သရဲနီ tankႀကီးနဲ႔တြဲကစားခ်င္လို႔ မန္ယူကို ဂဂ်ီဂေဂ်ာင္မက်ဖို႔ စဥ္းစားေနၿပီျဖစ္တဲ့ အ႐ုပ္ကေလး ဒီေဂ်ာင္
|သရဲနီ tankႀကီးနဲ႔တြဲကစားခ်င္လို႔ မန္ယူကို ဂဂ်ီဂေဂ်ာင္မက်ဖို႔ စဥ္းစားေနၿပီျဖစ္တဲ့ အ႐ုပ္ကေလး ဒီေဂ်ာင္
စပိန္လာလီဂါ ထိပ္သီးအသင္း တသင္း ျဖစ္တဲ့ ဘာစီလိုနာရဲ႕ အဓိက ကြင္းလယ္လူ ဖရန္ကီ ဒီေဂ်ာင္က သူ႔ကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ ေႏြေဈးကြက္ အတြင္းမွာ အသည္းအသန္ ႀကိဳးပမ္းခဲ့ဖူးတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ဆီ လာမယ့္ ေႏြေဈးကြက္မွာ ေျပာင္းေ႐ႊ႕ဖို႔ စတင္ စဥ္းစားေနေၾကာင္း နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Talksport သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။
အသက္ ၂၅ႏွစ္ အ႐ြယ္ နယ္သာလန္ လက္ေ႐ြးစင္ ဗဟိုကြင္းလယ္လူ ဖရန္ကီ ဒီေဂ်ာင္က ေအဂ်က္ကေန ဘာစီလိုနာထံ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ အသင္းရဲ႕ အဓိက ကစားသမား တဦး အျဖစ္ ေျခစြမ္းျပ ကစားထားႏိုင္ေပမယ့္ ဘ႑ာေရး အခက္အခဲနဲ႔ ႀကဳံေတြ႕ေနရတဲ့ ဘာစီလိုနာက သူ႔ကို သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကး တရပ္နဲ႔ ေရာင္းထုတ္ဖို႔ ႀကိဳးစားခဲ့ၿပီး သူ႔ရဲ႕ ဆရာေဟာင္း အဲရစ္ တန္ဟက္ဂ္ ရွိေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ကလည္း သူ႔ကို ေခၚယူဖို႔ အသည္းအသန္ ႀကိဳးစားခဲ့ပါတယ္။
ဒါေပမယ့္ ဒီေဂ်ာင္က ခ်န္ပီယံလိဂ္ ကန္ခ်င္တာေၾကာင့္ ယူ႐ိုပါလိဂ္ဝင္ခြင့္သာ ရထားတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ဖို႔ ျငင္းဆန္ကာ ဘာစီလိုနာမွာပဲ ဆက္လက္ ကစားခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္က သူ ပါဝင္ ကစားေနတဲ့ ဘာစီလိုနာကို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ ကေန ျဖဳတ္ခ်ထားသလို ကာရာေဘာင္း ခ်န္ပီယံလည္း ျဖစ္ထားကာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရဖို႔လည္း ေသခ်ာသေလာက္ ရွိေနပါတယ္။
ဒီေဂ်ာင္က မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေျပာင္းေ႐ႊ႕ႏိုင္မယ့္ အခြင့္အေရးကို ျငင္းဆန္ခဲ့ဖူးေပမယ့္ တန္ဟက္ဂ္နဲ႔ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အေျပာင္းအေ႐ႊ႕ တာဝန္ခံေတြက လာမယ့္ ေႏြေဈးကြက္မွာ ဒီေဂ်ာင္ကို ေခၚယူရန္ ႀကိဳးစားဖို႔ စီစဥ္ေနဆဲ ျဖစ္ၿပီး ဘာစီလိုနာကလည္း ဘ႑ာေရး အၾကပ္အတည္းကို ေျဖရွင္းဖို႔ ဒီေဂ်ာင္ကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၀သန္း ဝန္းက်င္နဲ႔ ေရာင္းထုတ္ခ်င္ေနပါေသးတယ္။
ယုံၾကည္ စိတ္ခ်ရတဲ့ သတင္းေထာက္ အဲလက္စ္ ခေရာ့ရဲ႕ ေဖာ္ျပခ်က္အရ ဒီေဂ်ာင္က မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တိုးတက္လာမႈေတြကို အေတာ္ေလး သေဘာက်ေနသလို ယူႏိုက္တက္ရဲ႕ အမာခံ ကြင္းလယ္ခံစစ္ ကစားသမား ကတ္စ္မဲ႐ိုးနဲ႔ တြဲဖက္ ကစားဖို႔ စိတ္ကူးရွိေနတာေၾကာင့္ လာမယ့္ ေႏြေဈးကြက္မွာသာ မန္ခ်က္စတာ ယူႏိုက္တက္ဘက္က သူ႔ကို ကမ္းလွမ္းလာရင္ လက္ခံဖို႔ စဥ္းစားထားေၾကာင္း သိရပါတယ္။ လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တာဝန္ရွိသူ တခ်ိဳ႕က လာမယ့္ ေႏြေဈးကြက္ အတြင္းမွာ ေခၚယူမယ့္ ပစ္မွတ္ ကစားသမား စာရင္းကို ျပင္ဆင္ေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္နည္းျပ တန္ဟက္ဂ္က ဗဟိုကြင္းလယ္လူ တဦး ၊ အေထာင္တိုက္စစ္မႉး တဦးနဲ႔ ဗဟိုခံစစ္မႉး တဦးတို႔ကို ေခၚယူဖို႔ စဥ္းစားထားပါတယ္။
crd
unicode
သရဲနီ tankကြီးနဲ့တွဲကစားချင်လို့ မန်ယူကို ဂဂျီဂဂျောင်မကျဖို့ စဥ်းစားနေပြီဖြစ်တဲ့ အရုပ်ကလေး ဒီဂျောင်
စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က သူ့ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အသည်းအသန် ကြိုးပမ်းခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ လာမယ့် နွေဈေးကွက်မှာ ပြောင်းရွှေ့ဖို့ စတင် စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksport သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က အေဂျက်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပေမယ့် ဘဏ္ဍာရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ဘာစီလိုနာက သူ့ကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပြီး သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ဒီဂျောင်က ချန်ပီယံလိဂ် ကန်ချင်တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်သာ ရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ကာ ဘာစီလိုနာမှာပဲ ဆက်လက် ကစားခဲ့ပြီး ယခုအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်က သူ ပါဝင် ကစားနေတဲ့ ဘာစီလိုနာကို ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ဖြုတ်ချထားသလို ကာရာဘောင်း ချန်ပီယံလည်း ဖြစ်ထားကာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့လည်း သေချာသလောက် ရှိနေပါတယ်။
ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့ဖူးပေမယ့် တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေဈေးကွက်မှာ ဒီဂျောင်ကို ခေါ်ယူရန် ကြိုးစားဖို့ စီစဉ်နေဆဲ ဖြစ်ပြီး ဘာစီလိုနာကလည်း ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ချင်နေပါသေးတယ်။
ယုံကြည် စိတ်ချရတဲ့ သတင်းထောက် အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုးတက်လာမှုတွေကို အတော်လေး သဘောကျနေသလို ယူနိုက်တက်ရဲ့ အမာခံ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးနဲ့ တွဲဖက် ကစားဖို့ စိတ်ကူးရှိနေတာကြောင့် လာမယ့် နွေဈေးကွက်မှာသာ မန်ချက်စတာ ယူနိုက်တက်ဘက်က သူ့ကို ကမ်းလှမ်းလာရင် လက်ခံဖို့ စဉ်းစားထားကြောင်း သိရပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူမယ့် ပစ်မှတ် ကစားသမား စာရင်းကို ပြင်ဆင်နေပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဗဟိုကွင်းလယ်လူ တဦး ၊ အထောင်တိုက်စစ်မှူး တဦးနဲ့ ဗဟိုခံစစ်မှူး တဦးတို့ကို ခေါ်ယူဖို့ စဉ်းစားထားပါတယ်။