crd
Unicodee
သူရဲနီဘောလုံးမင်းသားဟောင်းဟာ သူမရဲ့အကြိုက်စားကစားသမားပါလို့ ဖွင့်ဟဝန်ခံခဲ့တဲ့ နာမည်ကြီးအပြာမင်းသမီး ခါလီဖာ
သူမအကြိုက်ဆုံးဘောလုံးသမား ၃ ယောက်အကြောင်းကို ဖွင့်ဟသွားခဲ့တဲ့ ဂေါင်းကြီးတို့အကြိုက် အပြာမင်းသမီး မီယာခါလီဖာ
လူကြီးကားတွေရဲ့ ကြယ်ပွင့်ဟောင်း ခါလီဖာတစ်ယောက်ဟာ သူမအကြိုက်ဆုံးဘောလုံးသမား ၃ ယောက်အကြောင်းကို ဖွင့်ဟသွားပြီး သူမအကြိုက်ဆုံးကတော့ ဝက်ဟမ်းပါလို့ဆိုပါတယ်။
သူမရဲ့ ပထမရွေးချယ်မှုက ဒေးဗစ်ဘက်ခမ်းပါ။ခါလီဖာက “ကျွန်မက ကောင်မလေးတစ်ယောက်ဆိုတော့ ဘက်ခမ်းကြိုက်တယ်ပဲပြောရမှာပေါ့” လို့ဆိုပါတယ်။
ဘက်ခမ်းကို ကြိုက်တာ သူ့ကျွမ်းကျင်မှုကြောင့်လား၊ရုပ်ရည်ကြောင့်လားလို့မေးတဲ့ အခါမှာတော့”ကျွန်မအသက် ၁၂ နှစ်အရွယ်မှာ ကျွန်မထက်မြင့်တဲ့ အသံနဲ့ သူစကားပြောခဲ့တဲ့အခါတိုင်း ရီခဲ့ရလို့ပါ” လို့ဆိုပါတယ်။( ဘက်ခမ်းအသံက မိန်းကလေးနည်းနည်းဆန်ပါတယ်)”
” ဒါပျော်ရွှင်စရာကောင်းခဲ့လို့ပါ”
ဘက်ခမ်းပြီးတဲ့နောက်မှာတော့ ၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ မာတာရာဇီကို ခေါင်းနဲ့တိုက်ခဲ့တဲ့ ဇီဒန်းကိုရွေးပါတယ်။
“ဘာလို့ ဇီဒန်းကို ရွေးလည်းဆိုတော့ ဒီဖြစ်ရပ်ဟာ ဘောလုံးပွဲတစ်ပွဲမှာ ကျွန်မတွေ့ဖူးသမျှထဲ စိတ်လှုပ်ရှားစရာအကောင်းဆုံးမို့ပါ”
တတိယတစ်ယောက်ကတော့ ဟန်ဒါးစ်ဖီးတောင်းမှာ အဲ့ဒီအချိန်က ကစားနေတဲ့ အယ်ရွန် မွိုင်းပဲဖြစ်ပါတယ်။
သူမက အယ်ရွန်မွိုင်းဟာ ဘောလုံးလောကရဲ့ ခါဝိုင်း လဲနတ်( နာမည်ကြီး ဘတ်စကတ်ဘောကစားသမား) ပါပဲ။
” သူတို့နှစ်ယောက်က ပုံစံဆင်တယ်။သူက ကင်မရာရှေ့ရောက်ရင်ရှက်တတ်တယ်။သူက နည်းနည်း ကြောင်တောင်တောင်နိုင်ပေမယ့် ရှင်တို့ အဲ့ဒီအချက်ကို တွေ့နိုင်မှာမဟုတ်ဘူး”
“ကျွန်မ မသိဘူး။သူက လဲနတ် ကို သတိရစေတယ်။လဲနတ် က လူကောင်းပါ”
crd