သရဲနီေဟာင္းတစ္ဦးႏွင့္ျပန္လည္ပူးေပါင္းႏိုင္ခဲ့ၿပီျဖစ္တဲ့ပရိသတ္အခ်စ္ေတာ္ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း နာနီ

သရဲနီေဟာင္းတစ္ဦးႏွင့္ျပန္လည္ပူးေပါင္းႏိုင္ခဲ့ၿပီျဖစ္တဲ့ပရိသတ္အခ်စ္ေတာ္ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း နာနီ

တစ္ခ်ိန္ကယူႏိုက္တက္ေတာင္ပံတိုက္စစ္ရဲ႕ ၾကယ္ပြင့္ ျဖစ္ခဲ့တဲ့ ေပၚတူဂီလက္ေ႐ြးစင္ကစားသမားေဟာင္းနာနီဟာအခုႏွစ္ေဘာလုံးရာသီအစပိုင္းမွာေမဂ်ာလိဂ္ကလပ္အသင္းေအာလန္ဒိုအသင္းမွစာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္မွာေတာ့ေခၚယူမယ့္အသင္းမရွိလို႔ကစားသမားဘဝကအနားယူဖို႔အထိေတာင္စဥ္းစားခဲ့ပါေသးတယ္။ဒါေပမယ့္နာနီတစ္ေယာက္အသက္ႀကီးေသာ္လည္းကံေပၚခဲ့ပါၿပီ။မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမားျဖစ္ခဲ့ဖူးတဲ့ ေတာင္ပံကစားသမားနာနီဟာ စီးရီးေအကလပ္ ဗီနီဇီယာအသင္းကို ကာလတိုစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ပါတယ္။

 

ေပၚတူဂီလက္ေ႐ြးစင္ေဟာင္းဟာ ေမဂ်ာလိဂ္ကလပ္ ေအာ္လန္ဒိုစီးတီးနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ ခ်က္ခ်င္းဆိုသလိုပဲ အသင္းသစ္ရရွိခဲ့တာျဖစ္ၿပီး ဥေရာပကို တေက်ာ့ျပန္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဗီနီဇီယာနဲ႔ ေဆးစစ္မႈေတြကို နာနီက ေအာင္ျမင္စြာျပဳလုပ္ႏိုင္ခဲ့ၿပီးျဖစ္ကာ အသင္းအတြက္ ကစားေပးဖို႔ အသင့္ျဖစ္ေနၿပီလည္းျဖစ္ပါတယ္။ ဒီအေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ယက္ကတဆင့္ နာနီကအသိေပးထားၿပီး ဘိုေလာ့ဂ္နာ၊ ဂ်ီႏိုအာတို႔ကလည္း သူ႔ကိုကမ္းလွမ္းခဲ့ေပမယ့္ ဗီနီဇီယာကိုသာ ေ႐ြးခ်ယ္ခဲ့ၿပီး အဆိုပါအသင္းမွာ ယူႏိုက္တက္ဂိုးသမားေဟာင္း႐ိုမဲ႐ိုးလည္း ပါဝင္ကစားေနတာျဖစ္ပါတယ္။႐ိုမဲ႐ိုးဟာ 2015မွာ ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး၊ ငါးႏွစ္ေက်ာ္အၾကာ ဒီဂီယာရဲ႕ အရံအျဖစ္ယူႏိုက္တက္ႏွင့္အတူရွိခဲ့ၿပီး ယူႏိုက္တက္ႏွင့္အတူ ကစားခဲ့တဲ့ပြဲ (61)ပြဲ ရွိကာ၊ ေပးဂိုး -(27)ဂိုး သာ ေပးထားရပါတယ္။Clean Sheet ဟာ (39)ပြဲ ထိရွိခဲ့ပါတယ္။အခုဆိုရင္ ႐ိုမဲ႐ိုးဟာ အသင္းသစ္ကိုေရာက္ရွိခ်ိန္မွ စတင္ကာနံပါတ္တစ္ဂိုးသမားအျဖစ္ ပြဲစဥ္တိုင္းမွာပြဲထြက္ကစားသမားအျဖစ္ကစားခြင့္ရရွိေနပါတယ္။

 

ေမဂ်ာလိဂ္မွာ ၈၇ ပြဲကစားေပးခဲ့ၿပီး ၃၁ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ နာနီဟာ စီးရီးေအကလပ္လာဇီယိုမွာ ကစားခဲ့ဖူးသူျဖစ္ကာ ၂၅ ပြဲမွာ ၃ ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ သူ က်င္လည္ခဲ့ဖူးရာ လိဂ္တခုျဖစ္လို႔ နာနီအတြက္ အခက္အခဲသိပ္မရွိေလာက္ေပမယ့္လည္း ကစားသမားရဲ႕ အသက္အ႐ြယ္ကေတာ့ ထည့္သြင္းစဥ္းစားရမွာျဖစ္ၿပီး ေျခစြမ္းျပႏိုင္မလားဆိုတာ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။နာနီဟာ ယူႏိုက္တက္ ကစားသမားဘဝမွာ စေကးႂကြယ္ၿပီးလ်င္ျမန္တဲ့ေတာင္ပံကစားသမား တစ္ေယာက္အျဖစ္ ပရိသတ္အႀကိဳက္ျဖစ္ခဲ့ပါတယ္။

 

ယူႏိုက္တက္မွာ ကစားစဥ္အတြင္း ပြဲေပါင္း ၂၃၀ မွာ သြင္းဂိုး ၄၁ ဂိုးနဲ႔ ဖန္တီးမႈ ၇၃ ႀကိမ္စြမ္းေဆာင္ႏိုင္ခဲ့ၿပီး၊ပရီးမီးယားလိဂ္ ၄ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္တစ္ႀကိမ္ အပါအဝင္ စုစုေပါင္း ဆုဖလား ၈ လုံးထိ ရရွိခဲ့ပါတယ္။ဗီနီဇီယာကလည္း နာနီလို အေတြ႕အႀကဳံရင့္ကစားသမားတဦးကိုေခၚယူႏိုင္ခဲ့လို႔ ဝမ္းသာမိေၾကာင္း ေျပာဆိုခဲ့ၿပီး သူတို႔ရဲ႕ စီးရီးေအမွာ တင္က်န္ေနရစ္ေရး ရည္မွန္းခ်က္ကို နာနီက အကူအညီေပးႏိုင္ဖို႔လည္း ေမွ်ာ္လင့္ေနေၾကာင္း Football Italia က ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြ သေဘာက်ႏွစ္ၿခိဳက္ခဲ့ၾကတဲ့ နာနီအတြက္တစ္ေက်ာ့ျပန္ ဥေရာပခရီးစဥ္က ဘယ္ေလာက္အထိစြမ္းေဆာင္ျပႏိုင္အုံးမလဲဆိုတာက ေစာင့္ၾကည့္ခ်င္စရာပါပဲ။
crd

unicode

သရဲနီဟောင်းတစ်ဦးနှင့်ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီဖြစ်တဲ့ပရိသတ်အချစ်တော်ယူနိုက်တက်ကြယ်ပွင့်ဟောင်း နာနီ

တစ်ချိန်ကယူနိုက်တက်တောင်ပံတိုက်စစ်ရဲ့ ကြယ်ပွင့် ဖြစ်ခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟောင်းနာနီဟာအခုနှစ်ဘောလုံးရာသီအစပိုင်းမှာမေဂျာလိဂ်ကလပ်အသင်းအောလန်ဒိုအသင်းမှစာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မှာတော့ခေါ်ယူမယ့်အသင်းမရှိလို့ကစားသမားဘဝကအနားယူဖို့အထိတောင်စဉ်းစားခဲ့ပါသေးတယ်။ဒါပေမယ့်နာနီတစ်ယောက်အသက်ကြီးသော်လည်းကံပေါ်ခဲ့ပါပြီ။မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်ခဲ့ဖူးတဲ့ တောင်ပံကစားသမားနာနီဟာ စီးရီးအေကလပ် ဗီနီဇီယာအသင်းကို ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဟောင်းဟာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးနဲ့ လမ်းခွဲခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပဲ အသင်းသစ်ရရှိခဲ့တာဖြစ်ပြီး ဥရောပကို တကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဗီနီဇီယာနဲ့ ဆေးစစ်မှုတွေကို နာနီက အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကာ အသင်းအတွက် ကစားပေးဖို့ အသင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။ ဒီအကြောင်းကို သူ့ရဲ့လူမှုကွန်ယက်ကတဆင့် နာနီကအသိပေးထားပြီး ဘိုလော့ဂ်နာ၊ ဂျီနိုအာတို့ကလည်း သူ့ကိုကမ်းလှမ်းခဲ့ပေမယ့် ဗီနီဇီယာကိုသာ ရွေးချယ်ခဲ့ပြီး အဆိုပါအသင်းမှာ ယူနိုက်တက်ဂိုးသမားဟောင်းရိုမဲရိုးလည်း ပါဝင်ကစားနေတာဖြစ်ပါတယ်။ရိုမဲရိုးဟာ 2015မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး၊ ငါးနှစ်ကျော်အကြာ ဒီဂီယာရဲ့ အရံအဖြစ်ယူနိုက်တက်နှင့်အတူရှိခဲ့ပြီး ယူနိုက်တက်နှင့်အတူ ကစားခဲ့တဲ့ပွဲ (61)ပွဲ ရှိကာ၊ ပေးဂိုး -(27)ဂိုး သာ ပေးထားရပါတယ်။Clean Sheet ဟာ (39)ပွဲ ထိရှိခဲ့ပါတယ်။အခုဆိုရင် ရိုမဲရိုးဟာ အသင်းသစ်ကိုရောက်ရှိချိန်မှ စတင်ကာနံပါတ်တစ်ဂိုးသမားအဖြစ် ပွဲစဉ်တိုင်းမှာပွဲထွက်ကစားသမားအဖြစ်ကစားခွင့်ရရှိနေပါတယ်။

မေဂျာလိဂ်မှာ ၈၇ ပွဲကစားပေးခဲ့ပြီး ၃၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ နာနီဟာ စီးရီးအေကလပ်လာဇီယိုမှာ ကစားခဲ့ဖူးသူဖြစ်ကာ ၂၅ ပွဲမှာ ၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ ကျင်လည်ခဲ့ဖူးရာ လိဂ်တခုဖြစ်လို့ နာနီအတွက် အခက်အခဲသိပ်မရှိလောက်ပေမယ့်လည်း ကစားသမားရဲ့ အသက်အရွယ်ကတော့ ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး ခြေစွမ်းပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။နာနီဟာ ယူနိုက်တက် ကစားသမားဘဝမှာ စကေးကြွယ်ပြီးလျင်မြန်တဲ့တောင်ပံကစားသမား တစ်ယောက်အဖြစ် ပရိသတ်အကြိုက်ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်မှာ ကစားစဉ်အတွင်း ပွဲပေါင်း ၂၃၀ မှာ သွင်းဂိုး ၄၁ ဂိုးနဲ့ ဖန်တီးမှု ၇၃ ကြိမ်စွမ်းဆောင်နိုင်ခဲ့ပြီး၊ပရီးမီးယားလိဂ် ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၈ လုံးထိ ရရှိခဲ့ပါတယ်။ဗီနီဇီယာကလည်း နာနီလို အတွေ့အကြုံရင့်ကစားသမားတဦးကိုခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာမိကြောင်း ပြောဆိုခဲ့ပြီး သူတို့ရဲ့ စီးရီးအေမှာ တင်ကျန်နေရစ်ရေး ရည်မှန်းချက်ကို နာနီက အကူအညီပေးနိုင်ဖို့လည်း မျှော်လင့်နေကြောင်း Football Italia က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေ သဘောကျနှစ်ခြိုက်ခဲ့ကြတဲ့ နာနီအတွက်တစ်ကျော့ပြန် ဥရောပခရီးစဉ်က ဘယ်လောက်အထိစွမ်းဆောင်ပြနိုင်အုံးမလဲဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။
crd

Add a Comment

Your email address will not be published. Required fields are marked *