


 



 

crd

unicode

သူနှင့်အန်တိုနီကိုအသင်းမှာအခြေကျအောင်ကူညီပေးခဲ့တဲ့ goatကြီးကိုကျေးဇူးတင်စကားပြောကြားလိုက်တဲ့ ကွင်းလယ်ဗိုလ်ချုပ် ကတ်စ်မဲရိုး

သူနဲ့အန်တိုနီတို့ကို ယူနိုက်တက်အသင်းမှာ အခြေကျအောင် ကူညီခဲ့တဲ့ ရော်နယ်ဒိုကို ကက်စမဲရိုး ကျေးဇူးတင်မဆုံး ဖြစ်နေတာ တွေ့ရဘာတယ် ။ ယူနိုက်တက် ကွင်းလယ်ကစားသမားသစ် ကက်စမဲရိုး က သူနဲ့အသင်းဖော်သစ်အန်တိုနီတို့ကို ယူနိုက်တက် အသင်းမှာ အမြန်ဆုံးအခြေကျအောင် ကူညီပေးခဲ့တဲ့ စီရော်နယ်ဒိုကို ချီးကျူးလိုက်ပါတယ်။

အသက် ၃၀ အရွယ်ကက်စမဲရိုး သည် ရီးရဲလ်မှာတုန်းက ၃၇ နှစ်အရွယ် ရော်နယ်ဒိုနဲ့ အတူတွဲကစားခဲ့ပြီး လာလီဂါ ၁ ကြိမ်နဲ့ ချန်ပီယံလိဂ် ၄ ကြိမ်ကို သူတို့ 2 ယောက် အတူရခဲ့ကြတာပါ။ အခုတော့ ကက်စမဲရိုးက ဂိုး ၇၀၀ ပြည့်စီရော်နယ်ဒိုကို သူငယ်ချင်းကောင်း 1 ယောက်၊ ထူးခြားတဲ့ လူပုဂ္ဂိုလ် 1 ယောက်အဖြစ် ချီးကျူးလိုက်ပါတယ်။

”ပထမဆုံးအနေနဲ့ ပြောရရင် ခရစ္စတီယာနိုဟာ ကျွန်တော်တို့ရဲ့ သူငယ်ချင်းကောင်း1 ယောက်ပါ။ ကျွန်တော်တို့ရောက်လာချိန်ကတည်းက သူအမြဲတမ်းကူညီပေးခဲ့ပါတယ်။ သူဟာ ထူးခြားတဲ့လူပုဂ္ဂိုလ်တစ်ယောက်ပါ။ ရီးရဲမက်ဒရစ် မှာကတည်းကသူနဲ့ခင်မင်ရင်းနှီးခဲ့ပြီးကျွန်တော်တို့ ကာလရှည်ကြာ အတူတွဲကစားခဲ့ကြပါတယ်”လို့ ကက်စမဲရိုးက ယူနိုက်တက် အသင်းဝက်ဘ်ဆိုဒ်ကို ပြောခဲ့ပါတယ်။

အဲဒီဘရာဇီး ကစားသမား သည် အခုလအစောပိုင်းက အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ဂိုး ၇၀၀ ပြည့်ကိုလည်း ကိုယ်တိုင်ဖန်တီးပေးနိုင်ခဲ့တာပါ။ ဒါ့အပြင် ကက်စမဲရိုးက ယူနိုက်တက် အတွက် ရော်နယ်ဒို ဂိုးဆက်သွင်ပေးနိုင်မယ်လို့မျှော်လင့်ကြောင်း ဆက်ပြောခဲ့ပါတယ်။ ”ကျွန်တော်တို့အတွက် သူ ဂိုးတွေ ပိုသွင်းနိုင်လေ ပိုကောင်းလေပေါ့ဗျာ”လို့ ကက်စမဲရိုးကဆက်ပြောခဲ့တာပါ။ လက်ရှိမှာတော့ ရော်နယ်ဒို သည် ယူနိုက်တက် ထမအသင်းနဲ့အတူ ပြန်လေ့ကျင့်ခွင့်ရနေပါပြီ။ သူဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ၂ ဂိုးသာ သွင်းနိုင်သေးသလို ပရီးမီးယားလိဂ်မှာလည်း ပွဲထွက်အနေနဲ့ ၂ ပွဲသာ ရှိပါသေးတယ်။
crd

သူနှင့်အန်တိုနီကိုအသင်းမှာအခြေကျအောင်ကူညီပေးခဲ့တဲ့ goatကြီးကိုကျေးဇူးတင်စကားပြောကြားလိုက်တဲ့ ကွင်းလယ်ဗိုလ်ချုပ် ကတ်စ်မဲရိုး

သူနဲ့အန်တိုနီတို့ကို ယူနိုက်တက်အသင်းမှာ အခြေကျအောင် ကူညီခဲ့တဲ့ ရော်နယ်ဒိုကို ကက်စမဲရိုး ကျေးဇူးတင်မဆုံး ဖြစ်နေတာ တွေ့ရဘာတယ် ။ ယူနိုက်တက် ကွင်းလယ်ကစားသမားသစ် ကက်စမဲရိုး က သူနဲ့အသင်းဖော်သစ်အန်တိုနီတို့ကို ယူနိုက်တက် အသင်းမှာ အမြန်ဆုံးအခြေကျအောင် ကူညီပေးခဲ့တဲ့ စီရော်နယ်ဒိုကို ချီးကျူးလိုက်ပါတယ်။

အသက် ၃၀ အရွယ်ကက်စမဲရိုး သည် ရီးရဲလ်မှာတုန်းက ၃၇ နှစ်အရွယ် ရော်နယ်ဒိုနဲ့ အတူတွဲကစားခဲ့ပြီး လာလီဂါ ၁ ကြိမ်နဲ့ ချန်ပီယံလိဂ် ၄ ကြိမ်ကို သူတို့ 2 ယောက် အတူရခဲ့ကြတာပါ။
အခုတော့ ကက်စမဲရိုးက ဂိုး ၇၀၀ ပြည့်စီရော်နယ်ဒိုကို သူငယ်ချင်းကောင်း 1 ယောက်၊ ထူးခြားတဲ့ လူပုဂ္ဂိုလ် 1 ယောက်အဖြစ် ချီးကျူးလိုက်ပါတယ်။

”ပထမဆုံးအနေနဲ့ ပြောရရင် ခရစ္စတီယာနိုဟာ ကျွန်တော်တို့ရဲ့ သူငယ်ချင်းကောင်း1 ယောက်ပါ။ ကျွန်တော်တို့ရောက်လာချိန်ကတည်းက သူအမြဲတမ်းကူညီပေးခဲ့ပါတယ်။ သူဟာ ထူးခြားတဲ့လူပုဂ္ဂိုလ်တစ်ယောက်ပါ။ ရီးရဲမက်ဒရစ် မှာကတည်းကသူနဲ့ခင်မင်ရင်းနှီးခဲ့ပြီးကျွန်တော်တို့ ကာလရှည်ကြာ အတူတွဲကစားခဲ့ကြပါတယ်”လို့ ကက်စမဲရိုးက ယူနိုက်တက် အသင်းဝက်ဘ်ဆိုဒ်ကို ပြောခဲ့ပါတယ်။

အဲဒီဘရာဇီး ကစားသမား သည် အခုလအစောပိုင်းက အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ဂိုး ၇၀၀ ပြည့်ကိုလည်း ကိုယ်တိုင်ဖန်တီးပေးနိုင်ခဲ့တာပါ။ ဒါ့အပြင် ကက်စမဲရိုးက ယူနိုက်တက် အတွက် ရော်နယ်ဒို ဂိုးဆက်သွင်ပေးနိုင်မယ်လို့မျှော်လင့်ကြောင်း ဆက်ပြောခဲ့ပါတယ်။ ”ကျွန်တော်တို့အတွက် သူ ဂိုးတွေ ပိုသွင်းနိုင်လေ ပိုကောင်းလေပေါ့ဗျာ”လို့ ကက်စမဲရိုးကဆက်ပြောခဲ့တာပါ။ လက်ရှိမှာတော့ ရော်နယ်ဒို သည် ယူနိုက်တက် ထမအသင်းနဲ့အတူ ပြန်လေ့ကျင့်ခွင့်ရနေပါပြီ။ သူဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ၂ ဂိုးသာ သွင်းနိုင်သေးသလို ပရီးမီးယားလိဂ်မှာလည်း ပွဲထွက်အနေနဲ့ ၂ ပွဲသာ ရှိပါသေးတယ်။
crd

 

Add a Comment

Your email address will not be published. Required fields are marked *