒါဆန္ဟာ ယုႏိုကိတက္မွာ ၈ ႏွစ္ၾကာ ကစားကာ ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား နဲ႔ ပရီးမီးယားလိဂ္ ဖလား ၄ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။
သို႔ေပမယ့္လဲ အန္ဒါဆန္ဟာ တူရကီ ကလပ္ အဒါမာဒီမီစေပါမွာ ကစားခဲ့ၿပီးေနာက္ အသက္ ၃၂ ႏွစ္ အ႐ြယ္မွာတင္ပဲ ေဘာလုံး ကစားသမား ဘဝကေန အနားယူသြား ခဲ့ပါတယ္။

ရာေဖးက “ကြၽန္ေတာ္တို႔ ျဖတ္သြားတဲ့ လမ္းမွာ မက္ေဒၚနယ္လို Fast Food ဆိုင္မ်ိဳးကို ေတြ႕တဲ့အခါ အန္ဒါဆန္ဟာ ‘မက္ေဒၚနယ္ မက္ေဒၚနယ္’ ဆိုၿပီး အ႐ူးအမူး စားခ်င္ေနတဲ့ ပုံစံ ျဖစ္ေနပါလိမ့္မယ္။ ဒီလူဟာ အစားနဲ႔ပတ္သက္ရင္ တကယ့္ကို အ႐ူးပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ သူ႔ကို ခ်စ္ခင္ပါတယ္။

သူ႔ကို ေဘာလုံးပဲ ေပးလိုက္ပါ။ သူဟာ ကြင္းထဲမွာ လြတ္လပ္စြာ ကစားျပပါလိမ့္မယ္။ တစ္ခါတစ္ရံ သူ႔အေနနဲ႔ ပြဲေတြ ဆက္တိုက္ ေျခစြမ္းျပၿပီး ဘယ္လိဂ္က ကစားသမားနဲ႔ မဆိုယွဥ္ကစားႏိုင္စြမ္း ရွိပါတယ္။ ဒါတင္ မကပါဘူး။ သူ ေကာင္းေကာင္း ကစားႏိုင္တဲ့ အခါ ကြၽန္ေတာ္တို႔ အသင္းရဲ႕ ကစားပုံ ကလည္း တအားကို ေကာင္းသြားပါတယ္။

သူဟာ ဒဏ္ရာ ျပသနာေတြ အမ်ားႀကီး ရခဲ့ၿပီးေနာက္ သူ႔ရဲ႕ ေနထိုင္စားေသာက္ပုံဟာ သူ႔အေပၚ သက္ေရာက္မႈေတြ ရွိလာခဲ့ ပါတယ္။ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံ‌ေတြ ေျခစြမ္းျပႏိုင္မႉေတြဟာ ပြဲေတြ ေတာက္ေလွ်ာက္ဆက္တက္ကစားရင္း ရလာခဲ့တာဟာ တိုက္ဆိုင္မႈ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ပြဲေတြ ဆက္တိုက္ရွိေနေတာ့ သူ႔အေနနဲ႔ စိတ္ႀကိဳက္ အစား အမ်ားႀကီး မစားႏိုင္လို႔ ျဖစ္ပါတယ္။

သူသာ ပေရာ္ဖက္ရွင္နယ္ က်က် ေနထိုင္စားေသာက္မယ္ ဆိုရင္ သူဟာ ကမာၻ႔အေကာင္းဆုံး ကစားသမား တစ္ဦး ျဖစ္လာႏိုင္ပါတယ္။ ကြၽန္ေတာ္ ေျပာခ်င္တာက ေဘာလုံးနဲ႔ ပက္သက္တဲ့အရာအားလုံးကို အေလးအနက္ ထားတာကို ဆိုလိုတာပါ။ သူဟာ ဘယ္အရာကိုမွ အေလးအနက္ မရွိဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူဟာ ဘဝကို ေပါ့ေပါ့ပါးပါးပဲ ျဖတ္သန္းခ်င္တဲ့ သူပါ။

ဒါ့ေၾကာင့္လည္း သူဟာ ကလပ္မွာ လူခ်စ္လူခင္ အေပါမ်ားဆုံး ကစားသမားေတြ ထဲက တစ္ဦး ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ သူဟာ ေရွ႕မွာ ခ်ေပးတဲ့ အရာအားလုံးကိုေတာ့ အတိုင္းအဆ မရွိဘဲ စားသုံးမယ့္ သူပါ။” လို႔ ဆိုလိုက္ပါတယ္။
crd

Unicode
ဟမ်ဘာဂါသာ မကြိုက်ခဲ့ရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာနိုင်ခဲ့တဲ့ တချိန်က ဒင်ဟိုလက်သစ်လို့တင်စားခံခဲ့ရတဲ့ သရဲနီဟောင်း

ရာဖေးဒါဆေးလ်ဗားက သူ့ရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း ဖြစ်သူ အန်ဒါဆန်ဟာ ဟမ်ဘာဂါ လို fast food တွေကိုသာ မကြိုက်ခဲ့ရင် ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဘရာဇီး နောက်ခံလူ ရာဖေးက fast food တွေ အပေါ် အန်ဒါဆန်ရဲ့ နှစ်သက် ခုံမင်စွာ စားသုံးတတ်တဲ့ အကျင့် ရှိသောကြောင့် ကြံ့ခိုင်မှု နဲ့ ဝိတ်ပြသနာတွေဟာ ကစားသမားဘဝမှာ သက်ရောက်မှုရှိခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ် ဥရောပ Golden boy winner ဆုရှင် အန်ဒါဆန်ဟာ ယုနိုကိတက်မှာ ၈ နှစ်ကြာ ကစားကာ ခဲ့ပြီး ချန်ပီယံလိဂ်ဖလား နဲ့ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။
သို့ပေမယ့်လဲ အန်ဒါဆန်ဟာ တူရကီ ကလပ် အဒါမာဒီမီစပေါမှာ ကစားခဲ့ပြီးနောက် အသက် ၃၂ နှစ် အရွယ်မှာတင်ပဲ ဘောလုံး ကစားသမား ဘဝကနေ အနားယူသွား ခဲ့ပါတယ်။

ရာဖေးက “ကျွန်တော်တို့ ဖြတ်သွားတဲ့ လမ်းမှာ မက်ဒေါ်နယ်လို Fast Food ဆိုင်မျိုးကို တွေ့တဲ့အခါ အန်ဒါဆန်ဟာ ‘မက်ဒေါ်နယ် မက်ဒေါ်နယ်’ ဆိုပြီး အရူးအမူး စားချင်နေတဲ့ ပုံစံ ဖြစ်နေပါလိမ့်မယ်။ ဒီလူဟာ အစားနဲ့ပတ်သက်ရင် တကယ့်ကို အရူးပါပဲ။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်ခင်ပါတယ်။

သူ့ကို ဘောလုံးပဲ ပေးလိုက်ပါ။ သူဟာ ကွင်းထဲမှာ လွတ်လပ်စွာ ကစားပြပါလိမ့်မယ်။ တစ်ခါတစ်ရံ သူ့အနေနဲ့ ပွဲတွေ ဆက်တိုက် ခြေစွမ်းပြပြီး ဘယ်လိဂ်က ကစားသမားနဲ့ မဆိုယှဉ်ကစားနိုင်စွမ်း ရှိပါတယ်။ ဒါတင် မကပါဘူး။ သူ ကောင်းကောင်း ကစားနိုင်တဲ့ အခါ ကျွန်တော်တို့ အသင်းရဲ့ ကစားပုံ ကလည်း တအားကို ကောင်းသွားပါတယ်။

သူဟာ ဒဏ်ရာ ပြသနာတွေ အများကြီး ရခဲ့ပြီးနောက် သူ့ရဲ့ နေထိုင်စားသောက်ပုံဟာ သူ့အပေါ် သက်ရောက်မှုတွေ ရှိလာခဲ့ ပါတယ်။ သူ့ရဲ့ အကောင်းဆုံး ပုံစံ‌တွေ ခြေစွမ်းပြနိုင်မှူတွေဟာ ပွဲတွေ တောက်လျှောက်ဆက်တက်ကစားရင်း ရလာခဲ့တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပွဲတွေ ဆက်တိုက်ရှိနေတော့ သူ့အနေနဲ့ စိတ်ကြိုက် အစား အများကြီး မစားနိုင်လို့ ဖြစ်ပါတယ်။

သူသာ ပရော်ဖက်ရှင်နယ် ကျကျ နေထိုင်စားသောက်မယ် ဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ပြောချင်တာက ဘောလုံးနဲ့ ပက်သက်တဲ့အရာအားလုံးကို အလေးအနက် ထားတာကို ဆိုလိုတာပါ။ သူဟာ ဘယ်အရာကိုမှ အလေးအနက် မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ဘဝကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းချင်တဲ့ သူပါ။

ဒါ့ကြောင့်လည်း သူဟာ ကလပ်မှာ လူချစ်လူခင် အပေါများဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူဟာ ရှေ့မှာ ချပေးတဲ့ အရာအားလုံးကိုတော့ အတိုင်းအဆ မရှိဘဲ စားသုံးမယ့် သူပါ။” လို့ ဆိုလိုက်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *