သုံးမိနစ္မန္ယူဆိုတဲ့ဝိေသသလကၡဏာကိုျပန္လည္အသက္သြင္းခဲ့တဲ့ ဖူလ္ဟမ္ႏွင့္ႏိုင္ပြဲမွ သရဲနီတို႔ရဲ႕ စြမ္းေဆာင္ရည္အဆင့္သတ္မွတ္ခ်က္မ်ား

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ မ​ေန႔ညက ကရာဗန္ ​ေကာ့ေတ့ခ်္ ကြင္းထဲမွာ ဖူလ္ဟမ္ အသင္းကို သြားေရာက္္ရင္ဆိုင္ခဲ့ရၿပီး ပရိသတ္ေတြအတြက္ စိတ္လႈပ္ရွားဖြယ္ ပြဲစဥ္ တစ္ပြဲကို ဖန္တီးေပးခဲ့ကာ အဖိုးတန္ အႏိုင္ 3 မွတ္ ရွာေဖြသြားႏိုင္ခဲ့ပါတယ္ ။ ဒီပြဲစဥ္ရဲ႕ ပထမပိုင္းမွာ ဖူလ္ဟမ္ အသင္းက ေဘာလုံး ပိုင္ဆိုင္မႈ အသာစီးရယူသြားႏိုင္ခဲ့ေပမဲ့ ႀကီးမားတဲ့အခြင့္အေရးေတြကိုေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဖက္က ပိုၿပီး ဖန္တီးသြားႏိုင္ခဲ့ပါတယ္ ။ ဒါ့အျပင္ အဲရစ္ဆင္ေၾကာင့္ ပထမပိုင္းကို ဦးေဆာင္ခြင့္ ရႏိုင္ခဲ့ပါတယ္ ။ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ဒီပြဲမတိုင္ခင္ အႏိုင္ရလဒ္နဲ႔ ပထမပိုင္း ဦးေဆာင္ႏိုင္ခဲ့တဲ့ ပြဲစဥ္ေတြမွာ မရႈံးနိမ့္ခဲ့တာ 122 ပြဲ အထိ ရွိခဲ့ပါတယ္ ။

ဒါေပမဲ့ ဒီပြဲမွာေတာ့ ဖူလ္ဟမ္ အသင္းရဲ႕ တိုက္စစ္ေၾကာင့္ ဒီမွတ္တမ္း က်ိဳးသြားမလားဆိုၿပီး ရင္တထိတ္ထိတ္ ျဖစ္ခဲ့ရပါတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဖူလ္ဟမ္ အသင္း ဖက္မွ လူစားဝင္ ကစားခဲ့တဲ့ ယူႏိုက္တက္ ကစားသမားေဟာင္း ဒန္နီယယ္ ဂ်ိမ္းစ္ က ပြဲခ်ိန္ 61 မိနစ္မွာ ေျခပဂိုး သြင္းယူသြားၿပီးေနာက္ ဖူလ္ဟမ္ တို႔ကပဲ မၾကာခန ဖိအားေပး တိုက္စစ္္ဆင္ခဲ့ၾကလို႔ပဲ ျဖစ္ပါတယ္ ။ ဒါေပမဲ့ အဲရစ္ တန္ဟတ္ ရဲ႕ လူစားလဲမႈက ဒီတစ္ပြဲမွာလဲ အလုပ္ျဖစ္သြားခဲ့ရပါတယ္ ။ ပြဲခ်ိန္ 72 မိနစ္မွာ အန္သိုနီ မာရွယ္ရဲ႕ ေနရာကို လူစားဝင္ကစားေပးခဲ့တဲ့ လူငယ္ေလး ဂါနာခ်ိဳ က အခ်ိန္ပို 3 မိနစ္မွာ အႏိုင္ဂိုး သြင္းယူခဲ့ၿပီး ယူႏိုက္တက္ရဲ႕ ရႈံးပြဲမရွိ မွတ္တမ္းကို 123 ပြဲ အထိ အဓြန္႔ရွည္ေစခဲ့လိုပဲ ျဖစ္ပါတယ္ ။ 3 မိနစ္ မန္ယူဆိုတဲ့ စကားကို ျပန္လည္ ျမင္ေတြ႕ခဲ့ရတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ စိတ္လႈပ္ရွားဖြယ္ ႏိုင္ပြဲမွာ ဘယ္သူေတြ ေကာင္းၿပီး ဘယ္သူေတြ ညံ့ခဲ့ၾကသလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ ။

ဒီဂီယာ (7) … ဒီပြဲမွာလည္း ဒီဂီယာက အေရးႀကီးတဲ့ ဂိုးေပါက္ ကာကြယ္္မႈ အခ်ိဳ႕ကို အံ့ဖြယ္ လုပ္ျပသြားႏိုင္ခဲ့ပါတယ္ ။ ဒီပြဲမွာ ဗီနီးရွပ္ ၊ တင္ ရီးမ္ တို႔ရဲ႕ ကန္ခ်က္ေတြ ဂိုး ျဖစ္ခဲ့သင့္ေပမဲ့ ဒီဂီယာ လက္စြမ္းျပႏိုင္ခဲ့ပါတယ္ ။ မာလာစီယာ (5) … ဘယ္ခံစစ္ ကစားသမားေလးဟာ ညာခံစစ္မွာ ကစားရခ်ိန္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဝီလီယံ ကို မကိုင္တြယ္ ႏိုင္ခဲ့ေပမဲ့ ရွင္းထုတ္မႈ အခ်ိဳ႕လုပ္္ႏိုင္ခဲ့သလို အျမင့္ေဘာ အခ်ိဳ႕လည္း ဦးေဆာင္ႏိုင္ခဲ့ပါတယ္ ။ လင္ဒီေလာ့ဖ္ (6) … မက္ဂြားယားကို ေက်ာ္ၿပီး ပြဲထြက္ ကစားခြင့္ ရရွိခဲ့ျပန္တဲ့ ပြဲမွာ တည္ၿငိမ္တဲ့ ကစားဟန္ အခ်ိဳ႕ကို ျပသရင္း မာတီနက္ဇ္ နဲ႔လည္း အေကာင္းဆုံး တြဲဖက္ႏိုင္ခဲ့ပါတယ္ ။ မာတီနက္ဇ္ (8) … ကစားပုံ ေလးလံ ေႏွးေကြးတတ္ၾကတဲ့ လင္ဒီေလာ့ဖ္ ၊ လုခ္ေရွာ တို႔ရဲ႕ ၾကားမွာ အေကာင္းဆုံး ျဖည့္စြက္ ကစားေပးႏိုင္ခဲ့ၿပီး ဖူးလ္ဟမ္ရဲ႕ ဖိအားေပး တိုက္စစ္ဆင္မႈေတြကို တည္တည္ၿငိမ္ၿငိမ္ ဟန္႔တားျပႏိုင္ခဲ့ပါတယ္ ။ ေရွာ (7) … ဒန္နီယယ္ ဂ်ိမ္းစ္ ကို မဟန္႔တားႏိုင္ခဲ့ေပမဲ့ တိုက္စစ္ဆင္ ကစားပုံ ေကာင္းမြန္ခဲ့သလို အန္သိုနီ မာရွယ္ အတြက္ ဂိုး ရရွိေစဖို႔ေတာင္ နီးစပ္ခဲ့ပါေသးတယ္ ။ ပြဲေကာင္း တစ္ပြဲ ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္ ။

ကာဆီမီ႐ို (7) … ခံစစ္ကို ကူညီရင္း တိုက္စစ္ အသြင္ေျပာင္း ကစားရာမွာလည္း အကူအညီေပးႏိုင္ခဲ့ပါတယ္ ။ အဲရစ္ဆင္ရဲ႕ အဖြင့္ဂိုးကို ရရွိေစေရးမွာ အေရးပါခဲ့ပါတယ္ ။ အဲရစ္ဆင္ (8) … အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့သလို ေနာက္တစ္ဂိုးလည္း ရရွိခဲ့သင့္ပါတယ္ ။ ျဖန္႔ေဝမႈေတြ ေကာင္းမြန္ခဲ့ၿပီး ဂါနာခ်ိဳ ရဲ႕ ဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္ ။ အီလန္ဂါ (5) … ပြဲထြက္ခြင့္ ရရွိခဲ့ေပမဲ့ မာလာစီယာ နည္းတူ ညာေတာင္ပံ တစ္ျခမ္းမွာ ပုံစံေကာင္း ျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္ ။ ဒါ့ေၾကာင့္ ဒုတိယပိုင္း စတင္ၿပီး မၾကာမီမွာပဲ လူစားလဲခံခဲ့ရပါတယ္ ။

ဘ႐ူႏို (5) … ပထမပိုင္းမွာ ေကာင္းမြန္စြာ ကစားေပးႏိုင္ခဲ့ေပမဲ့ အေရးႀကီိးခ်ိန္ေတြမွာ ေဘာလုံး ထိခ်က္ေတြ ညံ့ေနခဲ့ရပါတယ္ ။ သူ႔ရဲ႕ ေဘာလုံးပ်က္မႈကေန စတင္ၿပီး ဖူလ္ဟမ္တို႔ ေျခပဂိုး သြင္းယူႏိုင္ခဲ့ၾကပါတယ္ ။ ရပ္ရွ္ဖို႔ (5) … သူ ကစားပုံ ေကာင္းေလ့ရွိတတ္တဲ့ ဘယ္ခံစစ္မွာ ကစားခဲ့ရၿပီး ခံစစ္ကိုလည္း အေတာ္ေလး ဆင္းကူေပးႏိုင္ခဲ့ပါတယ္ ။ ဒါေပမဲ့ တိုက္စစ္ဆင္ ကစားပုံေတြက အားရစရာ မျဖစ္ခဲ့ရပါဘူး ။ မာရွယ္ (6) … မာရွယ္ ပါလာတာနဲ႔ ယူႏိုက္တက္ တိုက္စစ္ ကစားပုံက ပိုေကာင္းလာခဲ့တာ ထင္ရွားခဲ့ပါတယ္ ။ ဒါေပမဲ့ အဖိုးတန္ အခြင့္အေရး အခ်ိဳ႕ကို ျဖဳန္းတီးခဲ့ပါတယ္ ။ လူစားဝင္ ကစားသမားမ်ား… ေတာ္မီေနး (4) / ဂါနာခ်ိဳ (8)
crd

unicode

သုံးမိနစ်မန်ယူဆိုတဲ့ဝိသေသလက္ခဏာကိုပြန်လည်အသက်သွင်းခဲ့တဲ့ ဖူလ်ဟမ်နှင့်နိုင်ပွဲမှ သရဲနီတို့ရဲ့ စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက ကရာဗန် ​ကော့တေ့ချ် ကွင်းထဲမှာ ဖူလ်ဟမ် အသင်းကို သွားရောက််ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် ပွဲစဥ် တစ်ပွဲကို ဖန်တီးပေးခဲ့ကာ အဖိုးတန် အနိုင် 3 မှတ် ရှာဖွေသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာ ဖူလ်ဟမ် အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူသွားနိုင်ခဲ့ပေမဲ့ ကြီးမားတဲ့အခွင့်အရေးတွေကိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်က ပိုပြီး ဖန်တီးသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အဲရစ်ဆင်ကြောင့် ပထမပိုင်းကို ဦးဆောင်ခွင့် ရနိုင်ခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပွဲမတိုင်ခင် အနိုင်ရလဒ်နဲ့ ပထမပိုင်း ဦးဆောင်နိုင်ခဲ့တဲ့ ပွဲစဥ်တွေမှာ မရှုံးနိမ့်ခဲ့တာ 122 ပွဲ အထိ ရှိခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ ဖူလ်ဟမ် အသင်းရဲ့ တိုက်စစ်ကြောင့် ဒီမှတ်တမ်း ကျိုးသွားမလားဆိုပြီး ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဖူလ်ဟမ် အသင်း ဖက်မှ လူစားဝင် ကစားခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဒန်နီယယ် ဂျိမ်းစ် က ပွဲချိန် 61 မိနစ်မှာ ခြေပဂိုး သွင်းယူသွားပြီးနောက် ဖူလ်ဟမ် တို့ကပဲ မကြာခန ဖိအားပေး တိုက်စစ််ဆင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဲရစ် တန်ဟတ် ရဲ့ လူစားလဲမှုက ဒီတစ်ပွဲမှာလဲ အလုပ်ဖြစ်သွားခဲ့ရပါတယ် ။ ပွဲချိန် 72 မိနစ်မှာ အန်သိုနီ မာရှယ်ရဲ့ နေရာကို လူစားဝင်ကစားပေးခဲ့တဲ့ လူငယ်လေး ဂါနာချို က အချိန်ပို 3 မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့ပြီး ယူနိုက်တက်ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို 123 ပွဲ အထိ အဓွန့်ရှည်စေခဲ့လိုပဲ ဖြစ်ပါတယ် ။ 3 မိနစ် မန်ယူဆိုတဲ့ စကားကို ပြန်လည် မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7) … ဒီပွဲမှာလည်း ဒီဂီယာက အရေးကြီးတဲ့ ဂိုးပေါက် ကာကွယ််မှု အချို့ကို အံ့ဖွယ် လုပ်ပြသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာ ဗီနီးရှပ် ၊ တင် ရီးမ် တို့ရဲ့ ကန်ချက်တွေ ဂိုး ဖြစ်ခဲ့သင့်ပေမဲ့ ဒီဂီယာ လက်စွမ်းပြနိုင်ခဲ့ပါတယ် ။ မာလာစီယာ (5) … ဘယ်ခံစစ် ကစားသမားလေးဟာ ညာခံစစ်မှာ ကစားရချိန် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဝီလီယံ ကို မကိုင်တွယ် နိုင်ခဲ့ပေမဲ့ ရှင်းထုတ်မှု အချို့လုပ််နိုင်ခဲ့သလို အမြင့်ဘော အချို့လည်း ဦးဆောင်နိုင်ခဲ့ပါတယ် ။ လင်ဒီလော့ဖ် (6) … မက်ဂွားယားကို ကျော်ပြီး ပွဲထွက် ကစားခွင့် ရရှိခဲ့ပြန်တဲ့ ပွဲမှာ တည်ငြိမ်တဲ့ ကစားဟန် အချို့ကို ပြသရင်း မာတီနက်ဇ် နဲ့လည်း အကောင်းဆုံး တွဲဖက်နိုင်ခဲ့ပါတယ် ။ မာတီနက်ဇ် (8) … ကစားပုံ လေးလံ နှေးကွေးတတ်ကြတဲ့ လင်ဒီလော့ဖ် ၊ လုခ်ရှော တို့ရဲ့ ကြားမှာ အကောင်းဆုံး ဖြည့်စွက် ကစားပေးနိုင်ခဲ့ပြီး ဖူးလ်ဟမ်ရဲ့ ဖိအားပေး တိုက်စစ်ဆင်မှုတွေကို တည်တည်ငြိမ်ငြိမ် ဟန့်တားပြနိုင်ခဲ့ပါတယ် ။ ရှော (7) … ဒန်နီယယ် ဂျိမ်းစ် ကို မဟန့်တားနိုင်ခဲ့ပေမဲ့ တိုက်စစ်ဆင် ကစားပုံ ကောင်းမွန်ခဲ့သလို အန်သိုနီ မာရှယ် အတွက် ဂိုး ရရှိစေဖို့တောင် နီးစပ်ခဲ့ပါသေးတယ် ။ ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။

ကာဆီမီရို (7) … ခံစစ်ကို ကူညီရင်း တိုက်စစ် အသွင်ပြောင်း ကစားရာမှာလည်း အကူအညီပေးနိုင်ခဲ့ပါတယ် ။ အဲရစ်ဆင်ရဲ့ အဖွင့်ဂိုးကို ရရှိစေရေးမှာ အရေးပါခဲ့ပါတယ် ။ အဲရစ်ဆင် (8) … အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို နောက်တစ်ဂိုးလည်း ရရှိခဲ့သင့်ပါတယ် ။ ဖြန့်ဝေမှုတွေ ကောင်းမွန်ခဲ့ပြီး ဂါနာချို ရဲ့ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ အီလန်ဂါ (5) … ပွဲထွက်ခွင့် ရရှိခဲ့ပေမဲ့ မာလာစီယာ နည်းတူ ညာတောင်ပံ တစ်ခြမ်းမှာ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါ့ကြောင့် ဒုတိယပိုင်း စတင်ပြီး မကြာမီမှာပဲ လူစားလဲခံခဲ့ရပါတယ် ။

ဘရူနို (5) … ပထမပိုင်းမှာ ကောင်းမွန်စွာ ကစားပေးနိုင်ခဲ့ပေမဲ့ အရေးကြီိးချိန်တွေမှာ ဘောလုံး ထိချက်တွေ ညံ့နေခဲ့ရပါတယ် ။ သူ့ရဲ့ ဘောလုံးပျက်မှုကနေ စတင်ပြီး ဖူလ်ဟမ်တို့ ခြေပဂိုး သွင်းယူနိုင်ခဲ့ကြပါတယ် ။ ရပ်ရှ်ဖို့ (5) … သူ ကစားပုံ ကောင်းလေ့ရှိတတ်တဲ့ ဘယ်ခံစစ်မှာ ကစားခဲ့ရပြီး ခံစစ်ကိုလည်း အတော်လေး ဆင်းကူပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ်ဆင် ကစားပုံတွေက အားရစရာ မဖြစ်ခဲ့ရပါဘူး ။ မာရှယ် (6) … မာရှယ် ပါလာတာနဲ့ ယူနိုက်တက် တိုက်စစ် ကစားပုံက ပိုကောင်းလာခဲ့တာ ထင်ရှားခဲ့ပါတယ် ။ ဒါပေမဲ့ အဖိုးတန် အခွင့်အရေး အချို့ကို ဖြုန်းတီးခဲ့ပါတယ် ။ လူစားဝင် ကစားသမားများ… တော်မီနေး (4) / ဂါနာချို (8)

Add a Comment

Your email address will not be published. Required fields are marked *