သူ႔ရဲ႕အနီကတ္ေတြနဲ႔ပတ္သက္ၿပီး အ႐ိုးသားဆုံးဝန္ခံလာတဲ့ သရဲနီ tank ႀကီး ကတ္စ္မဲ႐ိုး

သူ႔ရဲ႕အနီကတ္ေတြနဲ႔ပတ္သက္ၿပီး အ႐ိုးသားဆုံးဝန္ခံလာတဲ့ သရဲနီ tank ႀကီး ကတ္စ္မဲ႐ိုး

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ကတ္စ္မဲ႐ိုးက လိုအပ္လာရင္ Foul လုပ္ေလ့ရွိေပမယ့္ ၿပိဳင္ဘက္ကို ထိခိုက္ဒဏ္ရာရေအာင္ ယုတ္မာတဲ့ရည္႐ြယ္ခ်က္မ်ိဳး လုံးဝမရွိဘူးလို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ေဆာက္သမ္တန္နဲ႔ကစားခဲ့တဲ့ပြဲမွာ ကတ္စ္မဲ႐ိုးဟာ ၿပိဳင္ဘက္ကြင္းလယ္လူ အယ္လ္ကာရက္ဇ္ကို အဝင္ၾကမ္းခဲ့တာေၾကာင့္ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရၿပီး ဒါက ယူႏိုက္တက္ကစားသမားဘ၀ ဒုတိယအႀကိမ္ တိုက္႐ိုက္အနီကတ္ထိခဲ့တာျဖစ္သလို (၄)ပြဲပယ္ ျပစ္ဒဏ္က်ခံရမွာျဖစ္ပါတယ္။

 

ဘရာဇီးလ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ကက္စီမဲ႐ိုးဟာ အသင္းေဟာင္း ရီးယဲလ္မက္ဒရစ္နဲ႔အတူ ေဘာလုံးရာသီ (၉)ရာသီထိ ျဖတ္သန္းထားခ်ိန္ straight red card တိုက္႐ိုက္ အနီကတ္ တစ္ႀကိမ္မွကို ျပသခံရျခင္း မရွိေသးေပမယ့္ မန္ယူႏိုက္တက္အသင္းဆီ ေရာက္ရွိလာခ်ိန္မွာ ကက္စီမဲ႐ိုးက တိုက္႐ိုက္ အနီကတ္ (၂)ႀကိမ္တိုင္အထိကို ျပသခံထားရတာေၾကာင့္ ဂႏၴဝင္ေနာက္ခံလူဗီဒစ္ (၂၀၁၃-၁၄)ေနာက္ပိုင္း တစ္ရာသီအတြင္း အနီကတ္(၂)ႀကိမ္ျပသခံခဲ့ရသူအျဖစ္ မွတ္တမ္းဝင္သြားပါတယ္။

 

ဒီလို အနီကတ္ ျပစ္ဒဏ္ေတြနဲ႔ ပတ္သတ္ၿပီး ကက္စီမဲ႐ိုးက “ကြၽန္ေတာ့္ဆီမွာ ဆိုးယုတ္တဲ့ စိတ္ထားေတြ မရွိတာကို ဒိုင္လူႀကီးေတြ သတိထားမိပါတယ္။ ကြၽန္ေတာ္က ေဘာလုံး ရယူဖို႔ပဲ အၿမဲ ႀကိဳးစားေနတာ။ ကစားတဲ့အခါမွာလည္း ျပင္းျပင္းထန္ထန္ ကစားရတာကို သေဘာက်တတ္တာမို႔ ကြၽန္ေတာ္ ကစားတိုင္းမွာ မာေက်ာႏိုင္ေပမယ့္ မေကာင္းတဲ့ စိတ္ထားေတြေတာ့ ရွိမေနပါဘူး။ ကြၽန္ေတာ္ရဲ႕ ကစားဟန္ကေန ကစားသမားတစ္ဦးကို ဒဏ္ရာရသြားေအာင္ ဘယ္ေတာ့မွ မလုပ္ေဆာင္ခဲ့ဘူး။

 

“ကြၽန္ေတာ့္အေနနဲ႔ ေဘာလုံးဖ်က္ထုတ္ဖို႔ပဲ ရည္႐ြယ္ၿပီး ကြၽန္ေတာ့္ရဲ႕တာဝန္အရ ခပ္ၾကမ္းၾကမ္းကစားရေပမယ့္ ယုတ္မာတဲ့စိတ္ဓာတ္မ်ိဳး မရွိပါဘူး။ ၿပိဳင္ဘက္ကို ေျခေထာက္နဲ႔ကန္ဖို႔ ဘယ္ေတာ့မွ မလုပ္ဘဲ မေတာ္တဆကန္မိသြားရင္ေတာင္ ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္ ေဒါသထြက္ရတယ္။ ​ဘာလို႔ဆိုေတာ့ ဒါေတြက ေဘာလုံးမွာ မရွိရပါဘူး။ ေဘာလုံးမွာ ျပစ္ဒက္က်ဳးလြန္တာေတြ လုပ္မိေကာင္း လုပ္မိလိမ့္မယ္။ ဒါေပမယ့္ ဆိုးယုတ္တဲ့ ပုံစံမ်ိဳးနဲ႔ ကစားလို႔ေတာ့ မရပါဘူး” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
crd

unicode

သူ့ရဲ့အနီကတ်တွေနဲ့ပတ်သက်ပြီး အရိုးသားဆုံးဝန်ခံလာတဲ့ သရဲနီ tank ကြီး ကတ်စ်မဲရိုး

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကတ်စ်မဲရိုးက လိုအပ်လာရင် Foul လုပ်လေ့ရှိပေမယ့် ပြိုင်ဘက်ကို ထိခိုက်ဒဏ်ရာရအောင် ယုတ်မာတဲ့ရည်ရွယ်ချက်မျိုး လုံးဝမရှိဘူးလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့ပွဲမှာ ကတ်စ်မဲရိုးဟာ ပြိုင်ဘက်ကွင်းလယ်လူ အယ်လ်ကာရက်ဇ်ကို အဝင်ကြမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး ဒါက ယူနိုက်တက်ကစားသမားဘ၀ ဒုတိယအကြိမ် တိုက်ရိုက်အနီကတ်ထိခဲ့တာဖြစ်သလို (၄)ပွဲပယ် ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ကက်စီမဲရိုးဟာ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်နဲ့အတူ ဘောလုံးရာသီ (၉)ရာသီထိ ဖြတ်သန်းထားချိန် straight red card တိုက်ရိုက် အနီကတ် တစ်ကြိမ်မှကို ပြသခံရခြင်း မရှိသေးပေမယ့် မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာချိန်မှာ ကက်စီမဲရိုးက တိုက်ရိုက် အနီကတ် (၂)ကြိမ်တိုင်အထိကို ပြသခံထားရတာကြောင့် ဂန္ထဝင်နောက်ခံလူဗီဒစ် (၂၀၁၃-၁၄)နောက်ပိုင်း တစ်ရာသီအတွင်း အနီကတ်(၂)ကြိမ်ပြသခံခဲ့ရသူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဒီလို အနီကတ် ပြစ်ဒဏ်တွေနဲ့ ပတ်သတ်ပြီး ကက်စီမဲရိုးက “ကျွန်တော့်ဆီမှာ ဆိုးယုတ်တဲ့ စိတ်ထားတွေ မရှိတာကို ဒိုင်လူကြီးတွေ သတိထားမိပါတယ်။ ကျွန်တော်က ဘောလုံး ရယူဖို့ပဲ အမြဲ ကြိုးစားနေတာ။ ကစားတဲ့အခါမှာလည်း ပြင်းပြင်းထန်ထန် ကစားရတာကို သဘောကျတတ်တာမို့ ကျွန်တော် ကစားတိုင်းမှာ မာကျောနိုင်ပေမယ့် မကောင်းတဲ့ စိတ်ထားတွေတော့ ရှိမနေပါဘူး။ ကျွန်တော်ရဲ့ ကစားဟန်ကနေ ကစားသမားတစ်ဦးကို ဒဏ်ရာရသွားအောင် ဘယ်တော့မှ မလုပ်ဆောင်ခဲ့ဘူး။

“ကျွန်တော့်အနေနဲ့ ဘောလုံးဖျက်ထုတ်ဖို့ပဲ ရည်ရွယ်ပြီး ကျွန်တော့်ရဲ့တာဝန်အရ ခပ်ကြမ်းကြမ်းကစားရပေမယ့် ယုတ်မာတဲ့စိတ်ဓာတ်မျိုး မရှိပါဘူး။ ပြိုင်ဘက်ကို ခြေထောက်နဲ့ကန်ဖို့ ဘယ်တော့မှ မလုပ်ဘဲ မတော်တဆကန်မိသွားရင်တောင် ကျွန်တော်ကိုယ်ကျွန်တော် ဒေါသထွက်ရတယ်။ ​ဘာလို့ဆိုတော့ ဒါတွေက ဘောလုံးမှာ မရှိရပါဘူး။ ဘောလုံးမှာ ပြစ်ဒက်ကျုးလွန်တာတွေ လုပ်မိကောင်း လုပ်မိလိမ့်မယ်။ ဒါပေမယ့် ဆိုးယုတ်တဲ့ ပုံစံမျိုးနဲ့ ကစားလို့တော့ မရပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။
crd

 

 

Add a Comment

Your email address will not be published. Required fields are marked *