သရဲနီ tank ႀကီး ကာစီမီ႐ို ေ႐ြးခ်ယ္ေပးလိုက္တဲ့ ယူႏိုက္တက္က အေကာင္းဆုံးကစားသမား
|သရဲနီ tank ႀကီး ကာစီမီ႐ို ေ႐ြးခ်ယ္ေပးလိုက္တဲ့ ယူႏိုက္တက္က အေကာင္းဆုံးကစားသမား
ကာစီမီ႐ိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပရီးမီးယားလိဂ္က အေကာင္းဆုံးကစားသမားေတြထဲက အခ်ိဳ႕နဲ႔ အဝတ္လဲခန္းကို မွ်ေဝေနသူျဖစ္ေပမယ့္လည္း ၾကယ္ပြင့္ကစားသမားတစ္ဦးက က်န္တဲ့သူေတြအားလုံးထက္ ထူးျခားတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္းကြင္းလယ္ကစားသမားဟာ အိုးထရက္ဖို႔ဒ္မွာ ကစားရတဲ့အခ်ိန္ေတြကို ႏွစ္သက္ေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန ေပါင္သန္း ၇၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ကာစီမီ႐ိုဟာ ဘာေနဗ်ဴးမွာ ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္နဲ႔ လာလီဂါဖလား ၃ ႀကိမ္ အႏိုင္ရရွိခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္မွာ ေနာက္ထပ္ ဆုဖလားေတြကို ကိုင္ေျမႇာက္ခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံမန္စီးတီးနဲ႔ ၃၅ မွတ္အကြာ အဆင့္ ၆ ေနရာမွာသာ ရာသီၿပီးဆုံးႏိုင္ခဲ့ေပမယ့္ ယခုရာသီမွာေတာ့ အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္နဲ႔ ၅ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။
ကပ္စ္မဲ႐ိုးက ” ကြၽန္ေတာ္ ခ်န္ပီယံဆုေတြ ရရွိေပးႏိုင္တဲ့ ကစားသမားတစ္ေယာက္ အျဖစ္ မန္ယူႏိုက္တက္မွာ လူသိမ်ားခ်င္ပါတယ္၊ အဲ့ဒါက ကြၽန္ေတာ့္အတြက္ အေရးႀကီးဆုံး အရာပါပဲ၊ ကြၽန္ေတာ္ဖလားရသည္ျဖစ္ေစ မရသည္ျဖစ္ေစ၊ ဒါက ခက္ခဲတယ္ဆိုတာ သိပါတယ္၊ အထူးသျဖင့္ ပရီးမီးယားလိဂ္ဖလားရဖို႔က ပိုခက္ခဲပါတယ္၊ ပြဲေတြအားလုံးကအရမ္း ခက္ခဲပါတယ္၊ ဒါေပမဲ့ ကြၽန္ေတာ္ဖလားေတြရခ်င္ပါတယ္၊ အေရးႀကီးတဲ့ပြဲေတြအားလုံးကိုအႏိုင္ရခ်င္ပါတယ္၊ အဲ့ဒါကလြယ္ေတာ့မလြယ္ပါဘူး၊ ဒါကိုကြၽန္ေတာ္တို႔သိပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ကမာၻေပၚမွာ အခက္ခဲဆုံး လိဂ္အေၾကာင္းေျပာေနတာမလို႔ပါ၊ ဒါေပမဲ့ အဲ့ဒါက ကြၽန္ေတာ့္ကို ဘာေၾကာင့္ လူသိမ်ားခ်င္ရတာလဲဆိုတဲ့ အဓိကအရာျဖစ္ေနလို႔ပါပဲ “လို႔ေျပာၾကားသြားခဲ့ပါတယ္။
ကာစီမီ႐ိုက ယခုရာသီမကုန္ခင္ ဆုဖလားေတြ လက္ဝယ္ပိုင္ဆိုင္ခ်င္ေနတာ ျဖစ္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ ပါဝင္ေနမႈက ယူႏိုက္တက္ကို ေကာင္းမြန္တဲ့ေနရာမွာ ရပ္တည္ေစႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။ “မန္ခ်က္စတာယူႏိုက္တက္ကို မလာခင္မွာ ကြၽန္ေတာ္ တီဗြီကို ဖြင့္ၿပီး သူတို႔ပြဲေတြကို ၾကည့္ခဲ့တယ္။ သူက အေကာင္းဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ သူက မန္ခ်က္စတာယူႏိုက္တက္ကို တိုက္စစ္ဆင္ႏိုင္ေအာင္နဲ႔ ကြင္းလယ္မွာ အသာစီးရေအာင္ ကူညီေပးေနတဲ့ လူေတြက တစ္ဦးပါ။ သူက အကူးအေျပာင္းမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနပါတယ္ သူက ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံးကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
crd
unicode
သရဲနီ tank ကြီး ကာစီမီရို ရွေးချယ်ပေးလိုက်တဲ့ ယူနိုက်တက်က အကောင်းဆုံးကစားသမား
ကာစီမီရိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက အချို့နဲ့ အဝတ်လဲခန်းကို မျှဝေနေသူဖြစ်ပေမယ့်လည်း ကြယ်ပွင့်ကစားသမားတစ်ဦးက ကျန်တဲ့သူတွေအားလုံးထက် ထူးခြားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်းကွင်းလယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့အချိန်တွေကို နှစ်သက်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ကာစီမီရိုဟာ ဘာနေဗျူးမှာ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ လာလီဂါဖလား ၃ ကြိမ် အနိုင်ရရှိခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်မှာ နောက်ထပ် ဆုဖလားတွေကို ကိုင်မြှောက်ချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံမန်စီးတီးနဲ့ ၃၅ မှတ်အကွာ အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့ပေမယ့် ယခုရာသီမှာတော့ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ကပ်စ်မဲရိုးက ” ကျွန်တော် ချန်ပီယံဆုတွေ ရရှိပေးနိုင်တဲ့ ကစားသမားတစ်ယောက် အဖြစ် မန်ယူနိုက်တက်မှာ လူသိများချင်ပါတယ်၊ အဲ့ဒါက ကျွန်တော့်အတွက် အရေးကြီးဆုံး အရာပါပဲ၊ ကျွန်တော်ဖလားရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ ဒါက ခက်ခဲတယ်ဆိုတာ သိပါတယ်၊ အထူးသဖြင့် ပရီးမီးယားလိဂ်ဖလားရဖို့က ပိုခက်ခဲပါတယ်၊ ပွဲတွေအားလုံးကအရမ်း ခက်ခဲပါတယ်၊ ဒါပေမဲ့ ကျွန်တော်ဖလားတွေရချင်ပါတယ်၊ အရေးကြီးတဲ့ပွဲတွေအားလုံးကိုအနိုင်ရချင်ပါတယ်၊ အဲ့ဒါကလွယ်တော့မလွယ်ပါဘူး၊ ဒါကိုကျွန်တော်တို့သိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကမ္ဘာပေါ်မှာ အခက်ခဲဆုံး လိဂ်အကြောင်းပြောနေတာမလို့ပါ၊ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ကို ဘာကြောင့် လူသိများချင်ရတာလဲဆိုတဲ့ အဓိကအရာဖြစ်နေလို့ပါပဲ “လို့ပြောကြားသွားခဲ့ပါတယ်။
ကာစီမီရိုက ယခုရာသီမကုန်ခင် ဆုဖလားတွေ လက်ဝယ်ပိုင်ဆိုင်ချင်နေတာ ဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ် ပါဝင်နေမှုက ယူနိုက်တက်ကို ကောင်းမွန်တဲ့နေရာမှာ ရပ်တည်စေနိုင်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ “မန်ချက်စတာယူနိုက်တက်ကို မလာခင်မှာ ကျွန်တော် တီဗွီကို ဖွင့်ပြီး သူတို့ပွဲတွေကို ကြည့်ခဲ့တယ်။ သူက အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ သူက မန်ချက်စတာယူနိုက်တက်ကို တိုက်စစ်ဆင်နိုင်အောင်နဲ့ ကွင်းလယ်မှာ အသာစီးရအောင် ကူညီပေးနေတဲ့ လူတွေက တစ်ဦးပါ။ သူက အကူးအပြောင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပါတယ် သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။
crd