သူ႔ဘဝရဲ႕တစ္ခုတည္းေသာအိပ္မက္ကိုထုတ္ေျပာျပလိုက္တဲ့ သရဲနီ အန္တိုနီ

ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ဘရာဇီးလ္အသင္းတို႔ရဲ႕ အဓိက ေတာင္ပံတိုက္စစ္ ကစားသမား တဦး ျဖစ္သူ အန္တိုနီကေတာ့ သူ႔ဘဝရဲ႕ အိမ္မက္ဟာ သူ႔ရဲ႕ မိဘႏွစ္ပါးကို ဆင္းရဲတြင္းထဲ ကေန ထုတ္ေပးဖို႔သာ ျဖစ္ေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။ အသက္ ၂၂ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ဘရာဇီးလ္ ေတာင္ပံတိုက္စစ္ ကစားသမား အန္တိုနီက ယခုႏွစ္ ေဘာလုံးရာသီ အစကမွ ေအဂ်က္ ကေန မန္ခ်က္စတာ ယူႏိုက္တက္ထံ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး တရပ္ ျဖစ္တဲ့ ယူ႐ို ၁၀၀သန္းနဲ႔ ေျပာင္းေ႐ႊ႕ခြင့္ ရခဲ့သူ ျဖစ္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမား ျဖစ္လာတာေၾကာင့္ပဲ အန္တိုနီဟာ ျမင့္မားတဲ့ လုပ္ခလစာေတြကို ခံစားေနရသလို ေဘာလုံးပရိသတ္ေတြ ၾကားထဲမွာ ထင္ရွားတဲ့ ၾကယ္ပြင့္ ကစားသမား တဦးလည္း ျဖစ္လာပါတယ္။

အန္တိုနီရဲ႕ လက္ရွိ ေအာင္ျမင္မႈေတြက အားက်စရာ ေကာင္းေနေပမယ့္ အန္တိုနီရဲ႕ ငယ္ဘဝဟာ အေတာ္ေလးကို ခက္ခဲ ၾကမ္းတမ္းခဲ့ၿပီး အန္တိုနီတို႔ ေနခဲ့တဲ့ ရပ္ကြက္မွာ မူးယစ္ေဆးဝါး ေရာင္းဝယ္တာေတြ ၊ လူသတ္တာေတြ ၊ ခိုးဆိုးလုယက္တာေတြဟာ ေန႔စဥ္ေန႔တိုင္း ျဖစ္ပ်က္ေနခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အန္တိုနီက သူတို႔မိသားစုကို ဆင္းရဲတြင္းထဲ ကေန ကယ္ထုတ္မယ္ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ နာမည္ႀကီး ေဘာလုံးသမား တဦး ျဖစ္လာေအာင္ အပတ္တကုတ္ ႀကိဳးစား အားထုတ္ခဲ့ၿပီး သူ႔ရဲ႕ ႀကိဳးစားမႈ ၊ ပါရမီနဲ႔ အရည္အခ်င္းေတြေၾကာင့္ပဲ အခ်ိန္တို အတြင္းမွာ ေအာင္ျမင္လာခဲ့သလို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ဘရာဇီးလ္အသင္း အတြက္ပါ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ဘရာဇီးလ္အသင္းနဲ႔ အတူ ကမာၻ႔ဖလားၿပိဳင္ပြဲ အတြက္ ေလ့က်င့္ခန္း ဆင္းေနတဲ့ အန္တိုနီက ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ သူ႔ရဲ႕ အႀကီးမားဆုံး အိမ္မက္တခုကို ေျပာျပခဲ့ၿပီး သူ႔ရဲ႕ အိမ္မက္ဟာ မိဘႏွစ္ပါးကို ဆင္းရဲတြင္းထဲ ကေန ကယ္ထုတ္ဖို႔သာ ျဖစ္ေၾကာင္း ဆိုလာပါတယ္။

အန္တိုနီက – “သတင္းေထာက္ေတြက အၿမဲတမ္း ကြၽန္ေတာ္တို႔ ေဘာလုံးသမားေတြရဲ႕ အိမ္မက္ေတြက ဘာေတြလဲ ဆိုၿပီး လိုက္ေမးတတ္ၾကပါတယ္။ ၿပီးေတာ့ သူတို႔က ခ်န္ပီယံလိဂ္ဖလား ရဖို႔လား။ ကမာၻ႔ဖလား ရဖို႔လား။ ေ႐ႊေဘာလုံးဆု ယူဖို႔လား စတဲ့ ေမးခြန္းေတြကိုလည္း ေမးၾကပါေသးတယ္။ ကြၽန္ေတာ့္အတြက္ အဲ့ဒီအရာေတြက အိမ္မက္ မဟုတ္ပါဘူး။ ပန္းတိုင္ေတြပါ ။ ကြၽန္ေတာ့္ရဲ႕ တခုထဲေသာ အိမ္မက္က အေဖနဲ႔ အေမကို ဆင္းရဲတြင္းထဲ ကေန ကယ္ထုတ္ဖို႔ပါ။ ကြၽန္ေတာ့္မွာ တျခား အစီအစဥ္ေတြ မရွိခဲ့ပါဘူး။ ကြၽန္ေတာ္က အေဖနဲ႔ အေမကို ဆင္းရဲတြင္းထဲ ကေန ကယ္ထုတ္ႏိုင္ရမယ္။ မဟုတ္ရင္ေတာ့ ႀကိဳးစားရင္း အေသခံလိုက္မယ္ ဆိုတဲ့ စိတ္နဲ႔ပဲ ႀကိဳးစားခဲ့တာပါ” လို႔ ေျပာၾကားသြားခဲ့တာပဲ ျဖစ္ပါတယ္။
crd

unicode

သူ့ဘဝရဲ့တစ်ခုတည်းသောအိပ်မက်ကိုထုတ်ပြောပြလိုက်တဲ့ သရဲနီ အန်တိုနီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အန်တိုနီကတော့ သူ့ဘဝရဲ့ အိမ်မက်ဟာ သူ့ရဲ့ မိဘနှစ်ပါးကို ဆင်းရဲတွင်းထဲ ကနေ ထုတ်ပေးဖို့သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့ခွင့် ရခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်လာတာကြောင့်ပဲ အန်တိုနီဟာ မြင့်မားတဲ့ လုပ်ခလစာတွေကို ခံစားနေရသလို ဘောလုံးပရိသတ်တွေ ကြားထဲမှာ ထင်ရှားတဲ့ ကြယ်ပွင့် ကစားသမား တဦးလည်း ဖြစ်လာပါတယ်။

အန်တိုနီရဲ့ လက်ရှိ အောင်မြင်မှုတွေက အားကျစရာ ကောင်းနေပေမယ့် အန်တိုနီရဲ့ ငယ်ဘဝဟာ အတော်လေးကို ခက်ခဲ ကြမ်းတမ်းခဲ့ပြီး အန်တိုနီတို့ နေခဲ့တဲ့ ရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ ၊ လူသတ်တာတွေ ၊ ခိုးဆိုးလုယက်တာတွေဟာ နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ အန်တိုနီက သူတို့မိသားစုကို ဆင်းရဲတွင်းထဲ ကနေ ကယ်ထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နာမည်ကြီး ဘောလုံးသမား တဦး ဖြစ်လာအောင် အပတ်တကုတ် ကြိုးစား အားထုတ်ခဲ့ပြီး သူ့ရဲ့ ကြိုးစားမှု ၊ ပါရမီနဲ့ အရည်အချင်းတွေကြောင့်ပဲ အချိန်တို အတွင်းမှာ အောင်မြင်လာခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း အတွက်ပါ ရွေးချယ်ခံခဲ့ရပါတယ်။

ဘရာဇီးလ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လေ့ကျင့်ခန်း ဆင်းနေတဲ့ အန်တိုနီက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ အကြီးမားဆုံး အိမ်မက်တခုကို ပြောပြခဲ့ပြီး သူ့ရဲ့ အိမ်မက်ဟာ မိဘနှစ်ပါးကို ဆင်းရဲတွင်းထဲ ကနေ ကယ်ထုတ်ဖို့သာ ဖြစ်ကြောင်း ဆိုလာပါတယ်။

အန်တိုနီက – “သတင်းထောက်တွေက အမြဲတမ်း ကျွန်တော်တို့ ဘောလုံးသမားတွေရဲ့ အိမ်မက်တွေက ဘာတွေလဲ ဆိုပြီး လိုက်မေးတတ်ကြပါတယ်။ ပြီးတော့ သူတို့က ချန်ပီယံလိဂ်ဖလား ရဖို့လား။ ကမ္ဘာ့ဖလား ရဖို့လား။ ရွှေဘောလုံးဆု ယူဖို့လား စတဲ့ မေးခွန်းတွေကိုလည်း မေးကြပါသေးတယ်။ ကျွန်တော့်အတွက် အဲ့ဒီအရာတွေက အိမ်မက် မဟုတ်ပါဘူး။ ပန်းတိုင်တွေပါ ။ ကျွန်တော့်ရဲ့ တခုထဲသော အိမ်မက်က အဖေနဲ့ အမေကို ဆင်းရဲတွင်းထဲ ကနေ ကယ်ထုတ်ဖို့ပါ။ ကျွန်တော့်မှာ တခြား အစီအစဉ်တွေ မရှိခဲ့ပါဘူး။ ကျွန်တော်က အဖေနဲ့ အမေကို ဆင်းရဲတွင်းထဲ ကနေ ကယ်ထုတ်နိုင်ရမယ်။ မဟုတ်ရင်တော့ ကြိုးစားရင်း အသေခံလိုက်မယ် ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *